LoL လောကထဲကို စတင် ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ Team Secret

Dota 2 လောကမှာ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ Team Secret အနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က လူငယ် ကစားသမား အများစု ဖွဲ့စည်းထားတဲ့ CSGOအသင်း တစ်သင်းကို ဝယ်ယူပြီး CSGO လောကထဲကို ဝင်ရောက်ခဲ့သလို ယခုအါမှာတော့ LoL လောကထဲကိုပါ စတင် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Team Secret အနေနဲ့ Vietnam Championship Series (VCS) ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ချက်ရှိတဲ့ Lowkey Esports LoL အသင်းကို ဝင်ယူပြီး LoL လောကထဲကို စတင် ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်ပိုင် Social Medial Channels တွေကနေ တစ်ဆင့် ကြေငြာပေးခဲ့ပါတယ်။

ပြိုင်ပွဲကြီး အများစုမှာ အသင်းသစ်တွေ အတွက် နေရာလွတ် မရှိတော့တဲ့အပြင် ပြိုင်ပွဲကြီးတွေမှာ ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ အသင်းတွေကို ဝယ်ယူမယ် ဆိုရင်လည်း ဒေါ်လာပေါင်း မြောက်များစွာ ကုန်ချဖွယ် ရှိတာကြောင့် Team Secret အနေနဲ့ VCS ပြိုင်ပွဲဝင် LoL အသင်းတစ်သင်းကို စျေးသက်သက်သာသာနဲ့ ဝယ်ယူပြီး LoL လောကရဲ့ အခြေအနေကို စတင် စနည်းနာခဲ့ခြင်း ဖြစ်တယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ထားကြပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံ အခြေစိုက် VCS ပြိုင်ပွဲဟာ ကမ္ဘာအနှံ့မှာ ကျင်းပလျက်ရှိတဲ့ LoL ပြိုင်ပွဲတွေ အထဲမှာ ပဥ္စမမြောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲတစ်ခုလည်း ဖြစ်သလို Lowkey Esports LoL အသင်း အနေနဲ့လည်း 2019 World Championships Play-in Playoffs အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် Team Secret အနေနဲ့ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်မှာ Team Secret LoL အသင်း အနေနဲ့ VCS ပြိုင်ပွဲရဲ့ စတုတ္ထမြောက် ရက်သတ္တပတ် ပြီးဆုံးသွားစဥ် အချိန်မှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး အဆင့် ၄ နေရာမှာ ရပ်တည်လျက် ရှိတာကြောင့် ကျန်ရှိနေတဲ့ ပွဲစဥ်တွေမှာ အနိုင်ရလဒ်တွေကို ဖော်ဆောင်နိုင်ပြီး ဇယားထိပ်ကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Team Secret LoL အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Top – Hani, Coated, Akame
  • Jungle – DNK
  • Mid – Artifact, Pampy
  • ADC – Celebrity, Eddie
  • Support – Venus, Yin
  • Coach – Nixwater
  • Analyst – KingJ

REF: VpEsports