Accessories လေးကိုကြာရှည်ခံပြီးအရောင်မလွင့်အောင်ထိန်းသိမ်းသင့်တဲ့နည်းလမ်း

Accessories လေးကိုကြာရှည်ခံပြီးအရောင်မလွင့်အောင်ထိန်းသိမ်းသင့်တဲ့နည်းလမ်း

Perfect Fashion တစ်ခုဖြစ်ဖို့ဆိုတာ အဝတ်အစားတွေကြီးနဲ့ပဲဆိုင်တာတော့မဟုတ်ပါဘူးနော်။ဒီအဝတ်အစားတွေနဲ့လိုက်ဖက်တဲ့ Accessories ဖြစ်ဖို့ကလည်းလိုအပ်ပါတယ်နော်။ဒါပေမဲ့ Accessories လေးတွေကိုသေချာလေးထိန်းသိမ်းဖို့လိုအပ်တယ်နော်။ 925 Streling Sliver လေးတွေလည်းဈေးကွက်မှာပေါသလိုအရောင်တွေကကြာလာရင်လည်းဖျော့သွားတာတို့အရောင်လွင့်သွားတာတို့ဖြစ်တတ်ပါတယ်။ဘယ်လိုထိန်းသိမ်းရမယ်၊ကြာရှည်ခံအောင်ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။

ဒီနေရာမှာ Accessories ပစ္စည်းလေးကိုသိမ်းတဲ့အခါတစ်ခုနဲ့တစ်ခုမငြိစေအောင်၊ဖုန်မတက်အောင်လည်းစနစ်တကျထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်နော်။Jewerly Box လေးထဲကိုထည့်ပြီးသိမ်းနိုင်ရင်တော့ပိုကောင်းတာပေါ့။ကိုယ့်မှာရှိ 925 Streling Sliver တွေကအချိန်အကြာကြီးဝတ်ထားတာတို့၊ရေတွေနဲ့ခဏခဏထိတွေ့နေရင်တော့အမည်းအကွက်တွေထလာနိုင်ပါတယ်။Sliver Polishing ကိုအဝတ်အစလေးနဲ့သန့်စင်ပြီးလေလုံတဲ့အိတ်လေးထဲမှာထည့်ထားလိုက်ရင်မဖြစ်တော့ဘူးနော်။

နောက်တစ်ခုကအဆင်တန်ဆာ နားကပ်တွေကို Alcohol Pad လေးတွေနဲ့သန့်စင်ပေးို့ကလည်းအရေးကြီးတယ်နော်။နားကပ်ဆိုတာကကိုယ့်ရဲ့အတွင်းပိုင်းအရေပြားတွေနဲ့တိုက်ရိုက်ဆက်ဆပ်နေတဲ့အတွက်ကြောင့်ကိုယ်ရဲ့နားကပ်တွေကိုပုံမှန်လေးသန့်စင်ပေးဖို့လည်းမမေ့ကြနဲ့နော်။ကိုယ့်ရဲ့  Accessories ကိုအပတ်တိုင်းသန့်စင်ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့နော်။ဆပ်ပြာရည်အပျော့အစားလေးကိုရေနွေးလေးကိုသွားပတ်တံအဟောင်းလေးတွေနဲ့တိုက်ပေးရင်လည်းအဆင်ပြေပါတယ်။ပြီးရင်တော့ခြောက်နေတဲ့အဝတ်အစတွေနဲ့ပြန်သုပ်ပေးဖို့မမေ့နဲ့နော်။အခုပြောပြတဲ့နည်းလမ်းလေးတွေနဲ့ အားလုံးလည်းကိုယ့်ရဲ့ Accessories လေးကိုဘယ်လိုထိန်းသိမ်းလို့ရလဲဆိုတာသိသွားပြီးဆိုတော့ မြန်မြန်လေးသန့်ရှင်းရေးလုပ်လိုက်တော့နော်။

Kelly (Akhayar Lifestyle)

Photo Credit-Pinterest