2020 မှာခေတ်စားလာတဲ့လက်ကိုင်အိတ်ဒီဇိုင်း

2020 မှာခေတ်စားလာတဲ့လက်ကိုင်အိတ်ဒီဇိုင်း

မိန်းကလေးတွေကအခုနောက်ပိုင်းကာလတွေမှာ ဖက်ရှင်ဒီဇိုင်းတွေအပေါ်မှုတည်ပြီးတော့ Jewellery တွေ Accessory တွေကိုဖက်ရှင်အပြည့်ဝတ်ဆင်လာကြတာတွေ့ရပါတယ်။အဲ့ဒါကလည်းအမျိုးသမီးတွေအတွက် Confidence တွေတက်လာတယ်။ကိုယ့်လုပ်နိုင်စွမ်းအား၊ကိုယ့်ရဲ့ပြင်ဆင်မှုပုံစံတွေကိုကြည့်ခြင်းအားဖြင့် မိန်းမတွေက ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိတယ်လို့မြင်ပါတယ်။အဲ့လိုဖက်ရှင်တွေကျပြီးလှပနေဖို့ဆိုတာကလည်းအဝတ်အစားတစ်ခုတည်းနဲ့လည်းဖက်ရှင်တော့မကျဘူးပေါ့နော်။သူ့ရဲ့အနောက်မှာ ဖိနပ်တွေ၊လက်ကိုင်အိတ်တွေစသည်ဖြင့် ပစ္စည်းတွေအမျိုးမျိုးဖက်ရှင်ကျကျဝတ်ရင်ပိုပြီးယုံကြည်မှုရှိတာပေါ့။လက်ကိုင်အိတ်တွေကရော အခုနောက်ပိုင်းဘယ်လိုမျိုးတွေခေတ်စားလာလဲ?

Rero Bag
အခုနောက်ပိုင်းက Retro Wear တွေဝတ်လာကြတယ်ဆိုတော့ အရင်ခေတ်ကလွယ်တဲ့အိတ်ဒီဇိုင်းလေးတွေကိုအခုခေတ်နဲ့လည်းလိုက်ဖက်တဲ့ ဒီဇိုင်းလိုမျိုး၂၀၁၉ လောက်ကတည်းကအရမ်းကိုခေတ်စားလာတယ်လို့ပြောလို့ရပါတယ်။

Vintage Atomic Leather Bag
Leather Bag တွေမှာက ရိုးရိုးဒီဇိုင်း၊ Fringe Leather Bag တွေစသည်ဖြင့်အမျိုးမျိုးခေတ်စားပါတယ်။Leather Bag တွေကဘယ်ခေတ်ဘယ်အခါမှမရိုးသွားတဲ့အမျိုးအစားလည်းဖြစ်ပါတယ်။

Small Leather Pouch
Pouch အိတ်လေးတွေကချစ်စရာလည်းကောင်းပြီးတော့ အရောင်လေးတွေကလည်းနုနုလေးတွေပဲထွက်တယ်ဆိုတော့ ဘယ်အကျီၤလေးအရောင်နဲ့မဆိုလိုက်ဖက်ပါတယ်။

Kelly -Akhayar Lifestyle

Photo Credit -Pinterest