ကိုယ်လုပ်နေတဲ့အလုပ်အကိုင်က ပျောက်ကွယ်တော့မယ်လို့ လက်ရှိအခြေအနေအရ ခံစားနေရတယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ?

၁။ ငွေစုထားပါ။

ရုတ်တရက် ကိုယ်လုပ်နေတဲ့အလုပ်အကိုင်က ဝင်ငွေမရနိုင်တော့တာမျိုးဆို ငွေကို ခြွေတာသုံးစွဲပြီး သုံး၊လေးလစာကာမိအောင် စုထားသင့်ပါတယ်။ ဒီကြားထဲမှာ အတတ်ပညာအသစ်တွေ၊ Skillအသစ်တွေ သင်ယူဖို့ နားဖို့ အလုပ်မရသေးခင် အချိန်ကာလာတစ်ခုမှာ အချိန်ပေးရမှာဖြစ်ပါတယ်။

Photo Credit - The Dough

၂. ငွေမြန်မြန်ရနိင်တဲ့ နည်းလမ်းတွေကို ရှာဖွေပါ။

အလုပ်မရှိတော့လို့ ဒီတိုင်းထိုင်နေလို့မရပါဘူး။ ရေတိုအတွင်းမှာ ငွေမြန်မြန်ရနိုင်တဲ့ ရပေါက်တွေကို Full-time အလုပ်မရခင်လေးမှာ ရှာပြီးလုပ်လို့ ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်အနီးအနားမှာ ကိုယ်တတ်ကျွမ်းတဲ့ အရာတွေကို အသုံးချပြီး ငွေရနိုင်တဲ့ အလုပ်တွေကို ရှာဖွေတတ်ဖို့လိုပါတယ်။

၃. အတတ်ပညာတစ်ခုခု သို့ လက်မှတ်ပေးတဲ့ သင်တန်းတစ်ခုခုကို တတ်ပါ။

စီးပွားရေးနယ်ပယ်နဲ့ အလုပ်အကိုင်နယ်ပယ်တွေမှာ ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်က ပျောက်ကွယ်သွားတယ်ဆိုရင်တောင် အခြား ဘယ်လို Skills တွေက ငွေရပေါက်ရှိနိင်လဲဆိုတာ လေ့လာပြီး သင်တန်းတွေ တတ်ပါ။ သို့ အွန်လိုင်းပေါ်ကလည်း သင်ယူနိုင်ပါတယ်။ အလုပ်မရသေးခင်မှာတော့ ရသလောက် အတတ်ပညာအသစ်တစ်ခုခုကို သင်ယူထားတာအကောင်းဆုံးပါ။

၄။ ရေရှည်အတွက် စဉ်းစားပါ။

ကိုယ့်ရဲ့ရေရှည်အလုပ်အကိုင်တစ်ခုအတွက် အစီအစဉ်သေချာချရမှာဖြစ်ပါတယ်။

ရေရှည်အလုပ်အကိုင်အတွက် ကိုယ့်ကိုကိုယ် ပြန်လေ့လာပါ။ ကိုယ်က ဘယ်နေရာတွေမှာတော်လဲ ၊ ဘ ာကို စိတ်ဝင်စားလဲ?ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်တွေက ဘာတွေလဲဆို တာ သေချာစမ်းစစ်ကြည့်ရမှာဖြစ်ပါတယ်။

Research လုပ်ပါ။ ကိုယ်စိတ်ပါဝင်စားတဲ့ အလုပ်အကိုင်ကို ရှာတွေ့ပြီဆိုရင်တော့ ဘယ်လို စီးပွားရေးနယ်ပယ်မှာလုပ်သင့်လဲ။ လစာတွေ ဘယ်လောက်ရနိုင်လဲ။ အလားအလာကောင်းလား။ ဒါတွေကို သေချာစမ်းစစ်ပါ။

Photo Credit -Ruhr

ဘယ်ကုမ္ပဏီတွေက အလုပ်ခေါ်နေလဲ။ ကိုယ့်အတွက် ဘယ်နေရာတွေမှာ အလုပ်အကိုင်ရနိုင်မလဲဆိုတာတွေကို မေးမြန်းကြည့်ပါ။ ကိုယ်နဲ့ အလုပ်အတူတူတွဲလုပ်ဖူးသူတွေကို မေးကြည့်ပါ။ မေးရမှာလည်း ရှက်စရာမလိုသလို ကြောက်နေစရာလည်းမလိုပါဘူး။ ကိုယ်ရချင်တဲ့အလုပ်အကိုင်တစ်ခုအတွက်တော့ မေးသင့်တာ မေးရမှာပဲဖြစ်ပါတယ်။

ရှေ့ဆက်ပြီး ပိုတိုးတက်အောင်လုပ်ဖို့သာ ကြိုးစားပါ။

ကိုယ့်အလုပ်အကိုင်ပျောက်သွားပြီဆိုပြီး စိတ်ဓာတ်ကျတတ်တာသဘာဝပါပဲ။ ဒါပေမယ့် အရာအားလုံးက အခိုက်အတန့်ပါ။ ဘာတွေရှေ့ဆက်လုပ်လို့ရမလဲ။ ဘယ်လို ကြီးပွားအောင်လုပ်သင့်လဲဆိုတာကိုတော့ အမြဲဖွေရှာနေကြရမှာပါ။ စိတ်ဓာတ်ကြံ့ကြံခိုင်ထားပြီး ကိုယ့်အတွက်အဆင်ပြေတဲ့ အလုပ်အကိုင်ရဖို့ အရေးကြီးဆုံးပဲဖြစ်ပါတယ်။

Photo Credit -Wix.com