OGA Dota PIT Season2 China ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ CEDC

တရုတ်နိုင်ငံတွင်း အွန်လိုင်း Dota 2 ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ OGA Dota PIT Season2 China ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့ အညီ အနိုင်ရ ဗိုလ်စွဲတဲ့ အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ OGA Dota PIT Season 2 ပြိုင်ပွဲမှာ တရုတ်အခြေစိုက် နာမည်ကျော် Dota2 အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တစ်အုပ်စုကို လေးသင်းစီဖြင့် အုပ်စု (၂) စု ခွဲခြား ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

အုပ်စုအေမှာ EHOME, Vici Gaming, CEDC, PSG.LGD တို့ ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုဘီမှာတော့ IG, RNG, Team Aster, Sparking Arrow Gaming တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အုပ်စုအေနဲ့ဘီရဲ့ ပထမနေရာကို EHOME နဲ့ IG တို့က အသီးသီး ရယူနိုင်ခဲ့ပြီး Uppoer Bracket Round 2 အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို VG, Aster, RNG, CDEC တို့ကတော့ Upper Bracket Round 1 ကနေသာ စတင် ယှဉ်ပြိုင်ခဲ့ရပါတယ်။

အုပ်စုအဆင့်မှာ စတုတ္ထနေရာသာ ရရှိခဲ့တဲ့ PSG.LGD နဲ့ Sparking Arrow Gaming တို့ကတော့ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ OGA Dota PIT Season2 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ CDEC အနေနဲ့ Upper Bracket Round 1 နဲ့ Round 2 တို့မှာ RNG နဲ့ IG တို့ကို ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပေမယ့် Upper Bracket Final မှာ အုပ်စုတွင်း ပြိုင်ဘက် VG ကို အရေးနိမ့်ခဲ့တာကြောင့် Lower Bracket Final ကို သက်ဆင်းပေးခဲ့ရပါတယ်။

Lower Bracket Final မှာ Monet, Setsu တို့ ပါဝင်တဲ့ RNG နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပြီး နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို ပြန်လည် တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။ OGA Dota PIT Season 2 ပြိုင်ပွဲရဲ့ Grand Finals ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Vici Gaming အနေနဲ့ အစောပိုင်း ပွဲငယ် နှစ်ခုမှာ Paparazi ရဲ့ Terrorblade, Anti-Mage တို့ရဲ့ လက်စွမ်းပြမှုနဲ့ အတူ နှစ်ပွဲဆက် အနိုင်ရလဒ်ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
.@CDECgaming complete a reverse sweep and become our new 🏆champions with a 3:2 win over @VICI!
— OGA Dota PIT (@OGADotaPIT) July 10, 2020
We'll be back on July 16 with OGA DOTA PIT NA/LATAM by @AMDGaming & @SapphireTech! pic.twitter.com/Rg5iGgXYSp
ဒါပေမယ့်လည်း တတိယမြောက် ပွဲစဉ်က စတင်ပြီး CDEC Dota2 အဖွဲ့သားတွေ အနေနဲ့ အမှားအယွင်း မရှိသလောက် ကစားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် (၃၀) ဝန်းကျင်ဖြင့် သုံးပွဲလုံးကို ပြန်လည် အနိုင်ရယူနိုင်ခဲ့တာကြောင့် (၃-၂) ဆိုတဲ့ ရလဒ်ဖြင့် Vici Gaming ကို အနိုင်ယူကာ OGA Dota PIT Season 2 China ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
REF: VpEsports