မှော်ဆန်တဲ့ ငှက်ပျောခွံရဲ့ အာနိသင်ကို အကျိုးရှိအောင် စွယ်စုံ ဒီလိုသုံးကြမယ်

မှော်ဆန်တဲ့ ငှက်ပျောခွံရဲ့ အာနိသင်ကို အကျိုးရှိအောင် စွယ်စုံ ဒီလိုသုံးကြမယ်

ငှက်ပျောသီးသီးစားရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အမျာကြီးရမှန်းသိလို့ လူတော်တော်များများက ငှက်ပျောသီးကို နှစ်နှစ်ခြိုက်ခြိုက်စားကြပါတယ်။ စားပြီးရင်တော့ အခွံကို ဒီတိုင်းပဲ လွှင့်ပစ်လိုက်ကြပါတယ်။ အမှန်ကတော့ အခွံက အထဲက အသားထက်တောင် ပိုအသုံးဝင်တယ်လို့ ပြောမယ်ဆို ပြောလို့တောင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ငှက်ပျောသီးအခွံမှာ Antioxidant တွေ ကြွယ်ကြွယ်ဝဝ ပါဝင်ပြီး B12 ၊ B6 ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေလည်း ပါဝင်တဲ့အတွက်ကြောင့်ပါ။ ဒါ့အပြင် ငှက်ပျောသီးထဲမှာ ကာဗိုဟိုက်ဒရိတ်နဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို မြှင့်လာအောင် ကူညီပေးပါတယ်။ သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း( Hypoglycemia) ရှိတဲ့သူတွေအနေနဲ့ ငှက်ပျောသီးခွံ အနည်းငယ် စားပေးလို့ ရပါတယ်။

ဒါအပြင် ငှက်ပျောသီးခွံကို သွားကျန်းမာရေးအတွက်လည်း သုံးပေးလို့ရသလို၊ ဝက်ခြံတွေ သက်သာပောျက်ကင်းပြီး လျော့နည်းအောင်နဲ့ အရေပြားပေါ်ရှိ ညိုမွဲနေတဲ့ အမာရွက်တွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ အိန္ဒိယတောင်ပိုင်းပြည်နယ်တွေမှာဆိုရင် ငှက်ပျောသီးအခွံကို နှပ်ထားတဲ့ အသားတွေနဲ့ ရောနှောကာ ချက်ပြုတ်ကြပါတယ်။

ထို့အပြင် ငှက်ပျောသီးခွံက နာကျင်ကိုက်ခဲမှုတွေကို သက်သာရာရရှိစေဖို့အတွက် အကောင်းဆုံးပါဝင်ပစ္စည်းတစ်ခုအနေနဲ့လည်း လုပ်ဆောင်ပေးပါသေးတယ်။ အဲဒါကြောင့်မို့ မိန်းကလေးတွေက ခေါင်းကိုက်တဲ့အခါ ငှက်ပျောသီးခွံကို နဖူးပေါ်မှာ တင်ထားကြတာ ဖြစ်ပါတယ်။ မိန်းကလေးတွေ ခေါင်းကိုက်ရောဂါခံစားရလို့ အလျင်အမြန်ပျောက်ချင်ရင် ငှက်ပျောသီးခွံကို နဖူးပေါ်မှာ တင်ထားကြည့်ပါ။

အမျိုးသမီးတစ်ဦး မျှျဝေထားတာက သူမခေါင်းတစ်ခြမ်းကိုက်ပြီး နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်နေတဲ့အခါမှာ ငှက်ပျောသီးခွံကို ဦးခေါင်းပေါ်က အမှတ်တမဲ့ တင်ထားလိုက်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အချိန်တုန်းက တကယ်ကို ဆိုးရွားတဲ့အချိန် ဖြစ်ခဲ့ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့လူတွေက သိတဲ့အတိုင်း ခေါင်းတခြမ်းကိုက်လာတာနဲ့အမျှ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတွေပါ တစ်ပါတည်း ဖြစ်လာပါတော့တယ်။

ခေါင်းတစ်ခြမ်းကိုက်တဲ့ လူတိုင်းဟာ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် လုံးဝမတူညီကြပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ၊ စိတ်ဖိစီးမှုခံစားရခြင်းတွေကြောင့်၊ နေပူထဲထွက်တာများတဲ့အတွက်ကြောင့်နဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်ကြတာ ဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တဲ့အတွက် ငှက်ပျောသီးခံွံကို အသုံးပြုလိုက်တဲ့ အမျိုးသမီးဟာ ခေါင်းတစ်ခြမ်းကိုက်တာ ပျောက်သွားရုံတင်မကဘဲ မယုံနိုင်စရာ အကျိုးအာနိသင်တွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။ ငှက်ပျောသီးကို စားပြီးတဲ့နောက်မှာ ငှက်ပျောသီးအခွံကို အညီအမျှ နှစ်ပိုင်းပိုင်းပြီး နဖူးပေါ်မှာ တင်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ငှက်ပျောသီးခွံမှာပါဝင်တဲ့ Potassium တွေ ဦးရေပြားထဲ စိမ့်ဝင်သွားအောင် လက်နဲ့ နဖူးကို ငါးမိနစ် ဆယ်မိနစ်လောက် ညင်ညင်သာသာလေး နှိပ်ပေးပါ။ အဲဒီလို နှိပ်ပေးလိုက်တဲ့အခါမှာ အလျင်အမြန် ပျောက်ကင်းသွားတာကို တွေ့ရပါတယ်။

ငှက်ပျောသီးခွံရဲ့ တခြားအသုံးဝင်ပုံတွေကတော့……..

(၁) အသားအရေပေါင်းတင်တဲ့ Mask အဖြစ် အသုံးပြုခြင်း
ငှက်ပျောသီးခွံမှာ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့  Antioxidants တွေ ပေါပေါများများ ပါဝင်ပါတယ်။ ဒါကြောင့် မျက်နှာကို သေချာသန့်စင်ပြီး ငှက်ပျောသီးခွံကို မျက်နှာပေါ်မှာတင်ပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားကာ ရေအေးနဲ့ ဆေးချလိုက်ပါ။ ငှက်ပျောသီးအခွံပေါ်ကို အသားတွေကို အကုန်လုံးခြစ်ထုတ်ပြီး အခွံကို လီမွန်အရည်၊ ပျားရည်နဲ့ ရောကာ မျက်နှာကို ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်ကြာကြာထားပြီးတဲ့အခါ ရေအေးအေးနဲ့ ဆေးချပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်မှာ သုံးကြိမ်လောက် ပြုလုပ်ပေးရင် မျက်နှာနေလောင်နေတာတွေနဲ့ ညိုမည်းနေတာတွေ ပျောက်ပြီး ဖြူစင်ဝင်းပတဲ့ အသားအရေကို ပြန်လည် ရရှိလာပါလိမ့်မယ်။

(၂) အသားမာတွေကို ဖယ်ထုတ်နိုင်ခြင်း
အသားမာတွေ ဖြစ်နေလို့ စိတ်ညစ်နေပါသလား။ စိတ်မပူပါနဲ့။ ငှက်ပျောသီးအခွံကို အပိုင်းသေးသေးလေးတွေရအောင် လှီးပြီး အသားမာတွေအပေါ် အုပ်ပေးပါ။ တစ်ရက်မှမပျက်ဘဲ ပုံမှန်လေးလုပ်ပေးရင် မီးနဲ့ တို့ပြီး ဖယ်ထုတ်စရာမလိုဘဲ တစ်ပတ်အတွင်းမှာ သက်သာပျောက်ကင်းသွားပါတယ်။

(၃) အင်းဆက်ကိုက်ခြင်းကြောင့် နာကျင်မှုတွေ သက်သာစေခြင်း
မတော်တဆ ခြင်ကိုက်တာတွေနဲ့ အင်းဆက်တွေကိုက်တာ ခံရရင် ကိုက်ခံရတဲ့ နေရာအပေါ်ကို ငှက်ပျောသီးခွံ အပိုင်းအစလေးတွေနဲ့ မိနစ်အနည်းငယ်လေး အုပ်ပေးပါ။ ယားခြင်းနဲ့ နာကျင်ခြင်းတွေ ခဏလေးအတွင်းမှာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ ကြောင်ကုတ်ခံရတဲ့အခါမှာလည်း ဒီနည်းအတိုင်း ပြုလုပ်ပေးလို့ရပါတယ်။

(၄) သွားဖြူအောင်လုပ်နိုင်ခြင်း
သွားဖြူဖို့အတွက်ဆိုရင် ငှက်ပျောသီးခွံရဲ့ အတွင်းသားနဲ့ သွားတိုက်သလိုမျိုး သုံးမိနစ်လောက် တိုက်ပေးပါ။ တစ်ပတ်လောက်ကြာလာတဲ့အခါ အစွန်းအထင်းတွေနဲ့ သွားချေးတွေ ကွာကျသွားပြီး ဖြူဖွေးလာကာ ခိုင်ခံလာပါလိမ့််မယ်။

(၅) ပွန်းပဲ့ဒဏ်ရာတွေကို သက်သာစေခြင်း
ငှက်ပျောသီးအခွံကို အရေးပြားရဲ့ ပွန်းပဲ့ဒဏ်ရာတွေအပေါ် တင်ပြီး ပွတ်ပေးရင် ငှက်ပျောခွံမှာ ပါဝင်တဲ့ မှော်ဆန်တဲ့ အာဟာရဓာတ်ကြောင့် လျင်လျင်မြန်မြန် ပျောက်ကင်းတဲ့ အကျိုးရလဒ်ကို ရရှိလာပါလိမ့်မယ်။

(၆) အသားပပ်ခြင်းကြောင့်ဖြစ်တဲ့ အရေးပြားကွဲအက်ခြင်းတွေ ကုသနိုင်ခြင်း
အသားပပ်နေလို့ အရေပြားတွေ ကွဲအက်နေလို့ စိတ်ညစ်နေရင် အခုချိန်ကစပြီး စိတ်ညစ်စရာတွေ လွင့်စင်သွားပြီးလို့ မှတ်ပါ။ ကွဲအက်နေတဲ့ အရေပြားတွေဖြစ်တဲ့ လက်နဲ့ ခြေထောက်ကို ရေနွေးနဲ့ သေချာဆေးကြောပြီး ငှက်ပျောသီးအခွံနဲ့ အကြိမ်အရေအတွက် များများ ပွတ်တိုက်ပေးပါ။ အရေပြားကွဲတာ ကြီးရင် ကွဲတဲ့နေရာအပေါ် တိုက်ရိုက်တင်ပြီး အကြိမ်အရေအတွက်များများ ပွတ်တိုက်ပေးရင် ရက်အနည်းငယ်ကြာရင် သက်သာပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မည်။

စားပြီးရင် ငှက်ပျောခွံကို မလွှင့်ပစ်တော့ဘဲ အခုအချိန်ကစပြီး ဒီလိုလေးတွေ အကျိုးရှိအောင် စွယ်စုံသုံးကြည့်လိုက်ကြပါတော့နော်။

H.H(Akhayar)