'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

"အသစ်မဝယ်လဲဝတ်မယ်" ဆိုတဲ့ Event လေးကို ပြီးခဲ့တဲ့ April 21st ရက်နေ့က Goethe-Institut Myanmar မှာ အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲ​လေးဟာ Women Transforming Myanmar (WTM) နှင့် Growth Session Myanmar (GSM) တို့ကပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး စိတ်ဝင်စားကောင်းတဲ့ Event လေးတစ်ခုအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ပွဲရဲ့ အဓိကရည်ရွယ်ချက် ဖြစ်တဲ့  မြန်မာနိုင်ငံမှာရှိတဲ့ MSME/SME စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ပြီးတော့ Responsible Business & Responsible Consumption Awarenessဆိုတဲ့ ​ခေါင်းစဥ်​အောက်မှာ ​Speakers ​တွေဖြစ်တဲ့ မဝါဝါမင်း၊ မမြဘုန်းဆင့်နဲ့ မကြေးမုံလွင်တို့မှ သူတို့ရဲ့အတွေ့အကြုံ၊ဗဟုသုတတွေမှတစ်ဆင့်မျှဝေ ကြခဲ့ပါတယ်။Talk Show လေးအပြီးမှာတော့ Audience တွေနဲ့ မေးခွန်းလေးတွေ,အကြံဉာဏ်လေးတွေ ကို အတူတူ ပြောကြားခဲ့ပြီး  မေးခွန်းလေးတွေမေးရင်းနဲ့ Recycle Tote bags လေးတွေ ပြန်လည်လက်ဆောင်ပေးခဲ့တဲ့ အစီအစဉ်လေးတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီပွဲလေးမှာ ကိုယ့်မှာရှိ​နေတဲ့ မဝတ်ဖြစ်တော့မယ့် အဝတ်အစား​တွေကို စွန့်ပစ်ခြင်းမပြုလုပ်ဘဲ အ​လေအလွင့်မဖြစ်​​အောင်လို့ အခြားအဝတ်အစား​တွေနဲ့ လဲလှယ်လို့ရတဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩! ဆိုတဲ့Clothes Swap မှာလည်း ပါဝင်ကြတဲ့သူတွေအများကြီးရှိတာကို တွေ့ရပါတယ်။သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် စိတ်အားထက်သန်တဲ့သူတွေကို တွေ့ရတဲ့အတွက် ဝမ်းသာမိရတဲ့အပြင် ဒီပွဲလေးကိုတက်ရောက်ခဲ့တဲ့သူတွေအနေနဲ့ ကောင်းမွန်တဲ့ networking တစ်ခုဖန်တီးနိုင်ခဲ့မယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့Akhayar Lifestyle မှလည်း Communication Partnerအဖြစ် ဒီ Event လေးအသက်ဝင်လာအောင် အတူလက်တွဲပါဝင်ထားပါတယ်။အခုလို အတူတူပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိပါတယ်။

ပွဲနေ့ကပုံရိပ်လေးတွေကိုလည်း အမှတ်တရအနေနဲ့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။


#akhayarlifestyle #swapnotshop #