အနာဂတ်ရင်သွေးငယ်များအတွက် “vivo Myanmar” မှ ခိုင်နှင်းဝေ ရင်သွေးငယ်ကလေးများဂေဟာသို့ #vivoSpreadsSmile အစီအစဉ်ဖြင့် Box of Joy များ လှူဒါန်း

အနာဂတ်ရင်သွေးငယ်များအတွက် “vivo Myanmar” မှ ခိုင်နှင်းဝေ ရင်သွေးငယ်ကလေးများဂေဟာသို့ #vivoSpreadsSmile အစီအစဉ်ဖြင့် Box of Joy များ လှူဒါန်း

နိုင်ငံတစ်နိုင်ငံရဲ့ ခွန်အားဟာ လူ့အစွမ်းအားအရင်းမြစ်ဖြစ်ပါတယ်။ နိုင်ငံရဲ့ ရင်သွေးတွေဖြစ်တဲ့ ကလေးသူငယ်တွေဟာ တိုင်းပြည်အတွက် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်ပါတယ်။ အင်အားတောင့်တင်းတဲ့ လူ့စွမ်းအားအရင်းအမြစ်ကို တည်ဆောက်နိုင်ဖို့အတွက် ငယ်စဥ်ထဲက စနစ်တကျ ပြုစုပြိုးထောင်ပေးနိုင်ရေးဟာ အလွန်အရေးကြီးပါတယ်။

ဒီအခြေခံအကျဆုံးအချက်ရဲ့ အရေးပါမှုကို တန်ဖိုးထားတဲ့ vivo ဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်မှုတွင် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ ခိုင်နှင်းဝေ ရင်သွေးငယ်ကလေးများဂေဟာနဲ့ ပူးပေါင်းပြီး #vivoSpreadsSmile ဟု အမည်ရသော အစီအစဥ်ဖြင့် ဂေဟာမှ ကလေးငယ်များကို မြန်မာငွေကျပ် သိန်းတစ်ရာတန်ဖိုးရှိ “Box of Joy” သေတ္တာများ ပေးအပ်လှုဒါန်းခဲ့ပါတယ်။ အဆိုပါ သေတ္တာတွေထဲမှာတော့ ကလေးသူငယ်များအတွက်  လိုအပ်တဲ့ အာဟာရအထောက်ကူပြု အစားအစာတွေ၊ ပညာရေးအထောက်ကူပြုပစ္စည်းတွေနဲ့ ကျန်းမာရေးအထောက်အကူပြု ဆေးပစ္စည်းတွေ ပါဝင်ပါတယ်။

ဒီအစီအစဥ်ကို vivo ရဲ့ ထူးချွန်တဲ့ဝန်ထမ်းတွေအတွက်ပါ ထည့်သွင်းစဥ်းစား၍ သူတို့ကိုယ်တိုင် ပါဝင်လှုဒါန်းနိုင်ဖို့လည်း vivo Myanmar က စီစဥ်ပေးခဲ့ပါသေးတယ်။ ဒီအစီအစဥ်မှာ ပါဝင်လှူဒါန်းခဲ့တဲ့ vivo ရဲ့ ထူးချွန်ဝန်ထမ်းတစ်ဦးက #vivoSpreadsSmiles နဲ့ပက်သက်ပြီး ဒီအစီအစဥ်ကနေ တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ် ကလေးငယ်များနဲ့ ချိတ်ဆက်ပြီး ပျော်ရွှင်စရာ အတွေ့အကြုံတွေ ဖန်တီးနိုင်ခဲ့တဲ့အတွက် ကူညီလှူဒါန်းပေးတဲ့ vivo ကို ကျေးဇူးတင်ကြောင်းကို “ကလေးငယ်တွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်ပြီး ယခုလို ကူညီထောက်ပံ့နိုင်ခဲ့တာဟာ ကျွန်တော့် ဘဝအတွက် အကောင်းဆုံးအတွေ့အကြုံပါပဲ။ ဒီအမှတ်တရကို အမြဲစွဲထင် အမှတ်ရနေမှာဖြစ်ပြီး နောင်မှာလည်း ကလေးငယ်တွေအတွက် ဆက်လက်ထောက်ပံ့နိုင်ရန် မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

