ESL One LA အွန်လိုင်းပြိုင်ပွဲမှာ OG Dota2 အသင်း ကိုယ်စားပြု ကစားသွားမယ့် 33

ESL One LA အွန်လိုင်းပြိုင်ပွဲမှာ OG Dota2 အသင်း ကိုယ်စားပြု ကစားသွားမယ့် 33

Alliance Dota2 အသင်းကနေ ပူပူနွေးနွေး ထုတ်ပယ်ခံခဲ့ရတဲ့ Net “33” Shapira အနေနဲ့ ဧပြီလ (၄) ရက်နေ့မှာ စတင် ကျင်းပသွားမယ့် ESL One LA Europe and CIS Division ပြိုင်ပွဲမှာ OG Dota2 အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

33

ESL One LA အွန်လိုင်း ပြိုင်ပွဲ စတင်တော့မှာ ဖြစ်ပေမယ့် OG Dota2 အသင်းရဲ့ Mid Lnae ကစားသမားဖြစ်သူ Topias “Topson” Taavitsainen နဲ့ Offlane ကစားသမားဖြစ်သူ Yeik “MidOne” Nai Zheng တို့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် OG Dota2 အသင်း အနေနဲ့ ESL One LA အွန်လိုင်း ပြိုင်ပွဲအတွက် အစားထိုး ကစားသမားနှစ်ဦးနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ OG Dota2 အသင်းရဲ့ Offlane Position အတွက် အစားထိုး ကစားသမား အဖြစ် တာဝန်ယူသွားမယ့် ကစားသမားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားလည်းဖြစ်၊ OG Dota2 အသင်းနဲ့အတူ ၂ နှစ်ဆက် TI ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်တဲ့ Sebastien “Ceb” Debs ပဲ ဖြစ်ပါတယ်။

Ceb

Ceb အနေနဲ့ မကြာသေးမီ အချိန်က ကျင်းပပြီးစီးသွားခဲ့တဲ့ WeSave! Charity Play ပရဟိတ Dota2 ပြိုင်ပွဲမှာလည်း OG Dota2 အသင်းမှာ အစားထိုး ကစားသမားအဖြစ် ဝင်ရောက် ကစားပေးခဲ့ဖူးတာကြောင့် ESL One LA အွန်လိုင်းပြိုင်ပွဲဟာဆိုရင် Ceb အတွက် ဒုတိယအကြိမ်မြောက် OG Dota2 အသင်းမှာ ဒုတိယ အကြိမ်မြောက် အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးခြင်းပဲ ဖြစ်ပါတယ်။

Ceb နည်းတူ Alliance Dota2 အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ 33 အနေနဲ့လည်း OG Dota2 အသင်းမှာ အစားထိုး ကစားသမားအဖြစ် ဝင်ရောက် ကစားပေးသွားမှာဖြစ်ပြီး 33 အနေနဲ့ Topson ရဲ့ နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။ 33 အနေနဲ့ Dota2 လောကထဲကို စတင် ဝင်ရောက်ချိန်က စတင်ပြီး Offlane နဲ့ Support Position မှာသာ ကစားခဲ့ဖူးပေမယ့် OG Dota2 အသင်းမှာတော့ Mid Lane ကစားသမား အဖြစ် ပထမဆုံးအကြိမ် ကစားပေးသွားမှာ ဖြစ်ပါတယ်။

33

OG Dota2 အသင်း အနေနဲ့ ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ အဖွင့်ပွဲစဉ်အဖြစ် နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Nigma နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် ရလဒ်ကောင်းတွေကို ဖော်ဆောင်သွာားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

OG Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Sumail “Sumail’ Hassan – Pos 1
  • Neta “33” Shapira – Pos 2
  • Sebastien “Ceb” Debs – Pos 3
  • Martin “Saksa” Sazdov – Pos 4
  • Johan “N0tail” Sundstein – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