အသက် (၁၇) နှစ်အရွယ် ကစားသမား တစ်ဦးကို ခေါ်ယူခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Vitality

အသက် (၁၇) နှစ်အရွယ် ကစားသမား တစ်ဦးကို ခေါ်ယူခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Vitality

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က ပြင်သစ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်း Vitality ရဲ့ Ingame Leader လည်းဖြစ်၊ Vitality CSGO အသင်းနဲ့ အတူ အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်တဲ့ Alex “ALEX” McMeekin တစ်ယောက် Vitality ကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

ALEX

ယခုအခါမှာတော့ Team Vitality အနေနဲ့ ALEX နေရာကို အစားထိုးဖို့ အတွက် ကစားသမားသစ် တစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ALEX နေရာမှာ အစားထိုးဖို့ အတွက် ခေါ်ယူခဲ့တဲ့ ကစားသမားကတော့ အသက် (၁၇) နှစ် အရွယ်သာ ရှိသေးတဲ့ Kevin “Mistuaaa” Rabier ပဲ ဖြစ်ပါတယ်။

Mistuaaa ဆိုတာကတော့ Team Vitality CSGO အသင်းရဲ့ နာမည်ကျော် ကစားသမားလည်းဖြစ်၊ လက်ရှိ ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမားတွေ အထဲမှာ တစ်ဦးအပါအဝင် အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Mathieu “ZywOo” Herbaut လို နောင်တစ်ချိန်မှာ အောင်မြင်လာဖွယ်ရှိတဲ့ ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

ZywOo

Misutaaa အနေနဲ့ Offline Event နှစ်ပွဲသာ ဝင်ရောက် ကစားဖူးခြင်း ရှိသေးပေမယ့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲနှစ်ခုလုံးမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ Vitality CSGO အသင်း အနေနဲ့ ESL Pro League Season 11 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး Astralis, NiPP, ENCE, GODSENT, Sharks တို့နဲ့ အုပ်စုအဆင့်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် Misutaaa အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Misutaaa

Vitality CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Cedric “RpK” Guipouy
  • Dan “apex” Madesclaire
  • Mathieu “ZywOo” Herbaut
  • Richard “shox” Papillon
  • Kevin “misutaaa” Rabier
  • Remy “XTQZZZ” Quoniam (Coach)

REF: VpEsports