23savage, Abed, Kuku, Jabz, Whitemon တို့ ပါဝင်တဲ့ Among Us Dota2 အသင်း

Geek Fam Dota2 အသင်း ဖျက်သိမ်းခြင်းနဲ့ Fnatic Dota2 အသင်းရဲ့ ကစားသမား အပြောင်းအလဲတွေကြောင့် SEA အခြေစိုက် နာမည်ကျော် ကစားသမား အချို့အနေနဲ့ အသင်းလက်မဲ့ အဖြစ် ရပ်တည်လျက် ရှိနေပါတယ်။ ဒါကြောင့် အသင်းလက်မဲ့ ကစားသမားတွေဖြစ်တဲ့ 23savage, Kuku, Jabz နဲ့ Whitemon တို့ အပြင် ကိုဗစ်-၁၉ ကြောင့် Evil Geniuses Dota2 အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးတဲ့ Abed တို့ အနေနဲ့ BTS Pro Series: Season 3: SEA ပြိုင်ပွဲ တစ်ခုတည်း အတွက် Among Us Dota2 အသင်းကို တည်ထောင်ကာ အပျော်သဘော ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဆိုပါ သတင်းကို Fnatic Dota2 အသင်းရဲ့ Analyst ဟောင်းဖြစ်သူ John Paolo Bago Gonzales မှ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ Kuku အနေနဲ့လည်း ကိုယ်ပိုင် Facebook စာမျက်နှာကနေ တစ်ဆင့် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
Play for fun
— Kuku Palad (@kukudota) September 10, 2020
Among Us Dota2 အသင်းကို အပျော်သဘောဖြင့် ဖွဲ့စည်းခဲ့ကြတာ ဖြစ်တယ်လို့ Kuku ရဲ့ ပြောကြားချက်များ အရ သိရပြီး အဆိုပါ အသင်း အနေနဲ့ BTS Pro Series Season 3: SEA ပြိုင်ပွဲ တစ်ခုတည်းမှာသာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
SURPRISE! 🎉 Here's our team Among Us line up that will participate in BTS Pro Series - Season 3 Tournament only! 23Savage/EG.Abed/Kuku/Jabz/Whitemon
Posted by Carlo "Kuku" Palad on Wednesday, September 9, 2020
Among Us Dota2 အသင်းရဲ့ Mid Laner နဲ့ Carry ကစားသမားတွေဖြစ်ကြတဲ့ Abed နဲ့ 23savage တို့ဟာ 11K MMR ကစားသမားတွေ ဖြစ်ကြသလို အဆိုပါ အသင်းမှ ကစားသမား အများစု အနေနဲ့ အရင်ချိန်တွေကတည်းက အတူတကွ ကစားဖူးခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ကြတာကြောင့် အပျော်သဘောနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း ပြိုင်ဘက်အသင်းတွေ အနေနဲ့ Among Us Dota2 အသင်းကို အနိုင်ရရှိဖို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရသွားဖွယ် ရှိနေပါတယ်။

BTS Pro Series Season 3: SEA ပြိုင်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပ သွားမှာဖြစ်ပြီး Among Us Dota2 အဖွဲ့သားတွေ အနေနဲ့ အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ Ninjaboogie ဦးဆောင်တဲ့ 032 Dota2 အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။