11K MMR Mid Lane ကစားသမားကို ခေါ်ယူအားဖြည့်လိုက်တဲ့ T1 Dota2 အသင်း

11K MMR Mid Lane ကစားသမားကို ခေါ်ယူအားဖြည့်လိုက်တဲ့ T1 Dota2 အသင်း

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ TNC Dota2 အသင်းကနေ ထွက်ခွာခဲ့တဲ့ March ကို နည်းပြချုပ် အဖြစ် ခေါ်ယူခဲ့တဲ့ T1 Dota2 ကတော့ အင်အား ဖြည့်တင်းမှုတွေကို အကြီးအကျယ် ပြုလုပ်လျက် ရှိပါတယ်။ T1 Dota2 အသင်း အနေနဲ့ လစ်လျက်ရှိတဲ့ Mid Lane Position အတွက် ဆဌမမြောက် 11K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ Karl ကို ခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Karl အနေနဲ့ Geek Fam Dota2 အသင်းကို ဖျက်သိမ်းခဲ့စဉ် အချိန်က စတင်ပြီး အသင်းလက်မဲ့ အဖြစ် ရှိနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က Ninjaboogie ဦးဆောင်တဲ့ ဖိလစ်ပိုင် အခြေစိုက် ZeroThreeTwo Dota2 အသင်းကို ရောက်ရှိသွားခဲ့ပါတယ်။ Karl အနေနဲ့ ZeroThreeTwo Dota2 အသင်းကို ရောက်ရှိတာ ရက်ပေါင်း ၂၀ ခန့်သာ ရှိသေးသလို အသင်းကိုယ်စားပြု အဖြစ် ဝင်ရောက် ကစားရခြင်း မရှိသေးတဲ့ အချိန်မှာပဲ T1 Dota2 အသင်းကို ထပ်မံ ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို Karl တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်းကို ZeroThreeTwo Dota2 အသင်းဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

Karl “Karl” Jayme အနေနဲ့ ကျွန်တော်တို့ 032 Dota2 အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ Karl တစ်ယောက် အသင်း ပြောင်းရွေ့သွားခြင်းက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှု တစ်ခုကို ဖြစ်ပွားစေခဲ့တာ အမှန်ပဲ ဖြစ်ပေမယ့်လည်း Karl တစ်ယောက် အသင်းသစ်မှာ အောင်မြင်စေဖို့ ဆုတောင်း ပေးလိုက်ပါတယ်။ လက်ရှိအချိန်မှာ အသင်းနဲ့ ကိုက်ညီမယ့် Mid Laner အသစ်ကို ထပ်မံ ရှာဖွေသွားမှာဖြစ်ပြီး အသင်းနဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ခြင်း တူညီတဲ့ ကစားသမားမျိုးကို ဦးစားပေး ရှာဖွေသွားမှာ ဖြစ်ပါတယ်။”

Karl အနေနဲ့ Geek Fam Dota2 အသင်းမှာ ဝင်ရောက် ကစားခဲ့စဉ် အချိန်က Geek Fam Dota2 အသင်းကို အင်အားကြီး SEA အခြေစိုက် Dota2 အသင်း တစ်သင်း အဖြစ် ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့သလို ONE Esports Dota2 SEA League ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို Geek Fam Dota2 အသင်းနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။

အခုလို Karl ကို ခေါ်ယူလိုက်နိုင်ခြင်းကြောင့် T1 Dota2 အသင်းမှာ Karl (Pos2), Sam_H (Pos3), Jhocam (Pos4) စတဲ့ ကစားသမား သုံးဦး ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ကျန်ရှိနေတဲ့ Hard Support နဲ့ Carry Position အတွက် ဘယ်ကစားသမားတွေကို ခေါ်ယူသွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle