TikTok မှာနာမည်ကြီးတဲ့ Chase Keith အကြောင်းတစေ့တဆောင်း

လူငယ်တွေရဲ့ကြားမှာရော အိမ်တွင်းအောင်းနေတဲ့ကာလတွေမှာအခုခေတ်စားလာတဲ့ App တစ်ခုဖြစ်တဲ့ Tiktok  ဟာလူတိုင်းရဲ့အမြင်မှာဟာသတစ်ခုကိုဖန်တီးနေကြသလိုဖြစ်သလို Entertainment တွေနဲ့ပြည့်နေတဲ့ Socail Platform တစ်ခုဆိုလည်းမမှားပါဘူး။ဆော့ရတာထင်သလောက်လည်းမလွယ်သလို၊ Tiktok မှာနာမည်ကြီးဖို့ဆိုတာလည်းမလွယ်ကူပါဘူး။အဲ့ဒီအထဲမှာမှ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ Tiktok ဆော့ရင်းနဲ့ေ့ကာင်မလေးတွေရဲ့အသဲစွဲလို့လည်းပြောလို့ရတဲ့  Chase Keith ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပြောပြပေးချင်ပါတယ်။

Chase ဟာ Tiktok မပေါ်ခင်က Musical.ly ဆိုတဲ့ Social App ပေါ်မှာလည်းခေတ်စားခဲ့ပါသေးတယ်။အဲ့ဒီမှာလည်း 4.5 million followerရ ရှိခဲ့ပါသေးတယ်။ Chase ရဲ့ Fan Girl တစ်ယောက်ကလည်းသူ့ရဲ့ Q&A အစီစဉ်မှာလည်း သူဟာ Gay လားဆိုပြီးအမေးခံရပါသေးတယ်။ဒါပေမဲ့ Chase ကတော့ Gay မဟုတ်ပါဘူးလို့လည်းပြန်ဖြေကြားခဲ့ပါသေးတယ်။

Chase ရဲ့ Nickname ကတော့ Sneeze Boy ဆိုပြီးသူရဲ့ Tiktok Video တွေမှာ 285k Likes တောင်ရရှိပါတယ်နော်။သူကကလေးရုပ်လေးဆိုပေမယ့် ကောင်မလေးတွေရဲ့ အသဲစွဲTiltok Idol တစ်ယောက်ဆိုလည်းမမှားပါဘူး။ 2019 ခုနှစ်မှာတော့ Spring Breakaway Movie မှာလည်း Main Charactor အနေနဲ့ပါဝင်ခဲ့ပါတယ်။သူက Caustic's Youth ဆိုပြီး Clothing Brand လည်းထွက်ရှိထားပါသေးတယ်။

Photo Credit -Pinterest

Kelly (Akhayar Lifestyle)