100 Thieves VALORTANT အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ပရို CSGO ကစားသမားဟောင်း Steel

Chaos CSGO အသင်းရဲ့ In-Game Leader ဖြစ်တဲ့ Joshu “Steel” Nissan အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက CSGO ကစားသမား ဘဝကို စွန့်ခွာပြီး VALORANT နယ်မြေသစ်မှာ ခြေချတော့မှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ Steel အနေနဲ့ မူလပထမက Chaos Esports အဖွဲ့အစည်း ကိုယ်စားပြု VALORANT Streamer အဖြစ် ရပ်တည်သွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ထပ်မံ ထွက်ပေါ်လာတဲ့ သတင်းများအရ Steel တစ်ယောက် 100 Thieves ကိုယ်စားပြု VALORANT အသင်းမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Steel ကို 100 Thieves VALORANT အသင်း အတွက် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်းကို အခုလိုပဲ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
Announcing the newest addition to our VALORANT roster: Steel.@JoshNissan is an incredibly skilled & talented player from the Counter-Strike scene. We’re so excited to start a new chapter of his competitive career with him in VALORANT. Welcome to 100 Thieves! #100T pic.twitter.com/qZyGKhnZG4
— 100 Thieves (@100Thieves) September 4, 2020
“ကျွန်တော်တို့ 100 Thieves VALORANT အသင်းရဲ့ ကစားသမားသစ် တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အရည်အချင်းရှိ CSGO ကစားသမား တစ်ဦးဖြစ်တဲ့ Steel ပဲ ဖြစ်ပါတယ်။ Steel နဲ့အတူ VALORANT စာမျက်နှာသစ်မှာ အောင်မြင်မှုတွေ စွတ်ခူးသွားနိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။”
Steel အနေနဲ့ VALORANT CSGO အသင်းမှာ Counter Strike ပရိုကစားသမားဟောင်း နှစ်ဦးဖြစ်တဲ့ Nick “nitr၀” Cannella, Spencer “Hiko” Martin တို့နဲ့ အတူ တွဲဖက် ကစားသွားရမှာ ဖြစ်ပါတယ်။ 100 Thieves အနေနဲ့ မူလပထမက VALORANT အသင်းကို High Ground VALORANT အသင်းရဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့ပေမယ့် အဆင်ပြေခဲ့ခြင်း မရှိတာကြောင့် အခုလို နာမည်ကျော် CSGO ကစားသမားတွေနဲ့ အတူ အသင်းကို ပြန်လည် ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ 100 Thieves VALORANT အသင်းရဲ့ ကစားသမားများ အဖြစ် Hiko, nitr0, Steel တို့သာ ရှိသေးတာကြောင့် ကျန်ရှိနေတဲ့ ကစားသမား နှစ်နေရာစာ အတွက် ဘယ်ကစားသမားတွေကို ခေါ်ယူသွားမလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports