ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်း ဒီကိစ္စတွေကို ပိုမိုအလေးထားလာပြီး တဖြေးဖြေးနဲ့ ရေရှည်တည်တံ့သောထုပ်ပိုးမှုပုံစံကို ပြောင်းလဲအသုံးပြုဖို့ ကြိုးပမ်းလာတာကို တွေ့ရပါတယ်။

အချိုရည်ဈေးကွက်ရဲ့  ဦးဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ The Coca-Cola Company ရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့  Sprite®  အချိုရည်ကလည်း ရေရှည်တည်တံ့သောထုပ်ပိုးမှုပုံစံအသစ်ကို ပြည်တွင်းမှာ စတင်မိတ်ဆက် လာတာကို တွေ့ရပါတယ်။ အဓိကကျတဲ့ ခြေလှမ်းတစ်ခုအနေနဲ့  ၂၀၂၂ ခုနှစ် သြဂုတ်လကနေစတင်ပြီး သောက်သုံးသူတွေရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အစိမ်းရောင်ဘူးပုံစံကနေ Recycling process (ပြန်လည်အသုံးပြုခြင်းလုပ်ငန်းစဉ်) ပိုမိုလွယ်ကူစေမယ့် အကြည်ရောင်ဘူး ပုံစံအသစ်ကို ပြောင်းလဲထုပ်ပိုး ရောင်းချခဲ့ပါတယ်‌။ ဒီပြောင်းလဲမှု ကနေ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတစ်ခုဖန်တီး နိုင်မယ်လို့ ယုံကြည် ပါတယ်။

ဘူးအကြည်နဲ့ ထုပ်ပိုးမှုအသွင်ပြောင်းလဲလိုက်ပေမဲ့ Sprite® ရဲ့ စွဲမက်ဖွယ် လန်းဆန်းချိုမြိန်တဲ့ ရှောက်-သံပုရာအနံ့နဲ့အရသာ မွှေးမွှေးလေးကတော့ ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒါ့အပြင် ဒီအကြည်ရောင်ဘူးက Sprite® အချိုရည်ရဲ့ အေးမြလန်းဆန်းမှုအမြင်ကို ပိုမိုခံစားရရှိစေမှာ အမှန်ပါ။   ကြည်လင်လန်းဆန်းစေတဲ့ Sprite® အချိုရည် အေးအေးလေးတစ်ခွက်က နေပူပူမှာ ရေငတ်ပြေစေတဲ့ အကောင်းဆုံးအချိုရည်တစ်ခုဆိုတာ ငြင်းပယ်လို့မရနိုင်တဲ့ အမှန်တရားပါပဲ။

လန်းဆန်းချိုမြပြီး ရှောက်-သံပုရာသီးအနံ့အရသာရှိတဲ့ Sprite® အချိုရည် အစစ်အမှန်အကန် ဟုတ်မဟုတ်ကို အောက်ပါအချက်တွေနဲ့ ကိုက်ညီပြီး စစ်ဆေးဝယ်ယူနိုင်ပါတယ်။

(၁) သိသာထင်ရှားတဲ့ ပထမအချက်ကတော့ Sprite®  အချိုရည်အစစ်အမှန်ကို ဘူးအကြည်နဲ့ ထုပ်ပိုးထားပါတယ်။

(၂) Sprite® အား The Coca-Cola Company ၏ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ရရှိထားတဲ့ Coca-Cola Pinya Beverages Limitedမှ တရားဝင်ထုတ်လုပ်ပြီး ဘူးပေါ်တွင် ထုတ်လုပ်သူအနေနဲ့ ဖော်ပြထားပါတယ်။

(၃) ဒါ့အပြင် ဘူးပေါ်မှာFDA ခွင့်ပြုချက်အမှတ် စ၄/၁၂၀၇၅/ထလ ကိုလည်းရိုက်နှိပ်ထားပါတယ်။

ဒီအချက်တွေကို သတိထားလိုက်မယ်ဆိုရင်တော့ ရေရှည်တည်တံ့သောထုပ်ပိုးမှုနဲ့ ပြောင်းလဲထုပ်ပိုးလိုက်တဲ့ မူလစွဲမက်ဖွယ်အရသာနဲ့ Sprite®  အချိုရည်စစ်စစ်ကို ခံစားသောက်သုံးနိုင်မှာ အမှန်ပါပဲ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle
'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

"အသစ်မဝယ်လဲဝတ်မယ်" ဆိုတဲ့ Event လေးကို ပြီးခဲ့တဲ့ April 21st ရက်နေ့က Goethe-Institut Myanmar မှာ အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲ လေးဟာ Women Transforming Myanmar (WTM) နှင့် Growth Session Myanmar (GSM) တို့ကပူ

By Akhayar Lifestyle