10-vs-10 Deathmatch နဲ့ Domination Mode ပါဝင်လာတော့မယ့် Call of Duty: Mobile

10-vs-10 Deathmatch နဲ့ Domination Mode ပါဝင်လာတော့မယ့် Call of Duty: Mobile

Mobile Shooter ဂိမ်းတွေထဲမှာ နာမည်ကြီးတဲ့ Call of Duty: Mobile မှာဆိုရင်တော့ 10-vs-10 ကို Deathmatch နဲ့ Domination Game Mode တွေမှာထည့်သွင်းပေးတော့မယ်လို့ သိရှိရပါတယ်။ CoD Mobile ရဲ့ Public Test Build (Beta) မှာ စတင်ထည့်သွင်းပေးထားတာကြောင့်လည်း သိရှိရတာဖြစ်ပါတယ်။

Public Test Build မှာ 10-vs-10 ကို Map အတော်များများမှာဆော့ကစားနိုင်ပြီးတော့၊ လာမယ့် Update မှာတွေ့မြင်ရတော့မယ့် ကျဥ်းလည်းကျဥ်းတဲ့ Shipment လို Map မျိုးတွေမှာပါ ဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။ ဒီလိုသေးငယ်ကျဥ်းမြောင်းတဲ့ Map တွေမှာ Player အယောက် ၂၀ ပြုံနေတာကြီးက ဆော့ရတာ အနှောင့်အယှက်တော့ အတော်ဖြစ်မှာပါ။

10-vs-10 ကိုတော့ ခန့်မှန်းရသလောက်က နောက် Season Update မှာ မြင်တွေ့နိုင်ပါလိမ့်မယ်။ လက်ရှိ Season 8 (The Forge) ကလည်း သြဂုတ်လ ၅ ရက်နေ့ဆိုပြီးပြီဆိုတော့ သိပ်မလိုတော့ဘူးလို့ ဆိုနိုင်ပါတယ်။

လက်ရှိအချိန်မှာ ဒီလို 10-vs-10 Mode နဲ့အတူ အခြား Gunsmith လို့ခေါ်တဲ့ မိမိသေနတ်ကို ကြိုက်သလို Customize လုပ်လို့ရမယ့် Features တွေထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Multiplayer Map အသစ်နှစ်မျိုးဖြစ်တဲ့ Terminal နဲ့ Shipment၊ Battle Royale Mode မှာ ပွဲမစခင် လေယာဥ်ပေါ်ကခုန်ချမယ့် Animation အသစ်တွေ ပါဝင်လာမှာလည်းဖြစ်ပါတယ်။

thanks devs for making huge change for Br and making it look like warzone from r/CallOfDutyMobile

Activision ကတော့ လက်ရှိအချိန်မှာ Gunsmith feature ကလွဲပြီး၊ အခြားဘာမှတော့ ပါဝင်လာမယ်လို့ အတည်ပြုထားတာမျိုးတော့မရှိသေးပါဘူး။ ဒါပေမယ့်လည်း အခုမြင်နေရတဲ့ Features တွေကတော့ အခုထွက်လာတော့မယ့် Season မှာ မပါသေးရင်တောင် ဂိမ်းထဲမှာမြင်လာရဖို့သိပ်မလိုတော့ဘူးလို့ သိရှိထားရပါတယ်။

Ref: Dot Esports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle