Rakuten Viber မှ Flagship လုပ်ဆောင်ချက်အသစ် My Notes အား မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း messaging apps များထဲမှတစ်ခုဖြစ်တဲ့  Rakuten Viber မှ လုပ်ဆောင်ချက်အသစ်ဖြစ်သည့် My Notes အား မိတ်ဆက်ခဲ့ပါတယ်။  Viber App အသုံးပြုသူများအနေနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာများ နဲ႔ ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များအား တိတိကျကျ လုပ်ဆောင်လာနိုင်စေရန် ရည်ရွယ်ပြီး Viber App အသုံးပြုသူများအတွက် ထူးခြားတဲ့ လုပ်ဆောင်ချက်လေးကိုပြသခဲ့တာဖြစ်ပါတယ်။အသုံးပြုသူများ၏ နေ့စဉ်ဘဝတွင် မက်ဆေ့ချ်များလက်ခံခြင်း၊ ဖုန်းခေါ်ဆိုခြင်းများနှင့် ဗွီဒီယိုကြည့်ရှုခြင်းများအား တစ်ချိန်တည်းတပြိုင်နက် လုပ်ဆောင်ခြင်း (Multitasking) ကို အဆက်မပြတ် လုပ်ဆောင်နေကြရပါတယ်။ ဒါ့ကြောင့် အသုံးပြုသူများ၏ ဓာတ်ပုံများ၊ သတိပေးချက်များနှင့် အခြားသော လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် ကြည့်ရှုလုပ်ဆောင်နိုင်ရန် ကူညီပေးသည့်အနေနဲ့  Viber မှ My Notes က တစ်ဖက်တစ်လမ်းက ကူညီပေးမှာဖြစ်ပါတယ်။  အသုံးပြုသူ သန်းတစ်ထောင်ကျော်နှင့် တစ်မိနစ်တိုင်းအတွက် ဝင်ရောက်အသုံးပြုနေသူ ခုနစ်သန်းခန့်တို့ ရှိနေသည့် Viber app ၏ feature အသစ်ဖြစ်သည့် My Notes သည် အသုံးပြုသူများ၏ နိစ္စဓူဝလုပ်ဆောင်ချက်များကို ပိုမို အဆင်ပြေမြန်ဆန်ချောမွေ့စေ မှာဖြစ်ပါတယ်။

"Viber App အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးဖို့က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒီ My Notes ရဲ့ လုပ်ဆောင်ချက်နဲ့ဆိုရင်တော့ အသုံးပြုတွေကို ပိုပြီးအဆင်ပြေစေနိုင်မှာပါ။" ဟု Rakuten Viber ၏ COO ဖြစ်သူ Ofir Eyal မှ ပြောကြားသွားခဲ့သည်။ " ကျွန်တော်တို့ Viber ရဲ့ လျင်မြန်တဲ့ စွမ်းဆောင်ရည်နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လုံခြုံအောင် ကာကွယ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေကြောင့် Viber ကို အသုံးပြုသူတွေဟာ တန်ဖိုးထား ယုံကြည်ပြီးသားဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်က အသုံးပြုသူတွေရဲ့ အတွေးတွေ၊ လိုအင်ဆန္ဒတွေ၊ လုပ်ငန်းဆောင်တာတွေ အားလုံးကို App တစ်ခုတည်းမှာ တစ်စုတစ်စည်းတည်း အလွယ်တကူ မှတ်သားလုပ်ဆောင်နိုင်မှာဖြစ်တာကြောင့် စမ်းသုံးကြည့်ဖို့အတွက် ပြောကြားလိုပါတယ်။" ဟု ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

My Notes ၏ လုပ်ဆောင်ချက် အသစ်တွေအနေနဲ့

လုပ်ဆောင်ရန်စာရင်းပြုလုပ်ဖန်တီးခြင်းနှင့် ပြီးမြောက်သောအခါတွင် ပြန်လည်စစ်ဆေးနိုင်ခြင်း

အနှစ်သက်ဆုံးသော မက်ဆေ့ချ်များ၊ ဗွီဒီယိုများ၊ ဓာတ်ပုံများနှင့် စတေကာများကို တစ်နေရာတည်းတွင် သိမ်းဆည်းထားနိုင်ခြင်း

မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် အစရှိသည့် မည်သည့် ပစ္စည်းကိရိယာနှင့်မဆို တွဲဖက်လုပ်ဆောင်နိုင်ခြင်း

အရေးအကြီးဆုံးသော မှတ်စုများအတွက် သတိပေးချက်ရရှိရန် ပြုလုပ်နိုင်ခြင်း (မကြာမီတွင် လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်)တို့ဖြစ်ပါတယ်။

"My Notes နဲ့ဆိုရင် အသုံးပြုသူတွေဟာ သူတို့ရဲ့ နေ့စဉ်အလုပ်တွေ၊ စာရွက်စာတမ်းတွေ၊ ဓါတ်ပုံတွေနဲ့ စကားပြောဆိုမှုမှတ်တမ်းတွေကို ပိုပြီး အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Rakuten Viber အနေနဲ့  App အသုံးပြုသူရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး နည်းပညာအသစ်တွေကို အဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ Viber ရဲ့ လုပ်ဆောင်ချက် အသစ် My Notes ကို အသုံးပြုသူတိုင်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဟု Viber App ၏ ပုံမှန်အသုံးပြုသူများအပေါ်ထားရှိသည့် ကတိကဝတ်များနှင့် ပတ်သက်၍ Rakuten Viber ၏  အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဈေးကွက်ရှာဖွေရေး အကြီးတန်း ဒါရိုက်တာဖြစ်သူ Anubhav Nayyar မှ ပြောကြားသွားခဲ့ပါတယ်။