လူရှေ့သူရှေ့ကြွယ်စရာ အတိုအစအဖြာဖြာ

လူရှေ့သူရှေ့ကြွယ်စရာ အတိုအစအဖြာဖြာ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စကားပြောကောင်းတဲ့သူတွေ၊ ငတတ်ကြီးတွေ အများကြီး ရှိနေတတ်ပါတယ်။ သူတို့နဲ့များ စကားပြောပြီဆိုရင် “ဟာ ဒီကောင်သိလှချည်လား၊ တတ်လှချည်လား” ဆိုပြီး အထင်ကြီးရအောင်ကို ကြွယ်နိုင်တာ ဖြစ်ပါတယ်။ ဒီလို ကြွယ်ဖို့ဆိုတာလည်း အချိန်တွေ ပေးရပြီး စာတွေ ဖတ်တာ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း အတိုအစလေးတွေ မှတ်တာ ဖြစ်ဖြစ် ပြင်ဆင်ထားရတာ ဖြစ်ပါတယ်။

ဒီမှာတော့ ကိုယ့်လူတို့ ကြွယ်လို့ ရအောင် အဲဒီလိုထူးခြားတဲ့ အတိုအစ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လက်ရှိမှာ အေးခဲသိမ်းထားတဲ့ လူပေါင်း ၁၀၀ ကျော်လောက်ရဲ့ ရုပ်အလောင်းတွေရှိပြီး တစ်နေ့မှာ နည်းပညာသစ်တွေ ပေါ်လာရင် သူတို့ကို အသက်ပြန်သွင်းဖို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။

၂။ ကျွန်တော်တို့ရဲ့ မျက်ခုံးမွှေးတွေဟာဆိုရင် ၆၄ ရက်ကို တစ်ခါ အသစ်ပြန်ပေါက်ပါတယ်တဲ့။

၃။ “Go” ဟာ အတိုဆုံး English Sentence ဖြစ်ပါတယ်။

၄။ ကြော်ငြာအများစုမှာ နာရီပုံ ပါလာလို့ ရှိရင် နာရီပေါ်က အချိန်ဟာ အမြဲ 10:10 ကို ပြသနေလေ့ရှိပါတယ်။

၅။ Steve Jobs က တစ်ခါ ပြောဖူးပါတယ်။ သူ့ရဲ့ Stress တွေ ပြေဖို့အတွက် ကုမ္ပဏီရဲ့ အိမ်သာခွက်တွေထဲကို ခြေထောက်စိမ်ထားလေ့ရှိပါတယ်တဲ့ ။ (ဒါကတော့ ဆန်းဆန်းကြီးမို့ ဟုတ်မဟုတ် ဝေခွဲရခက်ပါတယ်။)

၆။ တစ်နေ့မှာ ၂ နာရီလောက် တိတ်တိတ်ဆိတ်ဆိတ်နေခြင်းဟာ မှတ်ဉာဏ်ကိုရော၊ သင်ယူနိုင်စွမ်းကိုပါ တွန်းအားပေးတယ်လို့ ဆိုပါတယ်။

၇။ ရေကူးနေရင်း မျက်စိတွေ ယားယံတယ်ဆိုတာ ခပ်ထားတဲ့ Chlorine ကြောင့် မဟုတ်ဘဲ ရေထဲ ပေါက်ချထားတဲ့ ဆီးကြောင့်သာ ဖြစ်ပါသတဲ့ (စခွီနော်)

၈။ ကမ္ဘာပေါ်မှာ မက္ကဆီကိုဟာ ကိုကာကိုလာ သောက်သုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။

၉။ ဘောလုံးသမားတွေဟာ ဘောလုံးပွဲတစ်ပွဲမှာ ပျမ်းမျှ ၆.၈၃ မိုင်လောက်ထိ ပြေးလွှားရပါတယ်။

၁၀။ ယောကျာ်းလေးတစ်ယောက်အတွက် မုတ်ဆိတ်ထားတယ်ဆိုတာ ကျန်းမာရေးအတွက် အကျိုးရှိပြီး နေရောင်ကနေ ကာကွယ်ပေးသလို အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။

၁၁။ အင်္ဂလန်ဘုရင်မကြီး Queen Elizabeth II ဟာ Passport မရှိသလို လုပ်ဖို့လည်း မလိုအပ်ပါဘူး။

၁၂။ အိမ်မှာ ရှိတဲ့ ဖုန်မှုန့်အများစုဟာ တကယ်ဆိုရင်တော့ အရေပြားပေါ်က ဆဲလ်သေတွေသာ ဖြစ်ပါတယ်။

၁၃။ နိုင်ငံခြားက တက္ကစီတွေ ဘာလို့ အဝါရောင် ဖြစ်ရလဲဆိုရင်တော့ အဝါရောင်ဟာ အဝေးကနေ အလွယ်တကူလှမ်းတွေ့နိုင်တဲ့ အရောင်ဖြစ်လို့ပါပဲ။

၁၄။ ဘာစီလိုနာမြို့မှာ ရှိတဲ့ La Sagrada Familia Church ဟာ ၁၈၈၂ ခုနှစ်တည်းက တည်ဆောက်နေခဲ့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်လောက်မှ ပြီးမယ့် အနေအထားရှိနေပါတယ်။

၁၅။ သူတို့ရဲ့ အစာတွေကို ဖွက်ခဲ့ပြီး ပြန်ရှာမတွေ့တဲ့ ရှဉ့်တွေကြောင့် နှစ်စဉ်နှစ်တိုင်းမှာ သစ်ပင်ပေါင်းရာချီ ပေါက်ပွားလာခဲ့ပါတယ်။

ကဲ! ဒီလောက်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ ငြင်းခုံတာ ဖြစ်ဖြစ်၊ ကြွယ်ဖို့ ဖြစ်ဖြစ် အတိုအစတွေ ရသင့်သလောက် ရပြီလို့ ထင်ပါတယ်။

Yoe Lu (Akhayar)

Source : brightside.me