ရွံ့ဘီလူးတွေ (Mudgolems) ကို သုံးပွဲပြတ်ဖြင့် အနိုင်ယူပြီး BTS Pro Series Season 3: EU/ CIS ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Vikin.gg

ဗိုက်ကင်း (Vikin.gg) တွေက ရွံ့ဘီလူးတွေ (Mudgolems) ကို ၃ ပွဲပြတ် အနိုင်ယူခြင်းနဲ့ အတူ BTS Pro Series Season 3: EU/ CIS ပြိုင်ပွဲဟာ အောင်မြင်စွာ အဆုံးသတ်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ BTS Pro Series Season 3: EU/ CIS ပြိုင်ပွဲမှာ ပရို Dota2 အသင်း ၉ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပတ်လည် ပုံစံဖြင့် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အုပ်စုအဆင့်မှာ Fata နဲ့ 33 တို့ ဦးဆောင်တဲ့ Mudgolems အဖွဲ့သားတွေဟာ ၆ ပွဲနိုင်၊ ၂ ပွဲသရေ ရှုံးပွဲမရှိ ရလဒ်ဖြင့် Upper Bracket ကို တက်လှမ်းနိုင်ခဲ့သလို Vikin.gg Dota2 အသင်း အနေနဲ့လည်း ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ဖြင့် Upper Bracket ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Vikin.gg.Boom

Upper Bracket မှာ Vikin.gg အနေနဲ့ Charlie, Supream တို့ ပါဝင်တဲ့ NIP ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို စောစီးစွာ သက်ဆင်းခဲ့ရပေမယ့် Mudgolems ကတော့ Khan ကို (၂-၁) ၊ NIP ကို (၂-၀) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို စောစီးစွာ တက်လှမ်းနိုင်ခဲ့ပါတယ်။

Lower Bracket ကို ဆင်းသက်ခဲ့ရပေမယ့် Vikin.gg ကတော့ ဗိုက်ကင်းတို့ရဲ့ ထုံးစံအတိုင်း လွယ်လွယ်နဲ့ အရှုံးပေးခြင်း မရှိခဲ့ဘဲ 5men ကို နှစ်ပွဲပြတ်၊ Khan ကို (၂-၁) ၊ NIP ကို နှစ်ပွဲပြတ်တို့ဖြင့် ပြန်လည် အနိုင်ယူကာ အုပ်စုအဆင့်မှာ အရှုံးပေးခဲ့ရတဲ့ Mudgolems ကို ပြန်လည် လက်စားချေခွင့် ရရှိမယ့် Grand Final ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

BTS Pro Series Season 3: EU/ CIS ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Vikin.gg အနေနဲ့ Mudgolems ကို အနိုင်ရရှိဖို့ အတွက် Game 2 တစ်ပွဲတည်းသာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ သုံးပွဲပြတ်ဆိုတဲ့ အနိုင်ရလဒ်ဖြင့် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် စွတ်ခူးနိုင်ခဲ့ပါတယ်။

REF: VpEsports