TI 9 အထိမ်းအမှတ် True Sight ပြပွဲကြီးကို ဇန်နဝါရီလ ၂၈ ရက်နေ့ ဘာလင်မြို့တော်မှာ ပြသသွားမည်

ပြီးခဲ့တဲ့နှစ် TI 8 True Sight ပြပွဲကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့ ကိုပင်ဟေဂင်မြို့တော်၊ ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ယခုအခါမှာတော့ TI 9 အထိမ်းအမှတ် True Sight ပြပွဲကြီးကို ပြသသွားမယ့် နေ့ရက်နဲ့ တည်နေရာတို့ကို တရားဝင် ထုတ်ပြန် ကြေငြာပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

TI 8 True Sight

TI 9 True Sight ပြပွဲကြီးကို ဇန်နဝါရီလ ၂၈ ရက် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်၊ ဘေဘီလုံ ကဇာတ်ရုံမှာ ပြသသွားမှာ ဖြစ်ပါတယ်။ TI 9 Ture Sight ပြပွဲကြီးကို 7:00 Pm CET (မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲ) မှာ တိုက်ရိုက် ပြသသွားမှာဖြစ်ပြီး Steam TV, Twitch Channel တို့ကနေ တစ်ဆင့်လည်း တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တိုက်ရိုက်ကြည့်ရှုခွင့်ကို ဆုံးရှုံးခဲ့ရမယ် ဆိုရင်လည်း ပြပွဲ ပြီးဆုံးသွားတဲ့ အချိန်မှာ Dota 2 YouTube Channel ကနေ တစ်ဆင့် ပြန်လည် ကြည့်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။

TI 9 True Sight ပြပွဲကို TI 9 ချန်ပီယံ အသင်းသားတွေဖြစ်တဲ့ OG Dota 2 အသင်းရဲ့ အသင်းသားတွေနဲ့အတူ The International 2019 ပြိုင်ပွဲကြီးမှာ ဒုတိယဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ယခင် Team Liquid (ယခု Nigma) အသင်းသားတွေလည်း တက်ရောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် TI 9 Ture Sight ပြပွဲမှာ အစီအစဉ် တင်ဆက်သူများအဖြစ် TI 9 Grand Final Casters တွေဖြစ်တဲ့ ODPixel, Fogged တို့မှ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး Dota 2 လောကရဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ Kaci နဲ့ SirActionSlacks တို့မှ ပါဝင် ကူညီ အားဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။

ODPIXEL & FOGGED

တကယ်လို့ သင့်အနေနဲ့ TI 9 True Sight ပြပွဲကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်၊ ဘေဘီလုံ ကဇာတ်ရုံမှာ တိုက်ရိုက် သွားရောက် ကြည့်ရှုချင်တယ် ဆိုရင်တော့ ဇန်နဝါရီလ ၆ ရက်နေ့က စတင်ပြီး ဝင်ခွင့် လက်မှတ်များကို အဖိုးနှုန်းထား ယူရို ၁၀ ဖြင့် ဝယ်ယူ ကြည့်ရှုနိုင်မှာဖြစ်ကြောင်း ဒီနေရာကနေ သတင်းကောင်းပါးလိုက်ပါတယ်။

REF: VpEsports