ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှစ် မတ်လအတွင်း ရောင်းအားအကောင်းဆုံးရှိခဲ့သည့် ဘဏ်ခွဲမန်နေဂျာများ နှင့် Insurance Specialist များကို ဆုများချီးမြှင့်ပေးအပ်ခဲ့သလို ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာ အထိ Q4 အတွက် ရောင်းအားအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ ဘဏ်ခွဲမန်နေဂျာများကိုလည်း ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ပါတယ်။

အခမ်းအနားကို Manulife Myanmar ရဲ့ CEO & GM ဖြစ်သူ Mr. Gaurav Sharma၊ uab ဘဏ်ရဲ့ MD & CEO ဖြစ်သူ Mr. Christopher Loh တို့နဲ့အတူ တာဝန်ရှိသူများ၊ ဘဏ်ခွဲမန်နေဂျာများ၊ Insurance Specialist များအပြင် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle
'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

"အသစ်မဝယ်လဲဝတ်မယ်" ဆိုတဲ့ Event လေးကို ပြီးခဲ့တဲ့ April 21st ရက်နေ့က Goethe-Institut Myanmar မှာ အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲ လေးဟာ Women Transforming Myanmar (WTM) နှင့် Growth Session Myanmar (GSM) တို့ကပူ

By Akhayar Lifestyle