မန္တလေးမြို့( ၆၂) လမ်း Central Point အရှေ့တွင် 5BB အရောင်းစင်တာအသစ်ထပ်မံဖွင့်လှစ်ခြင်း

မန္တလေးမြို့( ၆၂) လမ်း Central Point အရှေ့တွင် 5BB အရောင်းစင်တာအသစ်ထပ်မံဖွင့်လှစ်ခြင်း

၁၁.၆.၂၀၂၀ နေ့တွင်မန္တလေးမြို့ (၆၂) လမ်းCentral Point အရှေ့တွင် မန္တလေးမြို့သူ၊သား များအတွက် 5BB ၏ဒုတိယမြောက် အရောင်းစင်တာ အသစ်ကို ထပ်မံဖွင့်လှစ်ပြီဖြစ်ပါတယ်။
" ဒါက ဒုတိယမြောက်အရောင်းစင်တာပေါ့၊ ပထမက၂၈ လမ်း၊  လမ်း ၈၀ နဲ့ ၈၁ လမ်းကြားမှာတစ်ခု၊အခုဒါနဲ့ဆို မန္တလေးမြို့အတွ့် ဓုတိယမြောက်အရောင်းစင်တာပေါ့ဗျာ " ဟု 5BB မှအထွေထွေမန်နေဂျာဦးမျိုးမြင့်ညွှန့်မှပြောပါတယ်။
" Coustumer တေနွအဆင်မပြေစေဖို့အတွက် ထပ်မံဖွင့်လှစ်ခြင်း ဖြစ်ပါတယ် " ဟုဈေးကွက်မန်နေဂျာဦးဟိန်းမင်းလွင်မှပြောပါတယ်။


5BB သည် Global Technology ၏ဝန်ဆောင်မှုအမှတ်တံဆိပ်ဖြစ်ပြီး၊ရန်ကုန်၊မန္တလေး၊ပဲခူး၊ပြည်နှင့် မော်လမြိုင်မြို့များတွင် Fiber Internet ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပြီး ၊ပဲခူး၊ ပြည်၊ မော်လမြိုင်၊မကွေး နှင့်ဘားအံ မြို့များတွင်သွားလေရာသယ်ဆောင်သွားနိုင်ပြီးကြိုက်သလောက်သုံး ကြိုးမဲ့ အင်တာနက် (LTE 4G+ )ကိုဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။


5BB အင်တာနက်ကို တပ်ဆင်အသုံးပြုသူများအနေဖြင့်လာလာကြည့် Application တွင် ရုပ်ရှင်ဇာတ်လမ်းများကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် Canal+ နဲ့ပူးပေါင်းထားတဲ့အတွက်ကြောင့်အထူးဈေးနှုန်းတွေနဲ့ Canal+ ရုပ်သံဇာတ်လမ်းများ၊ ဇာတ်လမ်းတွဲများကိုလည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။