ESL One Thailand မှာ Geek Fam ကိုယ်စားပြု ဝင်ကစားသွားမယ့် Abed

ESL One Thailand မှာ Geek Fam ကိုယ်စားပြု ဝင်ကစားသွားမယ့် Abed

ကိုဗစ်-၁၉ ကြောင့် လေးလကြာ ကွာဝေးခဲ့ရတဲ့ SEA အခြေစိုက် နာမည်ကျော် Mid Lane ကစားသမား Azel “Abed” Yusop ကတော့ ပရိုပြိုင်ပွဲတွေနဲ့ ဝေးကွာခြင်း မရှိစေဖို့ အတွက် ရည်ရွယ်ပြီး ESL One Thailand အွန်လိုင်း ပြိုင်ပွဲမှာ Geek Fam Dota2 အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ပုံပါပဲ။

Abed အနေနဲ့ Geek Fam Dota2 အသင်းကနေ Fnatic Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ Carry ကစားသမား Marc Polo Luis “Raven” Fausto နေရာမှာ ဝင်ရောက် ကစားသွားရမှာ ဖြစ်တာကြောင့် ပုံမှန် ကစားနေကြ Mid Lane Position မှာတော့ ကစားခွင့် ရရှိမှာ မဟုတ်ဘဲ Carry Position မှာသာ ဝင်ရောက် ကစားသွားရမှာ ဖြစ်ပါတယ်။

Great news fam🎉 Azel “Abed” Yusop will be our stand-in for the upcoming ESL Thailand!!! The news we all want to hear🥰...

Posted by Geek Fam Dota 2 on Tuesday, August 18, 2020

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် Abed အနေနဲ့ ပင်မအသင်းဖြစ်တဲ့ Evil Geniuses နဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးသလို အွန်လိုင်း ပြိုင်ပွဲမှာလည်း Ping အခက်အခဲကြောင့် EG Dota2 အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် EG Dota2 အသင်း အနေနဲ့ အွန်လိုင်းပြိုင်ပွဲ အများစုမှာ အစားထိုး ကစားသမားတွေနဲ့သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရသလို Abed အနေနဲ့လည်း လက်စွမ်းကျသွားခြင်း မရှိစေဖို့ အတွက် Public Match များကိုသာ ကြိုးစား ကစားခဲ့ပြီး ပထမဆုံး 110, 000 MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

ESL One Thailand Asia ပြိုင်ပွဲမှာ SEA အခြေစိုက် အသင်းကြီးတွေဖြစ်တဲ့ Fnatic, TNC Predator, BOOM Esports တို့ ပါဝင်မှာ ဖြစ်သလို တရုတ်အခြေစိုက် အသင်းတွေဖြစ်တဲ့ RNG, Sparking Arrow Gaming တို့လည်း ပါဝင်မှာ ဖြစ်တာကြောင့် Abed အနေနဲ့ Evil Geniuses Dota2 အသင်းရဲ့ ကစားသမား အဖြစ် ဆက်လက် ရပ်တည်သွားဖို့ ထိုက်တန်တဲ့ လက်စွမ်းကောင်းတွေကို ပိုင်ဆိုင်ထားသေးကြောင်း ပြသနိုင်မယ့် အခွင့်အရေး တစ်ခုကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

ESL One Thailand Asia ပြိုင်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်တာကြောင့် Abed တစ်ယောက် Geek Fam Dota2 အသင်းနဲ့ အတူ ဘယ်အဆင့်ထိ တက်လှမ်းသွားနိုင်မလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ESL One Thailand Asia ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Geek Fam Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Azel “Abed” Yusop – Pos 1
  • Karl “Karl” Jayme – Pos 2
  • Carlo “Kuku” Palad – Pos 3
  • Kenny “Xepher” Deo – Pos 4
  • Matthew “Whitemon” Filemon – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle