အမြွှာညီအကိုမောင်နှမတွေ ရှိလိမ့်မယ်လို့တောင် မထင်ရတဲ့ နာမည်ကြီးဆယ်လီများ

အမြွှာညီအကိုမောင်နှမတွေ ရှိလိမ့်မယ်လို့တောင် မထင်ရတဲ့ နာမည်ကြီးဆယ်လီများ

လောကကြီးမှာ လူတူမရှား နာမည်တူမရှား လူတွေရှိကြသလို အမြွှာတွေဖြစ်ပြီး တစ်ပုံစံတည်း ချွတ်စွတ်တူနေတာမျိုးမဟုတ်တဲ့ အမြွှာတွေလည်း ရှိကြပါတယ်။ အခုဖော်ပြပေးမှာကတော့ နာမည်ကျော် ဆယ်လီအမြွှာတွေအကြောင်းဖြစ်ပြီး အမြွှာတွေလိုသာ ပြောပေမယ့် အမြွှာလို့ပြောရအောင်လည်း ရုပ်ကတစ်ပုံစံတည်းမတူကြတဲ့ အမြွှာတွေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အမြွှာတွေထဲမှာ ကိုယ်ကြိုက်တဲ့ ဆယ်လီတွေရော ပါမပါ ကြည့်လိုက်ကြရအောင်။

Scarlett Johansson နဲ့ Hunter Johansson

အမြွှာတွေဖြစ်ပြီး ရုပ်လုံးဝချွတ်စွပ်မတူတဲ့ အမြွှာတွေကိုပြပါဆိုရင် ဒီနှစ်ယောက်ကို လက်ညှိုးထိုးပြရမှာ အသေအချာပါပဲ။ Hunter က သူအစ်မရဲ့ အစောပိုင်းရုပ်ရှင်တွေမှာ ပါဝင်ခဲ့သလို အများအားဖြင့် Political Campaigns တွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ သွေးသားရင်းချာတွေ ဖြစ်ကြပေမယ့် သူတို့နှစ်ယောက်လုံးဟာ ဘယ်အရာမှ မတူညီကြသလို အရပ်လည်း ကွာခြားတဲ့သူတွေ ဖြစ်ပါတယ်။

Vin Diesel နဲ့ Paul Vincent


Vin Diesel နဲ့ Paul Vincent တွေဟာ အမြွှာတွေဖြစ်ကြပေမယ့် ရုပ်လုံးဝ မတူကြပါဘူး။ ရုပ်ချင်းလုံးဝမဆင်ကြတဲ့သူတွေ ဖြစ်ပေမယ့် ချစ်ချစ်ခင်ခင်ရှိကြတဲ့ ညီအကိုတွေဖြစ်ကြပါတယ်။ ရုပ်ရှင်နာမည်အဖြစ်သုံးတဲ့ Vin Diesel နာမည်ရဲ့ အစစာလုံး Vin ဟာ သူအကိုရဲ့နာမည်အစစာလုံးကို ယူထားတာ ဖြစ်ပါတယ်။ Vin Diesel ရဲ့နာမည်အရင်းကတော့ Mark Sinclair ဖြစ်ပါတယ်။ သူတို့ညီအကိုနှစ်ယောက်ဟာ တခြားမောင်နှမနှစ်ဦးနဲ့အတူ မွေးစားဖခင်လက်ထဲမှာ ကြီးပြင်းလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

Gisele Bündchen နဲ့ Patricia Bündchen


Gisele Bündchen ဟာ ဘရားဇီစူပါမော်ဒယ်ဖြစ်ပြီး သူရဲ့အမြွှာညီမနဲ့ သူနဲ့ဟာ ရုပ်ချင်းဆင်သလိုလိုရှိပေမယ့် မတူကြပါဘူး။ သူတို့နှစ်ယောက်ရဲ့ သွေးချင်းမောင်နှမတွေ အကုန်လုံးက မိန်းကလေးတွေချည်းပဲ ဖြစ်ကြပါတယ်။ သူတို့မိသားစုမှာ သူတို့နှစ်ယောက်အပါအဝင် စုစုပေါင်း ညီအစ်မခြောက်ယောက် ရှိကြပါတယ်။ မိန်းကလေးပါတီထူထောင်ထားတဲ့ မိသားစုတွေလို့ ပြောမယ်ဆိုရင်လည်း ပြောလု့ိရပါတယ်။

Michael Kutcher နဲ့ Ashton Kutcher


Michael Kutcher နဲ့ Ashton Kutcher တွေက အမြွှာတွေဖြစ်ကြပေမယ့် သူတို့အမေကတော့ မွေးကာစမှာ အရွယ်အစားအရမ်းကွာခြားနေတဲ့ သူတို့နှစ်ဦးကြောင့် ကလေးတစ်ယောက်ပဲ မွေးတယ်လို့တောင် ထင်ခဲ့ဖူးပါတယ်တဲ့။ Ashton ဟာ ဆယ်ပေါင်ရှိပြီး Michael ကတော့ လေးပေါင်ပဲရှိကာ တစ်ရှုးတွေထဲမှာ အောက်ဆီဂျင်လိုတာထက် ပိုများနေခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာ Michael ဟာ Cerebral Palsy လို့ခေါ်တဲ့ ဦးနှောက်ချွတ်ယွင်းတဲ့အတွက်ကြောင့် ခြေလက်မလှုပ်ရှားနိုင်ဖြစ်လို့ နှလုံးအစားထိုးကုသမှု ခံယူခဲ့ရပါတယ်။ အခူချိန်မှာတော့ Michael ဟာ Motivational Speaker အဖြစ်နဲ့ရော ကိုယ်တွင်းကလီစာ လှူဒါန်းဖို့အတွက်လည်း အသိမြင်တွေ ပြန့်ပွားအောင် ဖြန့်ဝေသူအဖြစ်နဲ့ပါ အချိန်တွေကို ကုန်ဆုံးနေပါတယ်။ Ashton Kutcher ကတော့ အမေရိကန်မင်းသား၊ ပရိုဂျူဆာ အဖြစ်နဲ့ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Willow Shields နဲ့ Autumn Shields

ဒီအမြွှာညီအစ်မနှစ်ယောက်ကတော့ ရုပ်ချင်းအရမ်းဆင်တဲ့ အမြွှာညီအစ်မ နှစ်ယောက်လို့ ပြောလို့ရပါတယ်။ နှစ်ယောက်စလုံးက မင်းသမီးတွေ ဖြစ်ကြပါတယ်။ Willow ဟာ Hunger Game ဇာတ်ကားထဲမှာ Primrose Everdeen ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ပြီး အဲ့ဇာတ်ကောင်နဲ့ပဲ လူသိများခဲ့ပါတယ်။ Autumn ကတော့ Indie-Type ရုပ်ရှင်ကားတွေမှာ ပိုပြီး သရုပ်ဆောင်လေ့ရှိသူ ဖြစ်ပါတယ်။ သူတို့ရဲ့အကို River Shields ကလည်း မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ မောင်နှမတွေအကုန်လုံး မင်းသား၊ မင်းသမီးလုပ်တာကို ကြည့်ခြင်းအားဖြင့် အနုပညာကို တော်တော်ချစ်တဲ့ မောင်နှမတွေလည်း ပြောလို့ရပါတယ်။

Shawn Ashmore နဲ့ Aaron Ashmore

ရုပ်ချင်းသိပ်မဆင်ကြတဲ့ ဒီအမြွှာညီအကို နှစ်ယောက်လုံးက ရုပ်ရှင်မင်းသားတွေပဲ ဖြစ်ကြပါတယ်။ Shawn ကတော့ X-Men ရုပ်ရှင်စီးရီးထဲက Iceman မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Animorphs Television Show မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Aaron ကတော့ Killjoys ၊ Smallville နဲ့ Warehouse 13 အစရှိတဲ့ TV Series တွေမှာ ပါဝင်သရုပ်ဆောင်ပြီး လူသိများခဲ့သူပါ။

Rami Malek Twin Sami


Rami Malek မှာ အမြွှာညီအကို Sami ရှိတာကို လူသိပ်မသိကြပါဘူး။ သူတို့နှစ်ဦးဟာ ရုပ်ချင်းတော်တော်လေး ဆင်တူကြပြီး မိနစ်အနည်းငယ်ကွာပြီး မွေးဖွားခဲ့ကြသူတွေ ဖြစ်ပါတယ်။

Rami ကတော့ Emmy award ဆုရတဲ့ နာမည်ကျော် မင်းသားတစ်လက်ဖြစ်ပြီး Sami ကတော့ Los Angeles မှာ ဆရာအဖြစ်နဲ့ လုပ်ကိုင်နေသူပါ။ ငယ်ငယ်တုန်းက ကျောင်း Assignment အတွက်လုပ်တဲ့ ရေဒီယို ဟာသဇာတ်လမ်းတွဲတွေမှာ သူတို့နှစ်ယောက်ဟာ နေရာလဲသရုပ်ဆောင်ခဲ့ဖူးတယ်ဆိုပြီး Rami က ပြောပြဖူးပါတယ်။

H.H(Akhayar)

Reference:Brightside.me

Photo Credit: PopSugar, www.critictoo.com, 4alltravelers.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle