ESL One LA လက်ရည်စစ်ပွဲမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ TNC Predator

2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို 2019-2020 DPC Ranking ရဲ့ ထိပ်ဆုံးနေရာမှာ စုစုပေါင်း ရမှတ် ၅၃၀၀ နဲ့ ရပ်တည်နေတဲ့ SEA အခြေစိုက် နာမည်ကျော် Dota 2 အသင်း TNC Predator ကတော့ တတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ ESL One LA Major မှာ တိုက်ရိုက် ယှဥ်ပြိုင်ခွင့် ရရှိမယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

TNC Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီ စတင်စဥ် အချိန်ကတည်းက ပြိုင်ပွဲပေါင်းစုံမှာ လက်မလွှတ်တမ်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့သလို 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲ MDL Chengdu မှာလည်း ပထမဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Outlanders Update ထွက်ရှိပြီး နောက်ပိုင်းမှာ TNC Dota 2 အသင်းရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းခဲ့သလို Dream League Season 13 Major ပြိုင်ပွဲမှာ အဆင့် 7th – 8th နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
Dream League Season 13 မှာ Outlanders Update နဲ့ အသားမကျသေးလို့ အခုလို ကျရှုံးခဲ့ရတာလို့ TNC Dota 2 အသင်း ပရိသတ်တွေ အနေနဲ့ ထင်မြင် ယူဆခဲ့ကျပေမယ့်လည်း Outlanders Update ထွက်ရှိပြီး အချိန် အနည်းငယ် ကြာမြင့်မှ ယှဥ်ပြိုင်ခဲ့ရတဲ့ ESL One LA Major လက်ရည်စစ်ပွဲမှာလည်း TNC Dota 2 အသင်း အနေနဲ့ ထပ်မံ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

TNC Dota 2 အသင်း အနေနဲ့ ESL One LA Major လက်ရည်စစ်ပွဲမှာ Team Adroit, IO Dota 2, Reality Rift, Neo Esports စတဲ့ Dota 2 အသင်းတွေနဲ့ တစ်အုပ်စုတည်း ယှဥ်ပြိုင်ခဲ့ရပြီး Team Adroit ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို ကျန်ရှိနေတဲ့ အသင်း အားလုံးကို သရေ ရလဒ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရမှတ် သုံးမှတ်နဲ့ အဆင့်လေး နေရာမှာသာ ရပ်တည်ခွင့် ရရှိခဲ့ပါတယ်။
အခုလို အဆင့်လေး နေရာမှာသာ ရပ်တည်ခွင့် ရရှိခဲ့တာကြောင့် TNC Dota 2 အသင်း အနေနဲ့ ESL One LA Major မှာ တိုက်ရိုက် ယှဥ်ပြိုင်ခွင့် ရရှိမယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးလိုက်ရပြီ ဖြစ်ပေမယ့် 2019-2020 DPC ရာသီရဲ့ တတိယမြောက် Minor ပြိုင်ပွဲ StarLadder ImbaTV Minor S3 လက်ရည်စစ်ပွဲမှာတော့ ဆက်လက် ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် StarLadder Imba TV Minor မှာ SEA ကိုယ်စားပြု Dota 2 အသင်း တစ်သင်းသာ ဝင်ရောက် ယှဥ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် TNC Dota 2 အသင်း အနေနဲ့ လက်ရည်စစ်ပွဲမှာ ထပ်မံ ရုန်းကန်သွားရနိုင်သလို ခြေချော်လက်ချော် ဖြစ်ခဲ့မယ်ဆိုရင် တတိယမြောက် Major/ Minor ပြိုင်ပွဲ နှစ်ခုလုံးမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း EU အခြေစိုက် Dota 2 အသင်း Nigma အနေနဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ WePlay! Bukovel Minor မှာ အနိုင်ရ ဗိုလ်စွဲပြီး DreamLeague Season 13 မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့တာကြောင့် TNC Dota 2 အဖွဲ့သားတွေ အနေနဲ့လည်း လက်ရည်စစ်ပွဲကို ကျော်ဖြတ်ပြီး StarLadder Imba TV Minor S3 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲကာ ESL One LA Major ပြိုင်ပွဲကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: DotEsports