vivo Myanmar ရဲ့ CEO ဖြစ်တဲ့ Mr. Nelson Ni ကလည်း #vivoSpreadsSmiles အစီအစဥ်နှင့် ပတ်သတ်လို့ “vivo ဟာ ကမ္ဘာနှင့် လူထုအကျိုးပြုလုပ်ငန်းအမှတ်တံဆိပ်ဖြစ်တာကြောင့် ဒေသတွင်းပြည်သူလူထုတွေအတွက် ထောက်ပံ့မှုတွေကို ပံ့ပိုးကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မခိုင်နှင်းဝေဟာ ဒီလူမှုအသိုင်းအဝန်းမှာ စံပြတစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော်တို့လည်း ခိုင်နှင်းဝေဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီး ဂေဟာက ကလေးတွေအတွက် ထူးခြားတဲ့ ထောက်ပံ့မှုများ ပေးဝေမျှခြင်းအားဖြင့် ဒီအစီအစဥ်ကို အကောင်ထည်ဖော်ရတာကို ဂုဏ်ယူပါတယ်။ တစ်နှစ်ပတ်လုံး အားပေးမှုတွေအတွက် ပြည်သူလူထုကို အခုလို ပြန်လည်ပေးဆပ်နိုင်တာကို အထူးပဲ ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားပြီး အစီအစဥ်ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။

ခိုင်နှင်းဝေ ရင်သွေးငယ်ကလေးများဂေဟာက ကလေးတွေကို ဒီအစီအစဉ်နဲ့ အပြုံးတွေ လာရောက် မျှဝေပေးတဲ့ vivo Myanmar ကိုလည်း မခိုင်နှင်းဝေက ကျေးဇူးတင်စကားကို ယခုလို ပြန်လည် မျှ‌ဝေးပေးခဲ့ပါတယ်။ “ယခု vivo Myanmar ရဲ့  #vivoSpreadsSmiles အစီအစဥ်ဟာ ကောင်းမွန်တဲ့ အစီအစဉ် တစ်ခုပါပဲ။ ဂေဟာမှာရှိတဲ့ ကလေးတစ်ယောက်စီတိုင်းအတွက် တစ်လစာ အာဟာရ၊ ကျန်းမာရေးနဲ့ ဆေးဝါးအထောက် အကူပြုပစ္စည်းတွေပါဝင်တဲ့ Box of Joy ဆိုတဲ့ သေတ္တာတွေကို လှူဒါန်းပေးခဲ့တဲ့အတွက် များစွာပဲ ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါတယ်။ vivo အနေနဲ့လည်း အောင်မြင်မူတွေဆက်လက်ရရှိပြီး ဒီလိုလှူဒါန်းမူမျိုးတွေကို ရှေ့ဆက်ပြီး ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကလေးငယ်တွေဟာ ဘယ်လို မိသားစုအသိုင်းအဝိုင်း၊ လူမျိုးမှ မွေးဖွားလာသည်ဖြစ်စေ တန်းတူရည်တူ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့် ပညာသင်ကြားခွင့်တို့ကို ရရှိခံစားခွင့်ရှိရမှာပဲဖြစ်ပါတယ်။ ဒီအခြေခံကျတဲ့ ရပိုင်ခွင့်တွေကို ခံစားဖို့အတွက် အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် ကလေးငယ်တွေရဲ့ အနာဂတ်ကို သာယာလှပစေနိုင်သလို သူတို့အတွက်အလိုအပ်ဆုံးဖြစ်တဲ့ ပျော်ရွင်ခြင်းကိုလည်း ဖန်တီးပေးရာ ရောက်ပါတယ်။ vivo ဟာ မြန်မာနိုင်ငံပြည်သူလူထု၏ ကျန်းမာရေးနှင့် အကျိုးကျေးဇူးများကို အလေးထားသည့်အလျောက် မြန်မာနိုင်ငံရှိ ကလေးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမြဲတမ်း အခွင့်အရေးကို စောင့်ကြည့်လျက်ရှိ‌ခဲ့ပြီး #vivoSpreadsSmilesအစီအစဥ်နဲ့ vivo Myanmar က ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။