Covid-19 ဆိုင်ရာနောက်ဆုံးရသတင်းများအတွက်Viber Community မှ အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်

ကြိုတင်ကာကွယ်ခြင်းနှင့်မှန်ကန်သောလုပ်ဆောင်ချက်များကိုလိုက်နာခြင်းသည်ကမ္ဘာတစ်ဝှမ်းရှိ Covid-19 ရောဂါဖြစ်ပွားမှုတိုးမြင့်လာခြင်းနှင့်နိုင်ငံအတွင်းပြန့်ပွားမှုများကိုထိန်းချုပ်ရပ်တန့်စေနိုင်မည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ထို့ကြောင့်အစိုးရမှလက်ရှိဖြစ်ပွားနေ‌သောအခြေအနေကိုထိန်းချုပ်ရန်အတွက်ပြည်သူများ၏ကျန်းမာရေးနှင့်လုံခြုံစိတ်ချရမှုများအပေါ်တွင်အလေးထားဆောင်ရွက်လျက်ရှိပါသည်။အခြားနိုင်ငံများ၏ Covid-19 အားရင်ဆိုင်တွန်းလှန်သည့်နည်းဗျူဟာများနည်းတူနိုင်ငံတော်သမ္မတရုံး၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အခြားသောဝန်ကြီးဌာနများမှလေးနက်သောလုပ်ဆောင်ချက်များလုပ်‌ဆောင်ခြင်းနှင့်လမ်းညွှန်ဆောင်ရွက်ချက်များထုတ်ပြန်ခြင်းတို့ကိုနိုင်ငံသားများနှင့်အတူဆောင်ရွက်လျှက်ရှိပါသည်။လတ်တလောလုပ်ဆောင်ချက်တစ်ခုမှာနိုင်ငံတော်သမ္မတရုံး၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အခြားဝန်ကြီးဌာနများထုတ်ပြန်ထားသည့်သတင်းအချက်အလက်များကိုစုစည်းဖေါ်ပြထားသည့်Covid-19 ဆိုင်ရာနောက်ဆုံးရအတည်ပြုသတင်းများအချိန်နှင့်တပြေးညီဖော်ပြနိုင်မည့်  Viber Community အားစတင်မိတ်ဆက်ခြင်းဖြစ်သည်။အဆိုပါ community ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာမြန်မာနိုင်ငံရှိ Covid-19 ပျံ့နှံ့မှုဆိုင်ရာနောက်ဆုံးရယုံကြည်စိတ်ချရသောသတင်းအခြေအနေများကိုအချိန်နှင့်တစ်ပြေးညီထုတ်ပြန်သွားရန်ဖြစ်ပြီး၄င်း community အားလူဦးရေသန်းတစ်ထောင်အထိ follow ပြုလုပ်ထားနိုင်မည်ဖြစ်သည်။

Viber တွင်  'COVID-19 INFO Myanmar' ဟု ရိုက်နှိပ်၍ သော်လည်းကောင်း၊ ဤ linkအား နှိပ်၍သော်လည်းကောင်း၊ အောက်ပါ QR code အား ဖုန်းဖြင့် Scan ပြုလုပ်ခြင်းဖြင့် သတင်းများအား အချိန်နှင့် တပြေးညီ စောင့်စား ကြည့်ရှုနိုင်မည် ဖြစ်သည်။