SEA Server မှာ Rank Match ကစားရခြင်းနဲ့ ပတ်သတ်ပြီး ရင်ဖွင့်လာခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Topson

SEA Server မှာ Rank Match ကစားရခြင်းနဲ့ ပတ်သတ်ပြီး ရင်ဖွင့်လာခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Topson

The International 2018, The International 2019 စတဲ့ Dota2 လောကရဲ့ အခမ်းနားဆုံး ပြိုင်ပွဲကြီး နှစ်ခုမှာ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ Topson ကတော့ SEA Server မှာ Rank Match ကစားရခြင်းရဲ့ အခက်အခဲတွေကို ရင်ဖွင့်လာခဲ့ပြီ ဖြစ်ပါတယ်။

Topson အနေနဲ့ လက်ရှိအချိန်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မလေးရှားနိုင်ငံမှာ ပိတ်မိလျက်ရှိပြီး OG Dota2 အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့တာကြောင့် SEA Rank Match တွေမှာ ကစားရင်းနဲ့ COVID-19 ကပ်ဘေးသင့် ကာလရဲ့ အချိန်အများစုကို ကုန်ဆုံးလျက် ရှိပါတယ်။

SEA Server ဟာ အဆိပ်အတောက် အဖြစ်ဆုံး Dota2 Server တွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ် နာမည် ကျော်ကြားလျက် ရှိတာနဲ့ အညီ TI နှစ်ထပ်ကွမ်း ချန်ပီယံ Topson တစ်ယောက် SEA Server ရဲ့ အဆိပ်အတောက်ဖြစ်မှုတွေကို အနည်းနဲ့အများ ခံစားရလျက် ရှိပါတယ်။

ဒါ့အပြင် SEA Server မှာ Rank Match တွေ ကစားရခြင်းနဲ့ ပတ်သတ်ပြီး Topson အနေနဲ့ အခုလို ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

“ကျွန်တော် အမှန်အတိုင်း ဝန်ခံရရင် SEA Server မှာ ကစားရတဲ့ ပွဲစဉ်တွေဟာ တကယ်ကို အပြောင်းအလဲ မြန်လွန်းပါတယ်။ တကယ်လို့ ပွဲစဉ် အစပိုင်း (၅) မိနစ် အတွင်းမှာ ပြိုင်ဘက် အသင်းကို အပြတ်အသတ် အနိုင်ယူနိုင်ခြင်း မရှိခဲ့ဘူးဆိုရင် တစ်ပွဲလုံး ရှုံးဖို့သာ ပြင်ထားပေတော့ပါပဲ။ ကိုယ့်အသင်း ကစားသမားတွေကလည်း ပြန်လည် အနိုင်ယူဖို့ အတွက် ထိန်းကစားတော့မှာ မဟုတ်ပါဘူး။”

Topson အနေနဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မလေးရှားနိုင်ငံ အတွင်းမှာ ပိတ်မိလျက်ရှိတာကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိတဲ့ ကာလ အတွင်းမှာ SEA Server မှာ ကစားရခြင်းရဲ့ ဒုက္ခတွေကို TI နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ယောက် ကျော်ဖြတ်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming