ကလေးတွေ နည်းပညာသုံးခြင်းကနေ ဘေးအန္တရာယ် မကျရောက်စေဖို့ ဘယ်လိုသွန်သင်မလဲ

ကလေးတွေ နည်းပညာသုံးခြင်းကနေ ဘေးအန္တရာယ် မကျရောက်စေဖို့ ဘယ်လိုသွန်သင်မလဲ

ဟိုတစ်နေ့က Facebook သုံးရင်းနဲ့ ချစ်သုဝေက သူသမီးအမြွှာလေးနှစ်ယောက်ကို ဖုန်းတွေ၊ တီဗီတွေ ကြည့်ခွင့်မပေးဘဲ အားကစားများများလုပ်ပြီး ဆော့ကစားတဲ့ပုံစံမျိုးနဲ့ ကလေးကို တတ်နိုင်သမျှ ထိန်းကျောင်းတယ်ဆိုတာကို တွေ့ရှိရတဲ့အခါ ခေါင်းထဲကို အတွေးလေးတချို့ ဝင်လာပါတယ်။ ဒီနေ့ခေတ်ကြီးဟာ အရမ်းကို ခေတ်မီတိုးတက်ပြောင်းလဲလာသလို မိဘတွေအနေနဲ့ကလည်း ချစ်သုဝေထိန်းသလိုမျိုး ထိန်းကျောင်းဖို့ လိုလာတာကတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း မိဘတွေအနေနဲ့ သားသမီးတွေကို တခြားသူတွေနဲ့ တန်းတူ လူတန်းစေ့ထားနိုင်အောင် ကြိုးစားလာရတဲ့အခါ အမေရော အဖေရော အပြင်ထွက်ပြီး အလုပ်လုပ်ကြရပါတယ်။ အဲဒီလို အလုပ်လုပ်လာရတဲ့အခါ ကလေးတွေ ငြိမ်အောင် ထိန်းဖို့အတွက်ဆိုပြီး ကူထိန်းပေးတဲ့ လူကြီးတွေက ကလေးတွေကို ဖုန်းတွေ ပေးကြည့်ထားတာမျိုး၊ ကွန်ပျူျတာတွေ ဖွင့်ပြထားတာမျိုးနဲ့ တီဗီတွေဖွင့်ကာ ထိန်းကျောင်းတာမျိုး လုပ်ရာကနေ နည်းပညာပစ္စည်းတွေ သုံးပြီး ထိန်းကျောင်းမှန်းမသိ ထိန်းကျောင်းလာမိကြပါတယ်။

အဲဒီလိုမျိုးထိန်းကျောင်းရင်းကနေ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ နည်းပညာပစ္စည်းတွေကို စွဲလန်းလာတာမျိုးတွေ၊ နည်းပညာပစ္စည်းတွေမရှိရင် မငြိမ်တာမျိုးတွေ ဖြစ်လာရာကနေ နည်းပညာပစ္စည်းတွေကြောင့် မျက်စိထိခိုက်လာတာတွေ၊ အိပ်ချိန်မမှန်တာတွေ အစရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ နည်းပညာပစ္စည်းတွေကနေတစ်ဆင့် အသက်အန္တရာယ် ထိခိုက်လာတာမျိုးတွေ၊ ခြိမ်းခြောက်ခံရတာမျိုးတွေအထိ ဖြစ်လာနိုင်တာကိုလည်း လူမှုကွန်ယက်တွေမှာ မကြာခဏဆိုသလို တွေ့နေရလို့ မိဘတွေအနေနဲ့ ကလေးငယ်လေးတွေကို နည်းပညာပစ္စည်းတွေ သုံးပြီး ထိန်းရင် ဘေးကင်းလုံခြုံအောင် ထိန်းကျောင်းဖို့ လိုတယ်ဆိုပြီး အတွေးလေးတွေ ဝင်လာရာကနေ ဒီနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ်။

အချက်အလက်တွေလုံခြုံအောင်သိမ်းဆည်းပါ
ရန်သူဆိုတာ ဂျိုနဲ့လာမှာလား ဘာနဲ့လာမှာလဲ သေချာသိနိုင်တာမဟုတ်တဲ့အတွက် ကိုယ်မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကိုယ်ဘက်က မသိဘဲ မျှဝေမိတာမျိုး မဖြစ်ရအောင် ကိုယ်မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တတ်နိုင်သမျှ မတင်မိအောင်၊ ဖော်ပြမိတာမျိုးတွေ မဖြစ်အာင် လုံလုံခြံခြုံသိမ်းဆည်းပြီး နေထိုင်ပါ။ ကိုယ်ကမဖော်ပြမိရင်တောင် ကိုယ့်ကလေးက ကိုယ်ဖုန်းကိုယူပြီး မသိဘဲ ဖော်ပြမိတာမျိုးတွေလည်း ဖြစ်နိုင်လို့ ကလေးက ဖုန်းပေါ်မှာ ဘာတွေတင်လဲဆိုတာကိုလည်း တတ်နိုင်သမျှ စစ်ဆေးပါ။ ကလေးတွေဟာ မထင်မှတ်ဘဲ Live Stream တွေ လွှင့်မိရာကနေ ကိုယ်တည်ရှိနေတဲ့ နေရာကို Status တွေတင်မိတာမျိုးကနေ ကိုယ့်ကိုယ် စောင့်ကြည့်နေတဲ့သူတွေကို သတင်းပေးမိတာမျိုး အများကြီး ဒုနဲ့ဒေးကြုံတွေ့နေရလို့ သတိပြုဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်လိုတဲ့သူတွေက ကလေးကို ဖြားယောင်သွေးဆောင်ပြီး ခေါ်သွားနိုင်ဖို့အတွက်ဆို မိဘတွေမရှိတဲ့အချိန်နဲ့ အုပ်ထိန်းသူမရှိတဲ့အချိန်ကို စောင့်မျှော်နေတတ်လို့ ကလေးတွေဟာ လူကြီးတွေမရှိတဲ့အချိန်မှာ Live လွှင့်မိတာမျိုး၊ တစ်ခုခုဖော်ပြမိတာမျိုး၊ အရိပ်အယောင်ပြမိတာမျိုး လုံးဝမလုပ်မိအောင် ကိုယ်ဘက်ကနေ ကြိုတင်ကာကွယ်ထားပါနော်။

မိဘက ကျွမ်းကျင်တဲ့ အသုံးပြုသူဖြစ်အောင် လုပ်ထားပါ
အခုခေတ် မိဘတွေပြန်ပြောနေတဲ့အထဲကမှ ပြန်ကြားရတာတစ်ခုကတော့ ” ၁၀ နှစ်အရွယ် ကျွန်မသားလေးက ကျွန်မထက်ပိုပြီး နည်းပညာပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ပိုသုံးတတ်ကြတယ်” ဆိုပြီး ဂုဏ်ယူဝင့်ကြွားကာ ပြောနေတတ်ကြပါတယ်။ အမှန်တော့ မိဘတွေအနေနဲ့ ဒီအချက်ကို ဂုဏ်ယူဝင့်ကြွားမနေသင့်ဘဲ ဒီအချက်ဟာ ကိုယ့်ရင်သွေးလေးကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို နားလည်သဘောပေါက်သင့်ပါတယ်။ ဘာကြောင့် အဲဒီလိုပြောရတာလဲဆိုတော့ ကလေးတွေဟာ ပစ္စည်းတွေကိုဆို ဆော့ကစားဖို့လောက်သာ အာရုံရှိပြီး နည်းပညာပစ္စည်းသုံးခြင်းကနေ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို တော်ရုံသတိမပြုမိနိုင်လို့ မိဘတွေကို ကလေးတွေ ဘာတွေသုံးနေလဲ၊ ဒီလိုတွေ သုံးနေခြင်းကနေ ဘာတွေ ဖြစ်စေနိုင်လဲဆိုတာကို ကလေးတွေမသုံးခင် အရင်ကျွမ်းကျွမ်းကျင်ကျင်သုံးထားကြည့်ပြီးမှ ကလေးတွေ လက်ထဲထည့်ပေးပါ။

ဒါ့အပြင် ယနေ့ခေတ် ကလေးတွေ ဆော့ကစားတဲ့ အရုပ်တွေဟာ ပိုပြီး စမတ်ကျလာပြီး အရုပ်တွေတော်တော်များမှာ Wifi တွေ၊ Bluetooth တွေ တပ်ဆင်ထားကြတာကို တွေ့ရှိရပါတယ်။ FBI က မှုခင်းတွနည်းလာစေဖို့အတွက် ကိုယ်ကလေးမှာရှိတဲ့ အရုပ်တွေရဲ့ Website တွေကို သွားရောက်ကြည့်ရှုလေ့လာဖို့တော့ အကြံပြုထားပါတယ်။ မသိတဲ့အရာတွေကိုလည်း အင်တာနက်ကနေ ရှာဖွေလေ့လာကြည့်ပြီး ကိုယ့်က ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပြီး ၊ အန္တရာယ်လည်း သိပ်မဖြစ်နိုင်စေဘူးဆိုတာကို သိပြီဆိုမှ ကလေးလက်ထဲကို ထည့်ပေးခြင်းက မလိုလားအပ်တဲ့ ဘေးအန္တရာယ်ကို မဖြစ်စေနိုင်တော့ပါဘူးနော်။

ကလေးတွေဝင်ရောက်တဲ့ App တွေကို သိရှိအောင်လုပ်ထားပါ
ကလေးတွေကို ဘာအန္တရာယ်မှမရှိအောင် ကာကွယ်ချင်တာက မိဘတွေရဲ့ မေတ္တာ၊စေတနာမှန်ပေမယ့်လည်း ကာကွယ်စောင့်ရှောက်ဖို့ တစ်ခုတည်းအတွက်နဲ့တော့ ကလေးတွေရဲ့ Privacy ကို ချိုးဖောက်ဖို့ မလိုပါဘူးနော်။ သူတို့မသိအောင် သူတို့ အသုံးအဆောင်တွေကို ဝင်ကြည့်တာက ကလေးတွေ ပြန်သိရင် မိဘနဲ့ အတိုက်အခံဖြစ်ကာ ပိုဝေးသွားစေနိုင်တဲ့ အတွက်ကြောင့်ပါ။ အဲဒီလို ကြည့်မယ့်အစား သူတို့အသုံးပြုနေတဲ့အချိန် သူတို့ရဲ့ဘေးနားမှာ ထိုင်ပြီး ဘာစိတ်ဝင်စားစရာတွေ ကြည့်နေလဲ မေမေမသိလို့ မေမေ့ကိုရော ပြလို့ရမလားဆိုပြီး သူတို့အသုံးပြုတဲ့ App လေးတွေကို ခွင့်တောင်းပြီး ကြည့်ကြည့်ပါ။ သူတို့သုံးတဲ့ အထဲကမှ ကိုယ်နဲ့ မရင်းနှီးတဲ့ဟာမျိုးနဲ့ နားမလည်တာတွေကို တွေ့ရင် မှတ်ထားပြီး အွန်လိုင်းမှာ ရှာကြည့်ပါ။ ဘေးကင်းမှုရှိမရှိကလည်း စစ်ဆေးနိုင်ဖို့အတွက် ကိုယ်ဖုန်းထဲမှာလည်း Download ဆွဲပြီး အကောင့်ဖွင့်ကာ စမ်းကြည့်ပါ။ Roblox ၊ Yellow နဲ့ Periscope အစရှိတဲ့ App တွေက ကလေးတွေကို ထိခိုက်စေပြီး ကလေးတွေအပေါ်ကိုလည်း လိင်စိတ်တိမ်းညွှတ်မှုဖြစ်အောင် လုပ်တဲ့ App တွေလည်း ဖြစ်လို့ ဝင်ရောက်မှုမရှိအောင် မိဘတွေအနေနဲ့ ကြိုကြည့်ထားပြီး လမ်းလွဲှပေးတာမျိုးတွေ လုပ်ပေးပါ။

ဒီနည်းလမ်းတွေဟာ ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ ကိုယ်ကလေးတွေကို ကြီးပြင်းအောင် ထိန်းကျောင်းတဲ့အခါမှာ ဘယ်အန္တရာယ်မှ မကျရောက်အောင် ကာကွယ်နိုင်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတချို့ ဖြစ်ပါတယ်။ ဒီဂျစ်တယ်ခေတ်ဆိုပြီးဖြစ်နေမှတော့ ဒီဂျစ်တယ်ပစ္စည်းတွေနဲ့ ကလေးတွေကို လုံးဝကြီး ကင်းကွာအောင်တော့ လုပ်လို့မရတဲ့အတွက် ဒီလိုမျိုးနည်းလမ်းလေးတွေကိုသာ သုံးပြီး၊ ဘာတွေသုံးခြင်းကနေ ဘာတွေဖြစ်လာနိုင်မလဲဆိုပြီး ရှင်းပြပေးတာမျိုးလေးတွေ၊ Security က အရေးကြီးတယ်ဆိုတာမျိုးလေးတွေ ရှင်းပြပေးတာမျိုးတွေ၊ အသိပညာပေးတာမျိုးလေးတွေလုပ်ပြီး နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ကြပါစေ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle