VALORANT Mobile Version ကို သိပ်မကြာခင်မှာ မြင်တွေ့သွားရဖွယ်ရှိ

VALORANT Mobile Version ကို သိပ်မကြာခင်မှာ မြင်တွေ့သွားရဖွယ်ရှိ

နာမည်ကျော် ဂိမ်းမင်းကုမ္ပဏီကြီး Riot Games ရဲ့ VALORANT ဟာ ထွက်ရှိတာ သိပ်မကြာသေးပေမယ့် PC FPS လောကမှာ CS: GO နည်းတူ အောင်မြင်တဲ့ ဂိမ်းတစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလို PC လောကမှာ အောင်မြင်တဲ့ FPS ဂိမ်းတစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် Riot Games ကတော့ သိပ်ပြီးတော့ ကျေနပ်ဟန် မရှိပါဘူး။ လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ အချက်အလက်များ အရ VALORANT Developers တွေ အနေနဲ့ မိုဘိုင်းဈေးကွက်ကိုပါ ထပ်မံ နယ်ချဲ့ဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံး ထွက်ရှိခဲ့တဲ့ VALORANT 1.08 Patch မှာ Mobile UI Code တချို့ကို တွေ့ရှိခဲ့ရပြီး အဆိုပါ Code တွေကို Mobile Phones တွေမှာ ကစားတဲ့ အခါမှာ အဆင်ပြေ ချောမွေ့မှု ရှိစေဖို့ အတွက် ထည့်သွင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ VALORANT ကို မိုဘိုင်းဂိမ်း အဖြစ် မြင်တွေ့ရမယ်ဆိုတဲ့ သတင်းက ယခုအချိန်မှ ထွက်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။

VALORANT Beta Test စတင်စဉ် အချိန်ကတည်းက PC အပြင် Mobiles, Console တွေမှာပါ ကစားနိုင်ဖို့ အတွက် ပြင်ဆင်ထားတာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး Riot Games ဘက်ကလည်း VALORANT ကို PC အပြင် အခြားသော Platform တွေမှာပါ ကစားနိုင်ဖို့ ပြင်ဆင်လျက် ရှိတယ်ိလု့ ဝန်ခံထားခဲ့ပါတယ်။

ဒါ့အပြင် VALORANT ရဲ့ Game Director ဖြစ်သူ Joe Ziegler ကလည်း “ကျွန်တော်တို့တွေ အခြားသော Platforms တွေဖြစ်တဲ့ Mobile နဲ့ Console မှာပါ VALORANT ကို ကစားနိုင်အောင် ကြိုးပမ်းသွားမှာပါ။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ အမိုက်စား PC ဂိမ်းတစ်ခု အဖြစ် ရပ်တည်နိုင်ရေး အတွက်ကိုပဲ ဦးစားပေး ကြိုးပမ်းသွားဦးမှာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

Riot Games အနေနဲ့ လက်ရှိအချိန်မှာ PC MOBA, PC FPS လောကတွေမှာ ထိပ်တန်း ကုမ္ပဏီကြီး တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့တဲ့ Mobile Gaming လောကထဲမှာပါ နေရာယူနိုင်ဖို့ အတွက် စနစ်တကျ ပြင်ဆင်နေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ MLBB, AOV တို့နဲ့ အပြိုင် Mobile MOBA လောကမှာ ယှဉ်ပြိုင်သွားမယ့် League of Legends: Wild Rift ကို Beta ဗားရှင်း စတင် ထုတ်လွှတ်ပေးခဲ့ပြီ ဖြစ်သလို နောင်တစ်ချိန်မှာလည်း PUBG Mobile, Free Fire တို့ကို အနိုင်တိုက်နိုင်ဖို့ အတွက် VALORANT Mobile ကို ထုတ်လုပ်သွားဖွယ် ရှိနေပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle