ကမ္ဘာ့နိုင်ငံအသီးသီးက ကျင့်သုံးတဲ့ အလှအပလျှို့ဝှက်နည်းလမ်းကောင်းများ

ကမ္ဘာ့နိုင်ငံအသီးသီးက ကျင့်သုံးတဲ့ အလှအပလျှို့ဝှက်နည်းလမ်းကောင်းများ

မိန်းကလေးတိုင်းဟာ အလှအပကို နှစ်သက်ခုံမင်ကြသလို အလှအပနဲ့ပက်သက်တဲ့ နည်းလမ်းလေးကောင်းလေးတွေကိုလည်း ဖတ်ရှုပြီး လိုက်လုပ်ကြည့်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ကိုယ်နိုင်ငံမှာ မြန်မာ့ရိုးရာသနပ်ခါးကိုလိမ်းပြီး အသားအရေကို ထိန်းသိမ်းတတ်ကြသလိုမျိုး တခြားနိုင်ငံတွေမှာလည်း သူတို့နိုင်ငံထွက်ပစ္စည်းတွေနဲ့ သူတို့ရဲ့ အလှအပလျှို့ဝှက်နည်းလမ်းတွေကိုသုံးပြီး ပြင်ဆင်တတ်ကြပါတယ်။ သူတို့လှနေသလိုမျိုး ကိုယ်နိုင်ငံက အမျုျိးသမီးလေးတွေလည်း လှနေစေဖို့ သူတို့ကျင့်သုံးတဲ့ နည်းလမ်းကောင်းတွေကို စပ်စပ်စုစုရှာဖွေပြီး တင်ပြပေးလိုက်ပါတယ်။

ဂရိ
သမိုင်းကြောင်းအထောက်အထားတွေအရ ချောမောလှပတဲ့ ရှေးဟောင်းဂရိနတ်ဖုရားတွေရှိခဲ့တာကို တွေ့ရှိခဲ့ရတဲ့အချိန်ကစပြီး ဂရိတွေရဲ့ အလှအပလျှို့ဝှက်နည်းတွေကို အရမ်းစိတ်ဝင်စားပြီး သိချင်ခဲ့ဖူးပါတယ်။ သိချင်လို့ လိုက်ပြီး ရှာဖွေဖတ်ရှုကြည့်လိုက်တဲ့အခါ သူတို့ကျင့်သုံးတဲ့ လျှို့ဝှက်နည်းက သံလွင်ဆီအသုံးပြုတာဆိုပြီး တွေ့ရှိခဲ့ရပါတယ်။ သံလွင်ဆီမှာ Antioxidants တွေနဲ့ ဗီတာမင်တွေ ကြွယ်ကြွယ်ဝဝပါဝင်တဲ့အတွက် အသားအရေကို ကျန်းမာကောင်းမွန်စေပါတယ်။ ဒါကြောင့်မို့ ဂရိနတ်ဖုရားမတွေဟာ အသားအရေ အရမ်းကို လှပကျန်းမာကောင်းမွန်နေတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်သုတေသနတွေအရဆိုရင်လည်း သံလွင်ဆီဟာ ဓာတ်ပုံတွေ အရမ်းရိုက်ရတာကြောင့် ထိခိုက်လာတဲ့ အသားအရေနဲ့ နေလောင်ဒဏ်ကြောင့် ထိခိုက်တဲ့ အသားအရေတွေကို ထိထိရောက်ရောက် ပြန်လည်ကောင်းမွန်အောင် ကူညီပေးပါတယ်။ သံလွင်ဆီကလည်း ကိုယ်နိုင်ငံမှာလည်းရတယ်ဆိုတော့ သူတို့လို လှပစေဖို့ အသုံးချဖို့ပဲ လိုပါတယ်နော်။

Photo Credit: Medical News Today

တရုတ်
ကိုယ်တွေရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ကတော့ ဆန်ဆေးရေကို အသားအရေလှပဖို့အတွက် အသုံးချပါတယ်တဲ့။ သူတို့နိုင်ငံကနေ ထွက်ရှိတဲ့ ဆန်က နာမည်ကြီးသလို ဆန်ဆေးရေဟာ အလှတရားအတွက် နာမည်ကြီး အလှကုန်တစ်ခုလို ဖြစ်နေပါတယ်။ တရုတ်အမျိုးသမီးတွေဟာ ဆန်ဆေးရေကို မျက်နှာသန့်စင်ဖို့အတွက် အဓိကထားပြီး သုံးကြပါတယ်။ ဆန်ဆေးရေးမှာ Antioxidant တွေ အပြည့်ပါဝင်ပြီး အသားအရေကို အားဖြည့်ပေးကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဖြစ်စေနိုင်တဲ့ Free Radical တွေကို တိုက်ထုတ်ပေးပါတယ်။ ဆန်ဆေးလို့ရတဲ့ ရေကိုအသုံးပြုလို့ရသလို ဆန်အနည်းငယ်ကို ရေထဲမှာ တစ်နာရီခွဲလောက်စိမ်ထားပြီး ရလာတဲ့ ရေကိုလည်း အသုံးပြုပြီး သစ်လို့ရပါတယ်။ ကိုယ်တွေဆီမှာကလည်း ထမင်းကို အဓိကထားပြီး စားသုံးတဲ့သူတွေဆိုတော့ ကိုယ်တွေလည်း ဆန်ဆေးရေကိုသုံးပြီး မျက်နှာသစ်ကြည့်လို့ရပါတယ်။

Photo Credit: boldsky.com

ဂျပန်
ဂျပန်နိုင်ငံက ပြည်တွင်းအရက်ဖြစ်တဲ့ Sake ဟာ ဆန်စပျစ်ဝိုင်ဖြစ်ပြီး ဂျပန်ဆန်နဲ့ အဓိကပြုလုပ်ထားပါတယ်။ ဒီ Sake ဟာ ဂျပန်ဆန်ကို အချဉ်ဖောက်ပြီး လုပ်ထားတာဖြစ်ကာ သူတို့နိုင်ငံကလူတွေကတော့ အဲဒီဆန်အရက်နဲ့စိမ်ပြီး ရေချိုးလေ့ရှိကြပါတယ်။ ဘာကြောင့် အဲဒီလိုစိမ်ပြီးချိုးကြတာလဲဆိုတော့ Sake မှာ Kojic Acid ပါဝင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ Kojic Acid ဟာ သဘာဝ Exfoliator လို လုပ်ဆောင်ပေးပြီး အမဲရောင်အစက်အပျောက်တွေကိုလည်း လျော့ကြစေပါတယ်။ အခုနောက်ပိုင်း ဂျပန်အစားအသောက်တွေကလည်း မြန်မာနိုင်ငံကို ပြန်နှံ့ရောက်ရှိလာပြီဆိုတော့ Sake ကိုသုံးပြီး ကြမ်းတမ်းနေတဲ့ အသားအရေကို ချောမွေ့အောင် လုပ်လို့ရသလို အသားအရောင်မညီတာတွေကိုလည်း ညီအောင်လုပ်လို့ရပါတယ်။

Photo Credit:OYAKATA

စင်ကာပူ
ထောပတ်သီးကြိုက်တဲ့ ထောပတ်သီးချစ်သူလေးတွေ ရှိကြလား။ ဘာကြောင့်လဲဆိုတော့ အခုပြောပြမယ့် အလှအပနည်းလမ်းက ထောပတ်သီးကို အသုံးပြုရတာ ဖြစ်လို့ပါ။ စင်ကာပူကအမျိုးသမီးတွေဟာ သဘာဝအတိုင်း အစိုဓာတ်ရရှိစေဖို့ ချေထားတဲ့ ထောပတ်သီးကို မျက်နှာမှာလိမ်းပေးလေ့ရှိကြပါတယ်။ ထောပတ်သီးအဆီမှာ Fatty Acid တွေ ကြွယ်ကြွယ်ဝဝပါဝင်ပြီး ဗီတာမင်အီး၊ ပိုတက်ဆီယမ်၊ Lecithin ခေါ် Amino Acid နဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ကြွယ်ဝဝပါလို့ အသားအရေကို အားဖြည့်ပေးပြီး အစိုဓာတ်လည်းရရှိစေပါတယ်။ ကိုယ်နိုင်ငံမှာလည်း ထောပတ်သီးတွေကလည်း ပေါပေါများများရရှိနေတယ်ဆိုတော့ အသားအရေခြောက်တဲ့သူတွေအနေနဲ့ အသားအရေ အစိုဓာတ်ရအောင် စမ်းလုပ်ကြည့်သင့်ပါတယ်နော်။

Photo Credit: instructables.com

အီဂျစ်
အီဂျစ်ရဲ့ အလှဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့ Cleopatra ကျင့်သုံးတဲ့ အလှပရေးရာနည်းလမ်းတစ်ခုကတော့ ဒီနေ့ခေတ်လူတိုင်း လိုက်ပြီးကျင့်သုံးလို့ရတဲ့အပြင် တကယ်ကို အသားအရေအတွက် အထောက်အကူရစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ နူးညံချောမွေ့ပြီး ကလေးတွေလိုမျိုး အသားအရေရရှိပိုင်ဆိုင်ဖို့အတွက် သူမဟာ ပျားရည်နဲ့ နွားနို့ကို ရောနှောပြီး ရလာတဲ့အရောအနှောနဲ့ ရေချိုးလေ့ရှိပါတယ်။ နွားနို့မှာ Alpha-Hydroxy Acid( AHAs) ပါဝင်ပြီး အဲဒီအက်ဆစ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ပျားရည်မှာတော့ Antibacterial ဂုဏ်သတ္တိရှိတဲ့အတွက် အရေးပြားကို ဓာတ်မတည့်တာတွေ မဖြစ်စေဘဲ ပိုးဝင်တာမျိုးလည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။


Photo Credit:Organic Facts

နိုင်ငံအများစုက ကျင့်သုံးတဲ့ အလှအပနည်းလမ်းလေးတွေကို ဖော်ထုတ်ပေးလိုက်ပြီဆိုတော့ အလှအပချစ်သူတွေ၊ လှချက်ရက်စက်စက်ယိုလေးတွေ လက်တွေ့အသုံးချကြည့်ဖို့တော့ မမေ့ပါနဲ့နော်။ အလှကြိုက်တဲ့ အမျိုးသမီးလေးတွေ သိတဲ့ တခြားနိုင်ငံက အလှအပနည်းလမ်းတွေရှိရင်လည်း ထပ်ပေါင်းထည့်ပေးသွားပါဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle