‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကို ဂုဏ်ယူစွာဖြင့် ဖွင့်လှစ်လိုက်ပါသည်။ဖွင့်ပွဲနေ့ အထူးအတွက်လည်း ဝယ်ယူအားပေးသူ ပီဇာချစ်သူများအတွက် ပုံမှန်ဆိုဒ်ပီဇာများကို ၅၀ ရာခိုင်နှုန်း လျှော့စျေးဖြင့် ရောင်းချပေးခဲ့ပါတယ်။Pizza Hut Myanmar ဟာဆိုရင် စားသုံးသူတိုင်းအတွက် အကောင်းဆုံးအစားအသောက်နှင့် ဝန်ဆောင်မှုများကို နေရာတိုင်းတွင် လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရန် ရည်ရွယ်သည့်အပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အရေးများ ဖန်တီးပေးခြင်း၊ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ပါ ရည်ရွယ်၍ ရပ်တည်နေပြီး ဆိုင်ခွဲများစွာဖွင့်လှစ်သွားရန်ဆောင်ရွက်လျက်ရှိ ပါသည်။

ယခုဖွင့်လှစ်လိုက်သော ဆိုင်ခွဲသည် Takeaway နှင့် Delivery များအတွက် အဓိက ရောင်းချ ဝန်ဆောင်မှုပေးသွားမည့် FCD store (fast-causal-delco) ဆိုင်ခွဲတစ်ခုဖြစ်ပါသည်။ဆိုင်ခွဲလေးမှာ ကျစ်လစ်သေးငယ်သော်လည်း မပြောင်းလဲသော ကောင်းမွန်သော အစားအသောက် အရသာ၊ အရည်အသွေး နှင့် ဝန်ဆောင်မှုများကို ပေးစွမ်းရန် အသင့်ရှိနေပြီဖြစ်ပါသည်။

ပီဇာဆိုတာ နိုင်ငံတကာမှာ နာမည်ကြီးသော လူကြိုက်များသည့် အစားအသောက်တစ်ခုဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံအတွက်တော့ အထူးသဖြင့် လူကြီးများနှင့် အရသာအားဖြင့် မရင်းနှီးသေးသော အစားအသောက်တစ်မျိုးဖြစ်ပါသည်။ ထို့အတွက် ပီဇာဟတ်အနေဖြင့် မြန်မာလူမျိုးများ အကြိုက်နှင့်ကိုက်ညီမည့် အရသာနှင့် ပီဇာများကို ဆန်းသစ်တီထွင်၍ရောင်းချလျက်ရှိပါသည်။

May 14ရက်နေ့ "Mother's Day" မေမေ့ ချစ်ခြင်းမေတ္တာကို လေးစားဂုဏ်ယူစွာဖြင့်လည်း Pizza Hut Myanmar မှ မြန်မာ့အရသာ ကြက်သားအာလူးဟင်း Pizza/ Pasta တို့ နဲ့ ပေါင်းစပ်ဖန်တီးထားပါသည်။မြန်မာတွေ အကြိုက် ကြက်သားအာလူးဟင်းကို inspire ယူပြီးဖန်တီးထားပြီး🍗ကြက်သား, အာလူး topping နဲ့ ကြက်အာလူးဟင်း ပီဇာ နှင့်ပါစတာကို ပီဇာဟတ်ဆိုင်ခွဲတိုင်းတွင် ဇွန်လကုန်အထိ ဝယ်ယူရရှိနိုင်ပါသည်။

ယခင်နှစ် ၂၀၂၂မှာလည်း ပီဇာဟတ်မှ မြန့်မာ့အရသာစစ်စစ် ပုန်းရည်ကြီးပီဇာကို တီထွင်ဖန်တီးရောင်းချပေးခဲ့ပါသည်။ ပီဇာဟတ်မြန်မာသည် စားသောက်သူများရဲ့ အသံဝေဖန်အကြံပြုချက်များကိုလည်း စဉ်ဆက်မပြတ်နားထောင်လျက်ရှိပြီး ပိုမိုပြီးကောင်းမွန်အောင် အမြဲကြိုးစားလုပ်ဆောင်လျက်လည်း ရှိပါသည်။

Pizza Hut Myanmar အကြောင်း

Pizza Hut Myanmar သည် ဟောင်ကောင်အခြေစိုက် Jardine Restaurant Group နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချသူ City Mart Holding Company Limited တို့၏  ဖက်စပ်လုပ်ငန်းဖြစ်သော Jardine CM Restaurant Group မှ ဖွင့်လှစ်လျက်ရှိသော ကမ္ဘာ့အဆင့်မှီ စားသောက်ကုန်လုပ်ငန်း ဖြစ်ပါသည်။ Jardine Restaurant Group သည် ဟောင်ကောင်၊ မကာအို၊ မြန်မာ၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံရှိ Pizza Hut နှင့် KFC စတိုးဆိုင်ပေါင်း 1000 ကျော်ဖြင့် နှစ်ပေါင်း 40 ကျော် စားသောက်ဆိုင်လုပ်ငန်းများကို တည်ထောင်သော Companyကြီးတစ်ခုဖြစ်ပါသည်…

❝𝐖𝐨𝐫𝐥𝐝 𝐍𝐨.𝟏 𝐏𝐢𝐳𝐳𝐚 𝐂𝐡𝐚𝐢𝐧❞ Pizza Hut ၏ သမိုင်းကြောင်း

𝟏𝟗𝟓𝟖 ခုနှစ်တွင် အမေရိကန်နိုင်ငံ Wichita, Kansas မြို့ရှိ ကောလိပ်ကျောင်းသား ညီအစ်ကိုနှစ်ယောက်သည် 𝗨𝗦$𝟲𝟬𝟬 ကို မိခင်ထံမှ အရင်းနှီးဖြစ် ချေးယူပြီး ပီဇာဆိုင်လေး တစ်ဆိုင်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။𝐇𝐮𝐭 တဲလေးနှင့်တူသော ဆိုင်သေးလေးဖြင့် စတင်ခဲ့ပြီး သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိသော Pizza များရောင်းချမည့် ရည်ရွယ်ချက်ဖြင့် ❝𝐏𝐢𝐳𝐳𝐚 𝐇𝐮𝐭❞ ဟူ၍ အမည်ပေးခဲ့သည်။ထူးခြားသော စိတ်ကူးစိတ်သန်းများနှင့် ထူးခြားသောအရသာသည် ကမ္ဘာတစ်ဝှမ်းသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး ယခုအခါတွင် ❝𝐏𝐢𝐳𝐳𝐚 𝐇𝐮𝐭❞ Brand သည် အမေရိကန်နိုင်ငံအပါဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (𝟭𝟬𝟴)နိုင်ငံတွင် ဆိုင်ခွဲပေါင်း (𝟏8,𝟓𝟎𝟎)ကျော် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။

#akhayarlifestyle #akhayarmedia #pizzahut #ahlone

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

'' April 21st ရက်နေ့က ပြုလုပ်ခဲ့တဲ့ 𝐒𝐰𝐚𝐩, 𝐍𝐨𝐭 𝐒𝐡𝐨𝐩 Event ရဲ့ အမှတ်တရ ပုံရိပ်များ ''

"အသစ်မဝယ်လဲဝတ်မယ်" ဆိုတဲ့ Event လေးကို ပြီးခဲ့တဲ့ April 21st ရက်နေ့က Goethe-Institut Myanmar မှာ အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲ လေးဟာ Women Transforming Myanmar (WTM) နှင့် Growth Session Myanmar (GSM) တို့ကပူ

By Akhayar Lifestyle