၇ နှစ်တင်းတင်းပြည့်သွားပြီဖြစ်တဲ့ Dota 2 မှာ ပြောင်းလဲသွားသောအရာများ

၇ နှစ်တင်းတင်းပြည့်သွားပြီဖြစ်တဲ့ Dota 2 မှာ ပြောင်းလဲသွားသောအရာများ

 လူကြိုက်များတဲ့ Esports MOBA ဂိမ်းတစ်ခုဖြစ်တဲ့ Dota 2 ဟာ Beta phase ကို ဇူလိုင် ၉ ရက်၊ ၂၀၁၃ မှာ ရပ်နားခဲ့ပြီး တရားဝင် စ တင်မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင်တော့ Dota 2 ဟာ ၇ နှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။ ကျွန်တော်တို့ Dota 2 နဲ့ Original Warcraft III Dota Mod နဲ့မှာ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့ပြီဆိုတာကို တစ်ချက်လောက်ပြန်လှည့်ကြည့်လိုက်ကြရအောင်။

Bounty Runes နဲ့ Arcane Runes

 Runes တွေဟာ Dota 6.00 မှာကတည်းက ရှိခဲ့တဲ့ Game mechanic တွေထဲကတစ်ခုဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လလောက်မှာ IceFrog ဟာ Dota Warcraft III Mod ကို စတင်ထုတ်လုပ်ပေးခဲ့ပြီး 6.00 Update မှာတော့ Power runes လေးခု စတင်ပါဝင်လာခဲ့ပါတယ်။ အဲ့ဒါတွေကတော့ Double Damage, Haste, Invisibility နဲ့ Regeneration တို့ပဲဖြစ်ပါတယ်။ Illusion rune ကတော့ နောက်ထပ်သုံးလအကြာ 6.09 Patch မှာ ပါဝင်လာခဲ့ပါတယ်။

 Power Runes တွေဟာ ဂိမ်းရဲ့ အရေးပါတဲ့အရာတစ်ခုဖြစ်လာပြီးတော့ 6.33 Update ထွက်လာတဲ့အခါမှာတော့ Bottle ပါဝင်လာတာကြောင့် Mid-laners တွေအတွက် အရမ်းအရေးကြီးလာပါတယ်။ Runes ကို Bottle ထဲထည့်ဖို့ Mid-laners တွေလုကြတာဟာလည်း အခုထိတိုင်ရှိဆဲပါပဲ။

 Runes တွေဟာ Dota 2 beta ပြီးတဲ့အထိ ဘာမှပြောင်းလဲသွားတာမျိုးမရှိပါဘူး။ ၂၀၁၄ စက်တင်ဘာလလောက်မှာတော့ 6.82 patch မှာ Bounty rune ကို စတင်ထည့်သွင်းပေးခဲ့ပါတယ်။ Bounty Runes တွေဟာ အရေးကြီးတဲ့ Game objective ဖြစ်လာတာကြောင့် Bounty Runes mechanic ကိုမျိုးစုံပြင်ဆင်ခဲ့တာ အခုထိတိုင်ပါပဲ။ နေရာအထားအသို၊ Gold distribution နဲ့ ဘယ်နှမိနစ်မှာ ထွက်မယ်ဆိုတာတွေ ပြင်ဆင်ခဲ့တာပါ။

 Arcane Rune ကိုတော့ ၂၀၁၅ ဒီဇင်ဘာလမှာ 6.86 Patch update နဲ့အတူ ပါဝင်လာခဲ့ပြီး Mana နဲ့ Cooldown ကိုလျှော့ပေးတဲ့ Rune အဖြစ် ပါဝင်လာခဲ့ပါတယ်။ Support တွေအတွက်လည်း အသုံးဝင်တဲ့ Rune တစ်ခုလည်းဖြစ်ပါတယ်။

 Original Dota မှာတော့ Runes နဲ့ အခြား Mechanic တွေကို မထိဘဲနဲ့ Dota 2 ထွက်ပြီးအတော်ကြာတဲ့ထိတိုင် ပြင်ဆင်ခဲ့တာမျိုးမရှိပေမယ့် Dota 2 ဂိမ်းအဆင်ပြေပြေဆော့လို့ရလာတာနဲ့အမျှ Power Runes တွေကိုလည်း Update ထုတ်လုပ်ပေးခဲ့တာကို တွေ့ရှိရပါတယ်။

Item အသစ် ၃၂ ခု

 Dota 2 Beta ပြီးဆုံးသွားတဲ့အချိန်မှာတော့ ဂိမ်းထဲမှာ ဝယ်လို့ရတဲ့ item ပေါင်း ၁၂၀ ကျော်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်နဲ့ ၂ လကျော်ကြာသွားတဲ့အခါမှာတော့ Crimson Guard ဆိုတဲ့ item အသစ်ကို 6.82 Patch မှာ စ တင်တွေ့မြင်ခဲ့ရပါတယ်။

 ဧပြီလ ၂၀၁၅ နောက်ပိုင်းမှာတော့ Item အသစ်တွေဖြစ်တဲ့ Enchanted Mango, Glimmer Cape, Guardian Greaves, Lotus Orb, Moon Shard, Octarine Core, Silver Edge, Solar Crest နဲ့ Boots of Travel 2 စတဲ့ items အသစ်တွေကို 6.84 Update မှာ ပါဝင်လာပါတယ်။

 အခြား item အသစ်တွေဖြစ်တဲ့ Aether Lens, Dragon Lance, Faerie Fire, Iron Talon, Blight Stone, Bloodthorn, Echo Sabre, Hurricane Pike, Infused Raindrops, Tome of Knowledge, Wind Lace, Aeon Disk, Kaya, Meteor Hammer, Nullifier, Spirit Vessel, Crown, Ring of Tarrasque, Holy Lockey, Kaya and Sange နဲ့ Yasha and Kaya တို့ကို ၂၀၁၅ ကနေ ၂၀၁၈ ထိ Update တွေမှာထည့်သွင်းပေးလာခဲ့ပါတယ်။

 လက်ရှိအနေနဲ့ Blitz Knuckles နဲ့ Voodoo Mask ဆိုတဲ့ item အသစ်နှစ်မျိုးကိုလည်း 7.22 Patch Update မှာထည့်ပေးထားပါသေးတယ်။ Item အသစ်တွေတိုင်းမှာလည်း Mechanic နဲ့ Playstyle အသစ်တွေ၊ ပြောင်းလဲပေးနိုင်ခဲ့တာတွေလည်း အများကြီးပါပဲ။ ဥပမာ - Octarine Core ဆိုရင် Dota 2 မှာလုံးဝမပါခဲ့ဖူးတဲ့ Cooldown reduction နဲ့ Spell lifesteal ကို စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Neutral Items များ

 The Outlanders Update မှာတော့ တမူထူးခြားတဲ့ Game mechanic အသစ်ကို Dota 2 မှာမိတ်ဆက်ပေးခဲပါတယ်။ အဲ့တာကတော့ Neutral items တွေပဲဖြစ်ပါတယ်။ Neutral creeps တွေသတ်တဲ့အခါမှာ chance တွေနဲ့ items တွေကို ရရှိမှာဖြစ်ပြီး၊ Game mechanic နဲ့ playstyle တွေ balance မဖြစ်ကုန်တော့တဲ့အထိဖြစ်သွားဖူးပါတယ်။ စ ထွက်တုန်းကတော့ Neutral items တွေဟာ ၆၄ ခုထိရှိပြီး၊ မထွက်ဖြစ်ခဲ့တဲ့ item ၃ ခုလည်းရှိပါတယ်။ Gameplay balance ဖြစ်ဖို့အတွက်ဆိုပြီး Item အချို့ကို ထုတ်ပစ်ခဲ့တာကြောင့် လက်ရှိမှာ ၅၈ ခုပဲကျန်ရှိပါတော့တယ်။

 လက်ရှိအချိန်မှာတော့ Neutral items ကို Neutral inventory slot တစ်ခုတည်းမှာပဲအသုံးပြုလို့ရမှာဖြစ်ပြီး၊ Tier 1 item ၁၁ ခု၊ Tier 2 item ၁၃ ခု၊ Tier 3 item ၁၁ခု၊ Tier 4 item ၁၁ ခု၊ Tier 5 item ၁၂ ခု ကို အချိန်တစ်ခုစီခြားပြီး Neutral creeps တွေကနေ ရရှိမှာပဲဖြစ်ပါတယ်။

 Dota 2 Update တွေထဲမှာ Neutral items တွေပါဝင်လာတာဟာ Dota သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးပြောင်းလဲမှုထဲက တစ်ခုလို့ဆိုနိုင်ပါတယ်။

