ရေမွှေးဆွတ်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေကအနံ့ပိုစွဲစေတာလဲ

ရေမွှေးဆွတ်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေကအနံ့ပိုစွဲစေတာလဲ

ရေမွှေးဆိုတာကကိုယ့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့အနံ့တွေကိုမွှေးအောင်လုပ်ပေးနိုင်သလိုကိုယ့်ကိုကိုယ်လည်းယုံကြည်မှုပိုရှိအောင်လုပ်ပေးတဲ့အရာတစ်ခုလည်းပြောလို့ရပါတယ်။ရေမွှေးကိုတော့ မကြိုက်တဲ့သူမရှိဘူးထင်ပါတယ်။ရေမွှေးအနံ့ကိုတော့တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းတော့ တူမှာမဟုတ်ပါဘူးနော်။တော်တော်များများကတော့ အရမ်းအီတဲ့အနံ့မျိုးဆိုတော်တော်များများကတော့မကြိုက်ကြပါဘူးနော်။Fresh ဖြစ်တဲ့ အနံမျိုးတွေကိုရွေးချယ်မှုများတာတွေ့ရပါတယ်။နေ့စဉ်နေ့တိုင်းလန်းဆန်းတက်ကြွပြီးတစ်ပါးသူကလည်း ကိုယ့်နဲ့အနီးကပ်အလုပ်လုပ်နေရတဲ့သူဆိုရင်တော့ အနံ့အသက်ဆိုးတွေကိုယ့်ဆီကနေမရအောင်မနက်ကတည်းကဆွတ်ထားတဲ့ရေမွှေးကတော့ တစ်နေကုန်ခံဖို့လိုအပ်ပါတယ်။
ဒူးအောက်မှာ
ဒူးအောက်မှာက ရေချိုးပြီးအပြင်မသွားခင်ဆွတ်သင့်ပါတယ်။ အနံ့ကိုလည်းပိုဆွဲဆောင်စေသလို တစ်နေကုန်လည်းခံပါတယ်။


နားအနောက်ဘက်
နားအနောက်ဘက်ကတော့ အားလုံးလည်းအလွယ်တကူဆွတ်လို့ရတဲ့နေရာပါ။တော်တော်များများလည်းဒီနေရာမှာဆွတ်ကြတာများကြပါတယ်။ကိုယ့်ဘေးမှာနေတဲ့သူတွေကလည်း ဒီရေမွှေးအနံဆိုရင် ကိုယ်မှန်းတန်းသိတဲ့ အနံ့ဖြစ်စေတဲ့နေရာလိုတောင်ပြောလို့ရပါတယ်။


လက်ကောက်ဝတ်
လက်ကောက်ဝတ်မှာဆွတ်ရင်လည်းရေမွှေးအနံ့ကိုပိုမိုတာရှည်ခံအောင်လုပ်ပေးနိုင်ပါတယ်။ကိုယ့်ရဲ့ကိုယ်သင့်ရနံကမွှေးနေရင်လည်း သူတစ်ပါးကိုဆွဲဆောင်မှုတစ်မျိုးပါနော်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle