အလှပျက်စေတဲ့အဆီဖုနဲ့ဝက်ခြံတွေကဘယ်နေရာမှာဘာကြောင့်ထွက်လာတာလဲ

အလှပျက်စေတဲ့အဆီဖုနဲ့ဝက်ခြံတွေကဘယ်နေရာမှာဘာကြောင့်ထွက်လာတာလဲ

၀က်ခြံနဲ့အဆီဖုတွေဆိုတာ မထင်မှတ်ထားတဲ့အချိန်တွေမှာမထင်ရင်မထင်သလိုထွက်လာတတ်ပါတယ်။အထူးသဖြင့် မိန်းကလေးတွေမှာအဖြစ်များဆုံးက မနက်ဖြန်မျိုးပွဲတွေရှိတယ် ဒါမှမဟုတ် သွားစရာတွေရှိတယ်ဆိုရင် အဆီဖုလေးတွေ ဝက်ခြံလေးတွေထွက်လာတတ်ပါတယ်။ဒီလိုမျိုးထွက်လာပြီဆိုရင် အနည်းနဲ့အများတော့ စိတ်ရှုပ်ရတယ်၊စိတ်ညစ်ရတယ်ပေါ့နော်။ အဲ့လိုဆိုရင် ဝက်ခြံနဲ့အဆီဖုတွေကမျက်နှာရဲ့ဘယ်လိုနေရာတွေမှာပေါက်တတ်ပြီးတော့ ဘာကြောင့်ထွက်လာတတ်လဲဆိုတဲ့အကြောင်းလေးပြောပြမယ် သိထားရင်တော့ ကိုယ့်ဘက်ကနေဘယ်လိုနည်းလမ်းလေးတွေနဲ့ ဆင်ခြင်မလဲဆိုတာ သိသွားတာပေါ့။
နှဖူးနဲ့နှခေါင်း
နှဖူးနဲ့နှခေါင်းမှာထွက်တဲ့ဝက်ခြံတွေက Puberty အရွယ်မှာအချိုတွေ၊အဆီတွေ အငံတွေကလိုတာထက်ပိုစားမိတာမျိုး ၊ အစားတွေစားများပြီးတော့ အစာချေစနစ်ကိုထင်သလောက်အလုပ်မလုပ်ပေးနိုင်တော့တဲ့အခြေအနေတွေမျိုးမှာထွက်လေ့ရှိပါတယ်။ ညအိပ်တာအရမ်းနောက်ကျရင်လည်းထွက်တတ်ပါသေးတယ်နော်။

Photo Credit-Fivestare


ပါးပြင်တစ်ဝိုက်
ပါးပြင်ပေါ်မှာပေါက်တဲ့ဝက်ခြံတွေက ခေါင်းအုံးစွပ်တွေညစ်ပတ်တာမျိုး၊ Make up Brush တွေမသန့်ရှင်းတော့တာမျိုး၊ Overeating တွေအရမ်းစားရင်လည်းထွက်တတ်တဲ့နေရာလေးပါ။


မေးစေ့နဲ့မေးရိုး
မေးရိုးနဲ့မေးစေ့က ဟော်မုန်းမညီတာကြောင့်ထွက်တာအများဆုံးနေရာတွေပါ၊ တစ်ချို့မိန်းကလေးတွေက Period လာတဲ့အချိန်မျိုးတွေဆိုထွက်ပါတယ်။ဒါမှမဟုတ် ဝက်ခြံကတစ်လုံးထွက်နေရင် ညစ်မိလိုက်တာမျိုး ကုပ်မိလိုက်တာမျိုးတွေမှာပွားတတ်ပြီး အမာရွတ်လေးတွေပါကျန်ခဲ့နိုင်ပါတယ်နော်။

Photo Credit -Alodo

Kelly -Akhayar Lifestyle