ဒီနေ့ခေတ်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ 90’s Kid တွေရဲ့ လူမှုကွန်ရက် (၅) ခု

ဒီနေ့ခေတ်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ 90’s Kid တွေရဲ့ လူမှုကွန်ရက် (၅) ခု

ကြာတော့လည်း ကြာခဲ့ပါပြီလေ။ စာရေးသူတို့ နုစဉ်အခါက အင်တာနက်ဆိုင်သွားပြီး G Talk သုံးခဲ့ရတာ။ မုန့်ဖိုးလေးတွေ စုပြီး Chatting ထိုင်ကြတဲ့ 90’s Kid တွေရဲ့ခံစားမှုကို ဒီနေ့ခေတ်လူငယ်တွေ သိမယ်မထင်ဘူး။ အဲဒီအချိန်တုန်းကဆိုရင် Facebook က သူများနိုင်ငံတွေမှာ ခေတ်စားနေပေမယ့် ကိုယ်တွေဆီမှာ သိပ်မသုံးကြသေးဘူး။ အဲဒီအချိန်တုန်းက ခေတ်စားခဲ့ကြတဲ့ တချို့ လူမှုကွန်ရက်တွေဆိုရင် လက်ရှိအချိန်မှာ မရှိကြတော့ပါဘူး။ အခုဖော်ပြပေးမှာကတော့ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းလိုက်ရပြီဖြစ်တဲ့ ဒါမှမဟုတ် အသက်မဝင်တော့တဲ့ လူမှုကွန်ရက်တွေ အကြောင်းပါပဲ။

MySpace
MySpace က ပိတ်သိမ်းသွားတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် အသုံးပြုသူက သိပ်မရှိတော့ဘူး။ သူက ၂ဝဝ၃ခုနှစ်မှာ တည်ထောင်ထားတာ။ ၂ဝဝ၆ခုနှစ်မှာ အအောင်မြင်ဆုံးကာလတွေလို့ ဆိုနိုင်တယ်။ အဲဒီနောက်မှာတော့ Facebook က သူ့နေရာကို ဝင်ယူသွားတယ်။ User Experience ပိုင်းမှာ Facebook နဲ့ Twitter ကို မယှဉ်နိုင်တော့ဘူး။ နောက်ပိုင်းမှာ MySpace က သိပ်အလုပ်မဖြစ်တော့ဘဲ ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီလို့တောင် ဆိုနိုင်ပါတယ်။

DailyBooth
DailyBooth ကတော့ ဓာတ်ပုံတွေ တင်လို့ရတဲ့ လူမှုကွန်ရက်ပေါ့။ ကိုယ်သဘောကျရင် Follow လုပ်လို့ ရသေးတယ်။ မြင်လွယ်အောင် ပြောရရင် Instagram သဘောမျိုးပဲ။ သူက ဆယ်ကျော်သက်တွေ အသုံးများတယ်။ ဒါပေမယ့် ၂ဝဝ၉ခုနှစ်တည်းက စခဲ့တာဆိုတော့ Instagram ထက် တစ်နှစ်ပိုစောတယ်။ အစောပိုင်းတုန်းက Celebrity တွေ Influencer တွေပါ DailyBooth ကို သုံးလာကြလို့ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့တယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှာ DailyBooth မှာ ဓာတ်ပုံ (၁) သန်းအထိ ရှိလာတယ်။ ဒါပေမယ့် ၂ဝ၁၂ခုနှစ် ဧပြီလမှာ Airbnb ခရီးသွားလုပ်ငန်းစုက ထိန်းချုပ်သွားပြီး ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ ပိတ်သိမ်းသွားပါတော့တယ်။

Vine
Vine က ၂ဝ၁၃ခုနှစ် ဇန်နဝါရီလလောက်မှာ စခဲ့တာ။ Twitter ကုမ္ပဏီက ပိုင်တယ်လို့ ဆိုရမှာပါ။ အစတုန်းက အတော်လေးကို အောင်မြင်တယ်။ ဗီဒီယိုင်ဖိုင်လေးတွေကို တင်လို့ရတယ်၊ ပြီးတော့ Facebook နဲ့ Twitter မှာလည်း ပြန် Share လို့ရတယ်ဆိုတော့ လူကြိုက်များတာပေါ့။ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာလမှာ အသုံးပြုသူ (၅ဝဝ) သန်းအထိကို ရှိတယ်။ နောက်ပိုင်းမှာတော့ မိခင်ကုမ္ပဏီ Twitter ရဲ့ ဘဏ္ဍာရေးက အခြေအနေမကောင်းတော့ဘူး။ ၂ဝ၁၆ခုနှစ် အောက်တိုဘာလမှာ Vine ပေါ်မှာ ဗီဒီယိုတွေ တင်ခွင့်မရှိတော့ဘူးလို့ကို ကြေညာလိုက်ရတယ်။ တဖြည်းဖြည်းနဲ့ သူလည်း ပျောက်ကွယ်တော့တာပဲ။

Friendster
Friendster ကိုတော့ 90’s Kid တွေ သိကြမယ်ထင်ပါတယ်။ Google Talk လေး Chat လိုက် Friendster လေး သုံးလိုက်နဲ့ နတ်စည်းစိမ်ပါပဲ။ သူက ၂ဝဝ၂ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီးတော့ အဓိကဈေးကွက်က အာရှတိုက်ပါပဲ။ ၂ဝဝ၈ခုနှစ်မှာ အအောင်မြင်ဆုံးကာလတွေလို့ ဆိုနိုင်ပြီးတော့ နောက်ပိုင်းမှာတော့ ဒီဇိုင်းပိုင်းဆွဲဆောင်မှု အားနည်းတာကြောင့် အလုပ်မဖြစ်တော့ပါဘူး။ ၂ဝ၁၅ခုနှစ်ကနေ စတင်ပြီး အသုံးပြုသူတွေကို ဝန်ဆောင်မှု မပေးနိုင်တော့သလို ၂ဝ၁၈ခုနှစ်မှာ တရားဝင်ပိတ်သိမ်းလိုက်ရပါတော့တယ်။

Google Plus
Google ကုမ္ပဏီက မဟာပြိုင်ဘက် Facebook ကို နောက်ကောက်ချဖို့ Google Plus ကို ၂ဝ၁၁ခုနှစ် ဇွန်လမှာ စလိုက်တာ။ စဖွင့်ပြီး နှစ်ပတ်အတွင်းမှာ အသုံးပြုသူ (၁ဝ) သန်းတောင် ရှိလာတာဆိုတော့ အစောပိုင်းတုန်းက အဆင်ပြေတယ်လို့ ဆိုရမယ်။ ၂ဝ၁၃ခုနှစ် အောက်တိုဘာလမှာတော့ လစဉ်အသုံးပြုသူ (၅၄ဝ) သန်းအထိကို ရှိလာခဲ့တယ်။ တကယ်တမ်းတော့ Google Plus အသုံးပြုသူ (၉ဝ) ရာခိုင်နှုန်းရဲ့ တစ်ခါဝင်ကြည့်တဲ့ ကြာချိန်ဟာ (၅) စက္ကန့်ထက်တောင် ပိုနည်းနေတာပါ။ Google Plus က ဆွဲဆောင်မှုအားနည်းတယ်၊ ဒီဇိုင်းပိုင်းကလည်း Facebook လို မဟုတ်လေတော့ ရေရှည်မှာ အလုပ်မဖြစ်တော့ဘူး။ ဒါ့ကြောင့် ၂ဝ၁၉ခုနှစ် ဧပြီလ (၂) ရက်နေ့မှာ Google ဟာ Google Plus ကို ပိတ်သိမ်းလိုက်ရကြောင်း တရားဝင်ကြေညာလိုက်ရတယ်။

iTunes Ping ၊ Google Wave & Google Buzz ၊ Meerkat နဲ့ Yik Yak တို့လို လူမှုကွန်ရက်တွေလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ စာရေးသူကတော့ လက်လှမ်းမီတဲ့ လူမှုကွန်ရက်တွေကိုပဲ အသေးစိတ်ရေးခဲ့တာပေါ့။ အခုဆောင်းပါးမှာ လိုအပ်တာတွေ ရှိခဲ့ရင်လည်း အပြစ်မမြင်ဘဲ ဝေဖန်ထောက်ပြပါဦးလို့။ ပြီးတော့ စာဖတ်သူအနေနဲ့ အကြိုက်ဆုံးလူမှုကွန်ရက်ရှိရင်လည်း ပြောသွားပါဦး။

Reference and Photo Credit – Search Engine Journal

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle