ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိမရှိ အထူး စောင့်ကြည့်ခံနေရတဲ့ Team Aster Dota2 အသင်းရဲ့ ကစားသမားများ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိမရှိ အထူး စောင့်ကြည့်ခံနေရတဲ့ Team Aster Dota2 အသင်းရဲ့ ကစားသမားများ

တရုတ်နိုင်ငံ အခြေစိုက် Dota2 အသင်း အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Esports ပြိုင်ပွဲများ ရက်အကန့်အသတ်မရှိ ရပ်နားသွားခြင်း မရှိခင် ယူကရိန်းနိုင်ငံ၊ Kyiv မြို့တော်မှာ နောက်ဆုံး ကျင်းပသွားခဲ့တဲ့ DPC Event StarLadder ImbaTV Dota2 Minor ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပေမယ့်လည်း တရုတ်နိုင်ငံ ပြန်အရောက်မှာတော့ ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Fade

Aster Dota2 အသင်းရဲ့ ကစားသမား (၄) ဦးဖြစ်တဲ့ Fade, BoBoKa, Xxs, ChYuan တို့ ယူကရိန်းကနေ တရုတ်နိုင်ငံကို ပြန်လာတဲ့ ခရီးစဉ်မှာ Team Aster အဖွဲ့သားတွေနဲ့အတူ လေယာဉ် တစ်စီးတည်း စီးနင်း လိုက်ပါလာခဲ့တဲ့ ခရီးသည်တစ်ဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေခဲ့တာကြောင့် အထူး စောင့်ကြည့်ခြင်းကို ခံယူနေရတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိမရှိ အထူးစောင့်ကြည့်ခြင်း ခံယူနေရကြောင်းကို Aster Dota2 အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Fade ကတော့ အခုလိုပဲ အရွှန်းဖောက် ပြောကြားသွားခဲ့ပါတယ်။

Sccc

“ကိုယ်လူတို့ရေ၊ ကျွန်တော်တို့ လေးယောက်တော့ Gank ခံလိုက်ရပြီ ထင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ လေယာဉ်စီးနင်းလိုက်ပါလာတဲ့ ခရီးသည် တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာကြောင့် လေယာဉ်ပါ ခရီးသည်တွေ အားလုံး အထူးစောင့်ကြည့်ခြင်းကို ခံယူနေရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းရဲ့ Carry ကစားသမားဖြစ်သူ Sccc ကတော့ ကျွန်တော်တို့နဲ့အတူ လိုက်ပါခဲ့ခြင်း မရှိဘဲ အခြားသော လေယာဉ်နဲ့သာ တရုတ်နိုင်ငံကို ပြန်သွားခဲ့တာ ဖြစ်တာကြောင့် အထူးစောင့်ကြည့်မှုတွေ ခံယူဖို့ လိုအပ်ခြင်း မရှိခဲ့ပါဘူး။”

ChYuan

ဒါ့အပြင် Aster Dota2 အသင်းရဲ့ Mid-Lane ကစားသမားဖြစ်သူ ChYuan ရဲ့ ပြောကြားချက်များအရ Fade, BoBoKa, Xxs, ChYuan တို့ လေးဦးအနေနဲ့ တရုတ်နိုင်ငံကို ရောက်ရှိတာနဲ့ အထူး စောင့်ကြည့်ခြင်း ခံယူခဲ့ရပြီး၊ တကယ်လို့ မတ်လ (၂၉) ရက်နေ့အထိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း မရှိခဲ့ဘူးဆိုရင် ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle