90s ပစ္စည်းလေးတွေနဲ့ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ကြမလဲ

90s ပစ္စည်းလေးတွေနဲ့ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ကြမလဲ

ဖက်ရှင်ဆိုတာ အမြဲတမ်း တစ်ကျော့ပြန်ရှင်သန်တယ်ဆိုတာကို လက်ခံကြလား။

တစ်ခါတလေ ခေတ်မီတဲ့ဖက်ရှင်အသုံးအဆောင်တွေထက် ခေတ်ဟောင်းစတိုင်ဖက်ရှင်အသုံးအဆောင်တွေက ပိုပြီး မိမိုက်နေတတ်ပါတယ်။ Accessories တွေဆိုရင်လည်း ဒီလိုပါပဲ။ မထင်မှတ်ဘဲ ငယ်ငယ်တုန်းကလက်ဝတ်လက်စားတွေ၊ နောက်ပြီး အမေ့ရဲ့ လက်ဝတ်လက်စားတွေယူဝတ်မှ ပိုပြီး လှနေ၊ လိုက်ဖက်နေတတ်ပါတယ်။ ဒီတော့ အရင်တုန်းက ခေတ်စားခဲ့တဲ့ ခေတ်ဟောင်း Accessories တွေထဲမှာ ဘယ်လိုပစ္စည်းတွေက ပြန်ဝတ်ကြည့်သင့်လဲဆိုတာ အတူတူလိုက်ရှာရအောင်။

ကျောက်စီဘီးကုတ်လေးများ (Crystal Hairband)
အရင်တုန်းက ကျောက်စီဘီးကုတ်လေးတွေကို အရမ်းကြိုက်မိပါတယ်။ ကလေးဘဝတုန်းကပေါ့။ ခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ဒါပေမယ့် တစ်ခါတလေကျတော့ စိတ်ပေါက်ပေါက်ရှိတာနဲ့ ကျောက်စီဘီးကုတ်လေးတွေကို ပြန်ဝတ်လိုက်ကြည့်တဲ့အခါ ထူးထူးဆန်းဆန်း လိုက်ဖက်နေတတ်ပါတယ်။

လည်ပတ်ပဝါ (Scarf)
နောက်တစ်မျိုးကတော့ လည်ပင်းပတ်တဲ့ပဝါပါ။ မေမေတို့ခေတ်က သိပ်ကြိုက်ကြပုံရပါတယ်။ ဒီဘက်ခေတ်နဲ့ကတော့ မလိုက်ဖက်တော့ဘူးလို့ မတွေးပါနဲ့။ ကြိုးစားတွဲဆက်ကြည့်ပါ။

တက်တူးလည်ပတ် (Tattoo Choker)
တက်တူးလည်ပတ်လေးတွေက အခုအချိန်အထိ ကောင်မလေးတချို့ ပတ်နေကြတုန်းပါပဲ။ ခြေထောက်၊ လက်နဲ့ လည်ပင်းတွေမှာ ပတ်ရတဲ့ အမဲရောင်ကြိုးကွင်းလေးဟာ တစ်ခါတလေ ဘာမှ လေးလေးပင်ပင် မဆင်ယင်ချင်တဲ့နေ့တွေမှာ ပတ်ကြည့်ပါ။

ချိန်းခါးပတ် (Chain Belt)
ချိန်းခါးပတ် ပါးပါးလေးတွေကို ၂၀၀ခုနစ်လောက်က မိန်းကလေးတွေ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ အခုကတော့ ဒီလိုခါးပတ်လေးတွေ ပတ်တာကို မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ဂါဝန်ဝတ်တဲ့အချိန်မျိုးတွေမှာ အရမ်းရှင်းနေတယ်လို့ ခံစားရရင် ပြန်ရှာပြီး ပတ်ကြည့်ပါဦး။

ရောင်စုံလက်ကောက်တန်းများ (Stacked Narrow Bracelet)
လက်ကောက်တွေ အတန်းလိုက် အများကြီးဝတ်တာက ငယ်ငယ်တုန်းက ပျော်စရာကောင်းပါတယ်။ ဆင်တူတွေမရှိရင် ရှိသမျှ လက်ကောက်တွေကို လက်တစ်ဖက်တည်းမှာ အတန်းလိုက်ကြီး ဝတ်ကြတာ မှတ်မိသေးတယ်။ အခုရော ငယ်ငယ်တုန်းကလို ဝတ်လို့မရတော့ဘူးလို့ ဘယ်သူပြောလဲ။

ငွေရောင်နာရီ (Silver Watch)
ငွေရောင်နာရီတွေကို အဘိုးအဘွားတွေဆီမှာ အတွေ့ရများပြီး ငယ်ငယ်တုန်းက တချို့ကလေးတွေလည်း ပတ်ခဲ့ဖူးကြမှာပါ။ ၁၉၉၀ခုနစ်များဆီက အငွေ့အသက်တွေပြည့်နေတဲ့ ဒီပစ္စည်းလေးကို ဆင်တူရိုးမှားပုံစံလေးတွေနဲ့ အခုပြန်ပတ်နေတဲ့သူတွေ အများကြီးပါနော်။

ကလစ်လေးများ (Hair Clip)
ငယ်ငယ်တုန်းက တပ်ခဲ့တဲ့ ပုလဲကလစ်လေးတွေကို အခုတောင် ကောင်မလေးတွေ ပြန်ရှာဝယ်တပ်နေကြပြီ။ ကိုယ်တွေ နောက်ကျနေလို့ မဖြစ်ဘူးနော်။ အမြန်လိုက်တပ်ကြစို့။

အခု ငယ်ငယ်တုန်းက ဘဝကို လွမ်းသွားပြီလား။ လွမ်းသွားရင် ငယ်ငယ်တုန်းက သုံးခဲ့တဲ့အသုံးအဆောင်လေးတွေကို ပြန်ရှာဝယ်ပြီး အခုခေတ်နဲ့ လိုက်ဖက်ညီအောင် ဆင်ယင်ကြည့်ကြမယ်လေ။ ဖက်ရှင်ဆိုတာ တစ်ပတ်လည်နေတာပါ။ ဘယ်အရာကမှ ဖက်ရှင်နဲ့ ပတ်သက်ရင် ဒိတ်အောက်သွားတယ်လို့ မရှိပါဘူးနော်။ ကိုယ်ဝတ်တဲ့ပုံစံဟာ ကိုယ့်ရဲ့စတိုင်ပါပဲ။

(Photo Credit)

Moethaesay (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle