ဒုတိယမြောက် 11K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ 23savage

ဒုတိယမြောက် 11K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ 23savage

SEA အခြေစိုက် နာမည်ကျော် Dota2 အသင်း Fnatic ရဲ့ အသက် (၁၈) နှစ် အရွယ် Carry ကစားသမာား 23savage ကတော့ ဒုတိယမြောက် 11K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 23savage အရင် ပထမဆုံး 11K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာကတော့ EG Dota2 အသင်းရဲ့ Mid Lane ကစားသမား Abed ဖြစ်ပြီး ပြီးခဲ့တဲ့ မေလမှာ 11K MMR ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

Abed

23savage အနေနဲ့ 10K MMR ပြည့် ၁၉ ယောက်မြောက် ကစားသမား အဖြစ် ၂၀၂၀ ခုနှစ်၊ မေလကမှ မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ထပ် နှစ်လ အကြာ၊ ဇူလိုင်လမှာ 11K MMR ရရှိအောင် ထပ်မံ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် 23savage ဟာ 11K MMR ပြည့်မြောက်ဖို့ အတွက် Hero တစ်ကောင်တည်းကို အသုံးပြုခဲ့တာ မဟုတ်ဘဲ မတူညီတဲ့ Hero ပေါင်း များစွာကို အသုံးပြုပြီး Hero Pool ကျယ်ကြောင်းကိုလည်း တစ်ခါတည်း သက်သေ ပြနိုင်ခဲ့ပါတယ်။ 23savage အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၁၅ ပွဲမှာ မတူညီတဲ့ ဟီရိုး ၁၁ ကောင်ကို အသုံးပြုခဲ့ပြီး နိုင်ပွဲ ၁၀ ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

23savage အနေနဲ့ Public Match တွေမှာ စွမ်းဆောင်ရည် ပြသလျက်ရှိပြီး အခုလို 11K MMR စံချိန်သစ်ကို ရယူနိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲတွေမှာတော့ မလုပ်သင့်တဲ့ အမှားတွေကို ပြုလုပ်မိလေ့ ရှိပါတယ်။ ဒါကြောင့် မကြာခင် ယှဉ်ပြိုင်သွားရမယ့် ESL One Thailand 2020 ပြိုင်ပွဲမှာ 23savage တစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပြသနိုင်ပြီး Fnatic Dota2 အသင်းနဲ့အတူ ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle