Vitality CSGO အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ ALEX

Alex “ALEX” McMeekin ဆိုတာကတော့ Vitality CSGO အသင်းရဲ့ In-Game Leader တစ်ဦးလည်းဖြစ်၊ Vitality CSGO အသင်းကို ချန်ပီယံဆုပေါင်းများစွာ သိမ်းပိုက်နိုင်အောင် အဓိက နေရာကနေ ကူညီ ဆောင်ရွက် ပေးခဲ့တဲ့ ကစားသမားကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ALEX အနေနဲ့ Vitality CSGO အသင်းရဲ့ ကစားသမား ဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

ALEX အနေနဲ့ Vitality CSGO အသင်းကနေ အနားယူခဲ့ရခြင်း အကြောင်းအရင်းကို အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ် အတွင်းမှာ ကျွန်တော်တို့ (၉) လနီးပါး ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်နိုင်ဖို့ အတွက် နေရာပေါင်းစုံကို ခရီးထွက်ခဲ့ရပါတယ်။ အခုလို နေရာပေါင်းစုံကို ခရီးနှင်ပြီး ပြိုင်ပွဲတွေမှာ သွားရောက် ယှဥ်ပြိုင်ခဲ့ရတဲ့ အတွက် ကျွန်တော် အတော်ကို ပင်ပန်းနေခဲ့ပါပြီ။ နောက်ထပ် ပြိုင်ပွဲတွေမှာ သွားရောက် ယှဥ်ပြိုင်ဖို့ အတွက်လည်း ကျွန်တော့်မှာ စိတ်အားထက်သန်မှုတွေ မရှိတော့ပါဘူး။ ဒါကြောင့် အခုလို ကစားသမား ဘဝကနေ ခေတ္တအနားယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

Team Vitality ဘက်ကလည်း ALEX တစ်ယောက် အသင်းကနေ ထွက်ခွာခြင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

“ALEX အနေနဲ့ ကျွန်တော်တို့ အသင်းကို ရောက်ရှိခဲ့စဥ် အချိန်က စတင်ပြီး အောင်မြင်မှုတွေ စွတ်ခူးနိုင်စေဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့သလို၊ In-Game Leader တစ်ယောက် အဖြစ်လည်း အသင်းသားတွေ အပေါ်‌ ခေါင်းဆောင်ကောင်း ပီသစွာ ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

ယခုအခါမှာ ALEX တစ်ယောက် CSGO ကစားသမား ဘဝကနေ အနားယူခြင်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့တာကြောင့် ALEX ရဲ့ သဘောထားကို လေးစားတဲ့ အနေနဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသင်းရဲ့ In-Game Leader အတွက် ဘယ်သူ့ကို တာဝန်ပေးသွားမယ် ဆိုတာကို ဆုံးဖြတ်ရခြင်း မရှိသေးသလို အစားထိုး ကစားသမားကိုလည်း ရှာဖွေနေစဲပဲ ဖြစ်တာကြောင့် မကြာခင် အချိန်အတွင်းမှာ ပြန်လည် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။”

Vitality CSGO အသင်းရဲ့ လက်ရှိကစာသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Dan “apex” Madesclaire
  • Cedric “RpK” Guipouy
  • Mathieu “ZywOo” Herbaut
  • Richard “shox” Papillon
  • Remy “XTQZZZ” Quoniam (Coach)

REF: VpEsports