23savage ကို ထုတ်ပယ်ပြီး Raven ကို ခေါ်ယူလိုက်တဲ့ Fnatic Dota2

ပြီးခဲ့တဲ့ရက်ပိုင်းခန့်ကမှ 11K MMR ပြည့် ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ 23savage ကတော့ Fnatic Dota2 အသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ Dota 2 Majors and Minors Registration ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်များအရ 23savage အနေနဲ့ အသင်းကနေ ဇူလိုင်လ၊ ၂၈ ရက်နေ့၊ အစောပိုင်းမှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

23savage အနေနဲ့ Fnatic Dota2 အသင်း ကိုယ်စားပြု ကစားသမား အဖြစ် ၁၁ လကြာ ကစားပေးခဲ့ပြီး LAN ပြိုင်ပွဲ၊ အွန်လိုင်းပြိုင်ပွဲ အများစုမှာ အနိုင်ရ ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် 23savage အနေနဲ့ Fnatic Dota2 အသင်းနဲ့အတူ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဇွန်လအတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲ ငါးပွဲဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဇွန်လ အတွင်းမှာ ကျင်းပသွားခဲ့တဲ့ World E-Esports Legendary League မှာ ဗိုလ်စွဲပြီး နောက်ပိုင်း Fnatic Dota2 အသင်းရဲ့ စွမ်းဆောင်ရည်ဟာ တစ်မဟုတ်ခြင်း ကျဆင်းသွားခဲ့သလို BTS Pro Series Season 2: SEA ပြိုင်ပွဲမှာ တတိယ၊ ONE Esports Dota 2 SEA League မှာ ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

အဆိုပါ ပြိုင်ပွဲ နှစ်ခုလုံးမှာ 23savage ရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို ကျဆင်းနေခဲ့ပြီး မလုပ်သင့်တဲ့ အမှားတွေကို ဆက်တိုက် ကျူးလွန်မိခဲ့တာကြောင့် အခုလို အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်။
DOTA ROSTER UPDATE
— FNATIC (@FNATIC) July 28, 2020
The Raven Returns.
The Fnatic carry, @ravendoto. 🇵🇭
Southeast Asia reveres him or fears him, and now he's back in Black and Orange.
FULL ANNOUNCEMENT 📰 https://t.co/MsE0I35tHm pic.twitter.com/Ct5mFdCEHh
Fnatic Dota2 အသင်း အနေနဲ့ 23savage ရဲ့ နေရာအတွက် Geek Fam Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Raven ကို ခေါ်ယူလိုက်ပြီ ဖြစ်တာကြောင့် 23savage အနေနဲ့ လစ်လပ်သွားတဲ့ Geek Fam Dota2 အသင်းရဲ့ Carry Position မှာ ဝင်ရောက် ကစားသွားဖွယ် ရှိပါတယ်။
REF: VpEsports