Hero Talents နဲ့ Backpack

 အချိန်အတော်ကြာတဲ့ထိတိုင် Dota 2 မှာ Inventory slots ၆ ခုနဲ့ Ability Upgrade ကလွဲပြီး ဘာမှမရှိခဲ့တဲ့ playstyle နဲ့ ဆော့ခဲ့ရပါတယ်။ ဒါကြောင့်မို့ Physical Damage တွေပေးနိုင်တဲ့ Carry တွေပဲ late game မှာသာပြီး၊ Spell casting နဲ့ Intelligence hero တွေဟာ late game မှာအလိုလိုနိမ့်တာမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။

 ဒီအရာတွေဟာ 7.00 Update မှာတော့ အကုန်ပြောင်းလဲလာခဲ့ပါတယ်။ Talents စနစ် စတင်ပါဝင်လာပြီးတော့ Late game မှာ Level 25 Talents အရင်ရရှိထားတဲ့သူဟာ Game တစ်ခုလုံးကို ပြောင်းပစ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် Backpack စနစ် စပြီးပါလာတာကြောင့် item တွေကို management လုပ်တဲ့အခါ အပို slot သုံးခုက အတော်ကို အသုံးဝင်ခဲ့ပြီး၊  Consumable items တွေကို Backpack ထဲမှာ အလွယ်တကူထည့်ထားလို့ရတာက Gameplay အတွက် အတော်ကိုအထောက်အကူပြုပါတယ်။

 Talents တွေနဲ့အတူ ပြောင်းလဲသွားတဲ့ playstyle တွေကြောင့် Spell ကိုပဲဦးစားပေးရတဲ့ Intelligence hero တွေနဲ့ Support တွေဟာလည်း Late game အထိကို အတော်လေးအသုံးဝင်လာခဲ့ပါတယ်။ Talents နဲ့ Backpack ဟာ Dota 2 သမိုင်းမှာ ပထမဆုံး Gameplay ကို ပြောင်းလဲလိုက်နိုင်တဲ့ အကြီးမားဆုံး Update တစ်ခုလို့လည်း ပြောလို့ရပါတယ်။

Hero အသစ်များ

 Dota 2 Beta ပြီးဆုံးတဲ့အချိန်မှာ Dota Allstars မှာ Hero ၁၁၂ ယောက်ရှိခဲ့ပါတယ်။ အချိန်နဲ့အမျှ Dota 2 အနေနဲ့ ၁၁၂ ယောက်လုံးပြည့်အောင် ထည့်ပေးခဲ့ပြီးနောက် Underlord ကို သြဂုတ်လ ၂၃ ရက်၊ ၂၀၁၆ မှာထည့်ပေးခဲ့ပြီး ၁၁၂ ယောက်ပြည့်သွားခဲ့ပါတယ်။ Underlord ရဲ့နောက်ပိုင်းမှာတော့ Original Dota မှာမပါတဲ့ Monkey King ကို ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ၂၀၁၆ မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး ပထမဆုံး Dota 2 Original New Hero ဖြစ်လာခဲ့ပါတယ်။

 Dark Willow နဲ့ Pangolier ကိုတော့ အောက်တိုဘာလ ၂၀၁၇ မှာ Dueling Fates Update နဲ့အတူ ပါဝင်လာခဲ့ပါတယ်။ Grimstroke ကိုတော့ TI8 နောက်ဆုံးနေ့မှာ ထုတ်လုပ်ပေးခဲ့ပြီး Mars ကတော့ မတ်လ ၂၀၁၉ ခုနှစ်မှာ 7.21c Patch မှာပါဝင်လာခဲ့ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Hero အသစ်နှစ်ယောက်ဖြစ်တဲ့ Void Spirit နဲ့ Snapfire ကိုတော့ TI9 မှာမိတ်ဆက်ပေးခဲ့ပြီးတော့ Dota 2 Hero Roster ဟာ ၁၁၉ ကောင်အထိဖြစ်လာခဲ့ပါတယ်။

 The International ပွဲတွေနဲ့အတူ ၇ နှစ်တာကာလအတွင်းမှာ Dota 2 ဟာ တစ်ဆထက်တစ်ဆ ပြောင်းလဲလာခဲ့ပါတယ်။ နောင်ငါးနှစ်လောက်ဆို ကျွန်တော်တို့ ငယ်ငယ်ကဆော့ခဲ့ဖူးတဲ့ Dota ပုံစံဟာ လုံးဝပျောက်ထွက်သွားမလားလို့တောင် တွေးမိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Dota 2 ဟာ ၇ နှစ်ကျော်သွားတဲ့အချိန်မှာ အတော်ကြီးကို တိုးတက်ပြောင်းလဲသွားတာတော့ အသေအချာပါပဲ။

Reference: OneEsports