PUBG Mobile ကစားရင်း ရေနဲ့ ချေးချွတ်ဆေးရည် မှားယွင်း သောက်သုံးမိခြင်းကြောင့် သေဆုံးခဲ့ရတဲ့ လူငယ်လေး တစ်ဦး

PUBG Mobile ကစားရင်း ရေနဲ့ ချေးချွတ်ဆေးရည် မှားယွင်း သောက်သုံးမိခြင်းကြောင့် သေဆုံးခဲ့ရတဲ့ လူငယ်လေး တစ်ဦး

PUBG Mobile ဆိုတာကတော့ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ Battle Royale အမျိုးအစား ဂိမ်းတွေ အထဲမှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ PUBG Mobile စမတ်ဖုန်းဂိမ်းကို လက်ရှိအချိန်မှာ အာရှတိုက် အတွင်းမှာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်စွာ ဆော့ကစားနေကြတာ‌ကြောင့် အချို့သော နိုင်ငံတွေမှာ PUBG Mobile ဂိမ်းနဲ့ပတ်သတ်ပြီး အာဏာပိုင်တွေ အနေနဲ့ ကန့်သတ်တားမြစ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ယနေ့အခါမှာတော့ PUBG Mobile နဲ့ တိုက်ရိုက် ပတ်သတ်ခြင်း မရှိပေမယ့်လည်း PUBG Mobile အပေါ် အမြင်စောင်းစေမယ့် စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခု ထပ်မံ ပေါ်ပေါက်ခဲ့ပါတယ်။ အသက် (၂၀) အရွယ် အိန္ဒိယ လူငယ်လေး တစ်ဦးအနေနဲ့ PUBG Mobile ဂိမ်းဆော့ရင်း ရေဘူးနဲ့ ချေးချွတ်ဆေးရည်များ ထည့်ထားတဲ့ဘူးကို မှားယွင်း သောက်သုံးမိခြင်းကြောင့် အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့ရပါတယ်။

သေဆုံးသူ ကောင်လေးရဲ့ အမည်ကတော့ Saurabh Yadav ဖြစ်တယ်လို့ သိရပါတယ်။ Saurabh Yadav အနေနဲ့ ရတနာပစ္စည်း ချေးချွတ်သန့်စင်ခြင်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်လျက်ရှိပြီး မသေဆုံးခင် အချိန်မှာ လုပ်ငန်းတူ၊ သူငယ်ချင်းဖြစ်သူ Santosh Sharma နဲ့အတူ အလုပ်ကိစ္စ တစ်ခုဖြင့် ရထားစီး သွားလာနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရထားစီးရင်း ပျင်းရိလာခဲ့တာကြောင့် PUBG Mobile ကို ကစားရင်း စိတ်အပန်းဖြေနေချိန်မှာ ရေဆာလာတာကြောင့် အိတ်ထဲမှ ဗူးတစ်ဗူးကို နှိုက်ယူပြီး သောက်သုံးခဲ့တာ ဖြစ်တယ်လို့ Santosh Sharma ရဲ့ ပြောကြားချက်များအရ သိရပါတယ်။ ကံဆိုးစွာနဲ့ပဲ Saurabh Yadav နှိုက်ယူလိုက်တဲ့ ဗူးက ရေဗူးဖြစ်မနေခဲ့ပဲ ရတနာပစ္စည်းသန့်စင်ရာမှာ အသုံးပြုတဲ့ ချေးချွတ်ဆေးရည်များ ထည့်ထားတဲ့ဗူး ဖြစ်နေခဲ့ပါတယ်။ ဂိမ်းထဲကို အာရုံစိုက်နေတဲ့ Saurabh Yadav အနေနဲ့လည်း ရေအမှတ်ဖြင့် ချေးချွတ်ဆေးရည်များကို သောက်သုံးမိလိုက်တာကြောင့် အနီးဆုံး ဘူတာကို မရောက်ရှိခင် အချိန်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ယခုဖြစ်ရပ်က PUBG Mobile နဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိခဲ့ပေမယ့်လည်း လူငယ်တွေ ဂိမ်းကစားခြင်း အပေါ် အမြင်မကြည်တဲ့ သက်ကြီးရွယ်အိုတွေ အတွက် နောက်ထပ် အပြစ်တင်စရာ တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ လူငယ်တွေ အနေနဲ့လည်း ယခု ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ဂိမ်းကစားရင်း တစ်ခုခု လုပ်ကိုင်တော့မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာခြင်း မရှိအောင် သတိနဲ့ လုပ်ဆောင်ကြဖို့ ဒီနေရာကနေ တစ်ဆင့် အကြံပေးလိုက်ပါရစေ။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle