Pixar ကာတွန်းကားတွေရဲ့ လေးနက်လွန်းတဲ့ အဓိပ္ပါယ်တွေ

ကာတွန်းတွေဆိုတာ ကလေးတွေရဲ့ စာသင်ကျောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ကလေးတွေရင်ဘတ်ထဲကို အလွယ်တကူ ဝင်သွားနိုင်တဲ့ ကာတွန်းတွေရဲ့ အဓိပ္ပါယ်ကလည်း ပေါ့ပေါ့တန်တန်ဖြစ်နေရင် အဆင်မပြေနိုင်ပါဘူး။ လူကြီးတစ်ယောက်ကိုတောင်မှ ငေးငိုင်သွားလောက်တဲ့အထိ လေးနက်တဲ့ အဓိပ္ပါယ်တွေပေးတဲ့ ကာတွန်းကားတွေလည်း ရှိပါတယ်။
ဒီတော့အခရာက Pixar ကာတွန်းတချို့က ပေးချင်တဲ့ Message တွေကို ဖော်ပြပေးလိုက်တယ်နော်။
Inside Out (2015)

Don’t be afraid of your emotions
Inside Out မှာပါတဲ့အတိုင်း Happy ဆိုတဲ့ကောင်မလေးထင်သလိုပဲ လူတော်တော်များများက “ပျော်ရွှင်ခြင်း” ဆိုတာကို တခြားအရာတွေထက် သာလွန်တယ်လို့ထင်ပြီး ဝမ်းနည်းတာတွေကို လက်ခံချင်မယ်မထင်ပါဘူး။ Inside Out ကိုကြည့်ပြီးမှ အရာရာတိုင်းက သူ့နေရာနဲ့သူ အသုံးဝင်တယ်ဆိုတာသိပြီး ဘာကိုမဆို ရင်ဆိုင်ရဲအထိ ဖြစ်လာပါတယ်။
Toy Story (1995)

Time moves on, but real friendship and devotion last forever
Toy Story ဆိုတာ Pixar ရဲ့ နာမည်အကြီးဆုံး Animation ဆိုတာ လူတိုင်းသိကြမှာပါ။ သူပေးချင်တဲ့ Message ကတော့ စစ်မှန်တဲ့အရာတွေက အချိန်တွေရွေ့လျားသွားလည်း ပြောင်းလဲသွားရိုး ထုံးစံမရှိပါဘူးတဲ့။
Ratatouille (2007)

Follow your dream, even when they say you are not worth it
ကြွက်ကလေးတစ်ကောင်ရဲ့ အိမ်မက်က စားဖိုမှူးဖြစ်ဖို့တဲ့။ ဒီလိုအိမ်မက်မျိုးရှိတဲ့သူ့ကို ဟားတိုက်သူတွေ အပြည့်ပါ။ ဒါပေမယ့်သူကတော့ ဒါတွေကိုမမှုဘဲ သူ့အိမ်မက်နောက်လိုက်ခဲ့ပါတယ်။ Ratatouille က သင့်ကို ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် သင့်နောက်ခံအကြောင်းအရာတွေက အရေးမကြီးဘူး ဆိုတာ သင်ပေးမှာပါ။
Wall-E (2008)

We are responsible for our planet
Wall-E တစ်ယောက်ကတော့ ကမ္ဘာကြီးမှာ တစ်ခုတည်းသောကျန်ရှိနေတဲ့ အပင်လေးတစ်ပင်ကို သူ့မှာရှိသမျှခွန်အားနဲ့ လိုက်စောင့်ရှောက်သူပါ။ သူဆိုလိုချင်တာကတော့ ယိုယွင်းနေတဲ့ လက်ရှိကမ္ဘာကြီးကို စောင့်ရှောက်ဖို့ ကမ္ဘာပေါ်က လူတွေအားလုံးမှာ တာဝန်ရှိပါတယ်တဲ့။
Up (2009)

It’s never too late to fulfill your dream
ချစ်ဇနီးထားခဲ့တဲ့ ဒိုင်ယာရီထဲကအတိုင်း ဖြစ်ဖို့ လိုက်လုပ်နေတဲ့ အဘိုးအိုကို အားလုံးကခေါင်းမာလွန်းတယ်လို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမဖြစ်မနေသိထားသင့်တာကတော့ ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ရာ နောက်ကျတယ်လို့ မရှိပါဘူးနော်။
NSC (Akhayar)