ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Team Sirius

တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း Team Sirius အနေနဲ့ 2019-2020 DPC ရာသီ စတင်စဥ် အချိန်ကတည်းက ဒေသတွင်း လက်ရည်စစ်ပွဲ အများစုမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို တရုတ်ဒေသတွင်း ပြိုင်ပွဲတွေမှာလည်း ရှုံးပွဲတွေနဲ့သာ ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် Team Sirius Dota 2 အသင်း အနေနဲ့ Carry ကစားသမား ဖြစ်သူ Lin “Doodle” Zikai နဲ့ Pos 5 (Support) ကစားသမားဖြစ်သူ Cheng “Mad” Han တို့ကို ထုတ်ပယ်ပြီး Serenity Dota 2 အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ Xiao “XCJ” Chaojian နဲ့ EHome Dota 2 အသင်းရဲ့ ကစားသမားဖြစ်သူ Wang “Old Chicken” Zhiyong တို့ကို ခေါ်ယူခဲ့ပါတယ်။

Old Chicken

Old Chicken ဆိုတာကတော့ Dota 2 ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးဖြစ်သလို EHome Dota 2 အသင်းမှာ အချိန်ကာလ ကြာမြင့်စွာ ကစားခဲ့ပြီး ယခင်အချိန်တွေတုန်းက အောင်မြင်မှု‌ပေါင်း မြောက်များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Old Chicken အနေနဲ့ The International 2018 ပြိုင်ပွဲ ဒေသတွင်း လက်ရည်စစ်ပွဲ စတင် ကျင်းပခဲ့စဥ် အချိန်က စတင်ကာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး 2018-2019 DPC ရာသီမှာ Keen Gaming Dota 2 အသင်းကို ပြောင်းရွေ့ ကစားခဲ့ပါတယ်။

Old Chicken

Old Chicken အနေနဲ့ အသင်းသစ်ဖြစ်တဲ့ Keen Gaming နဲ့အတူ အောင်မြင်မှု အချို့ကို စွတ်ခူးနိုင်ခဲ့ပေမယ့် The International 2019 ပြိုင်ပွဲကြီးမှာ အဆင့် (13th – 16th) ဖြင့်သာ ကျေနပ်ခဲ့ရသလို TI 9 ပြိုင်ပွဲ ပြီးဆုံးချိန်မှာ Dota 2 လောကကနေ ကွယ်ပျောက် သွားခဲ့ပြီး ယခုအခါမှသာ Team Sirius Dota 2 အသင်းရဲ့ Carry ကစားသမား အဖြစ် Dota 2 လောက အထဲကို ပြန်လည် ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။

XCJ ဆိုတာကတော့ The International 2018 ပြိုင်ပွဲမှာ အသင်းကြီးတွေကို အခက်တွေ့အောင် ပြုလုပ်နိုင်ခဲ့တဲ့ Serenity Dota 2 အသင်းရဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Team Sirius အနေနဲ့ အခုလို အတွေ့အကြုံရှိ ကစားသမား နှစ်ဦးကို ခေါ်ယူပြီး အသင်း အင်အားကို ဖြည့်တင်းနိုင်ခဲ့တာကြောင့် နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

XCJ

Team Sirius Dota 2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းက‌တော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Old Chicken – Pos 1
  • Dstones – Pos 2
  • Doelm – Pos 3
  • Hym – Pos 4
  • XCJ – Pos 5
  • Lanm - Coach

REF: VpEsports