ကမ္ဘာ့ပထမဆုံး 11K MMR ပြည့် ကစားသမား အဖြစ်ပါ မှတ်တမ်းတင်နိုင်ခဲ့တဲ့ Abed

ကမ္ဘာ့ပထမဆုံး 11K MMR ပြည့် ကစားသမား အဖြစ်ပါ မှတ်တမ်းတင်နိုင်ခဲ့တဲ့ Abed

Abed Azel “Abed” L.Yusop အနေနဲ့ ကမ္ဘာ့ပထမဆုံး 10K MMR ကစားသမား အဖြစ် ၂၀၁၇ ခုနှစ်မှာ မှတ်တမ်းတင်နိုင်ခဲ့သလို၊ ယခုအခါမှာလည်း ကမ္ဘာ့ပထမဆုံး 11K MMR ကစားသမား အဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကို စတင် ဝင်ရောက် လာခဲ့တဲ့ ၂၀၁၆ ခုနှစ် အတွင်းမှာ Abed အနေနဲ့ သူအကြိုက်ဆုံး Hero တစ်ကောင်ဖြစ်တဲ့ Meepo ဖြင့် လက်စွမ်းပြမှုတွေကြောင့် ပရိသတ်တွေရဲ့ သတိထား စောင့်ကြည့်မှုကို ခံယူနိုင်ခဲ့သလို အဆိုပါ ၂၀၁၆ အတွင်းမှာ 8K MMR ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တစ်နှစ်ခန့် အကြာ ၂၀၁၇ ခုနှစ်မှာတော့ ကမ္ဘာ့ပထမဆုံး 10K MMR ပြည့် ပထမဆုံး ကစားသမားဆိုတဲ့ စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ Abed အနေနဲ့ 10K MMR ဝန်းကျင်မှာ ကာလ တစ်ခုကြာ ဝဲလည်နေခဲ့ပေမယ့်လည်း သုံးနှစ်ခန့် အကြာမှာတော့ 11K MMR ပြည့် ပထမဆုံး ကစားသမားဆိုတဲ့ စံချိန်သစ်ကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Abed အနေနဲ့ Public Match တွေမှာ လက်စွမ်းကောင်းတွေကို ပြသပြီး ကမ္ဘာ့ပထမဆုံး 10K MMR, 11K MMR ကစားသမား အဖြစ် မှတ်တမ်းကောင်းတွေကို ရယူနိုင်ခဲ့ပေမယ့်လည်း ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကို စတင် ခံယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က စတင်ပြီး လက်ရှိအချိန်ထိ ဆုဖလား ကြီးကြီးမားမားတွေကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

ပရိုဖက်ရှင်နယ် ကစားသမား ဘဝမှာ Execration, Team Onyx, Digital Chaos, Fnatic စတဲ့ ပရိုဖက်ရှင်နယ် Dota2 အသင်းတွေမှာ ကျင်လည်ခဲ့သလို 2019-2020 DPC ရာသီ စတင်ချိန်မှာလည်း NA အခြေစိုက် နာမည်ကျော် Dota2 အသင်း Evil Geniuses မှာ ဝင်ရောက် ကစားခွင့်ကို ရရှိခဲ့ပါတယ်။

EG Dota2

ဒါကြောင့် Abed အနေနဲ့ Public Match မှာ ဖော်ဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ နည်းတူ၊ ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝမှာလည်း Evil Geniuses Dota2 အသင်းနဲ့ အတူ မှတ်တမ်းကောင်းတွေကို ထပ်မံ ရယူသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle