အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကြည့်သင့်တဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတွေရဲ့ အက်ရှင်ဇာတ်ကားများ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကြည့်သင့်တဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတွေရဲ့ အက်ရှင်ဇာတ်ကားများ

ဒီနေ့ ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့ဟာ နှစ်စဉ်ကျင်းပနေကြ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ကျင်းပကြပြီး တချို့နေရာတွေမှာ အမျိုးသမီးဖြစ်မှုအတွက် အသိအမှတ်ပြုဆင်နွှဲကြသလို တချို့နေရာမှာတော့ ဆွေးနွေးပွဲတွေ ၊ စကားဝိုင်းတွေ ပြုလုပ်တတ်ကြပါတယ်။

ကျွန်တော်တို့ အခရာအနေနဲ့လည်း အမျိုးသမီးတွေဟာ အမြဲတမ်းအားနွဲ့သူပါ မောင်မဟုတ်ကြောင်းကို ဖော်ပြထားတဲ့၊ နာမည်ကျော်အမျိုးသမီး သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားတချို့ကို ဖော်ပြပေးချင်ပါတယ်။ ကြည့်ဖူးပြီးသားဇာတ်ကားတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေရဲ့ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်ခန်းတွေကို ကြည့်ချင်တယ်ဆိုရင် ဒီမှာ ကြည့်နိုင်ပါတယ်ဗျာ။

၁။ Wonder Woman (2017)
မမ Gal Gadot ရဲ့ ‘Wonder Woman’ ကတော့ မပါမဖြစ်ပါပဲ။ ဒါရိုက်တာ Patty Jenkins ရိုက်ကူးတင်ဆက်ခဲ့တဲ့ ‘Wonder Woman’ ဟာ Superhero ဇာတ်ကားတွေထဲမှာမှ အမျိုးသမီးတစ်ယောက်ရဲ့ အခန်းကဏ္ဍကို အသားပေးပြီး၊ Stereotypes တွေကို ဖီဆန်တဲ့ အသွင်လည်း ပေါ်ပါတယ်။ ဒါ့အပြင် Box Office မှာလည်း ဝင်ငွေကောင်းတဲ့အတွက် အမျိုးသမီးများနေ့မှာ ဒီဇာတ်ကားကိုတော့ အမှတ်တရကြည့်ချင်လာမှာ ဖြစ်ပါတယ်။

၂။ Lara Croft: Tomb Raider (2001)
အမျိုးသမီးတစ်ယောက်ရဲ့ ရဲရဲရင့်ရင့်ဇာတ်ရုပ်နဲ့ လှပတဲ ကောက်ကြောင်းကို ပိုင်ဆိုင်ထားတဲ့ Lara Croft ကိုတော့ အက်ရှင်ကားကောင်း ကြိုက်သူတွေ မေ့နေမှာ မဟုတ်လောက်ပါဘူး။ ဒီအချိန်ဟာ ခပ်မိမိမိုက်မိုက် Lara Croft ကို ပြန်ကြည့်ဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။

၃။ The Hunger Games (2012)
Jennifer Lawrence ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေနဲ့ အတူ သန်မာတဲ့ အမျိုးသမီးဇာတ်ရုပ်ကို ထည့်သွင်းရိုက်ကူးနိုင်ခဲ့တဲ့ ‘The Hunger Games’ ကို အချိန်များ ရရင်ဖြင့် တစ်ခေါက်လောက် ပြန်ကြည့်သင့်ပါတယ်။

၄။ G.I Jane (1997)
Demi Moore ကို အမြဲတမ်း ညှို့ဓာတ်ပြင်းပြင်းအနေအထားနဲ့ပဲ တွေ့ဖူးတယ်ဆိုရင် G.I Jane လို ဇာတ်ကားဟောင်းကို ပြန်ရှာကြည့်သင့်ပါတယ်။ U.S Navy Special Warfare Group ရဲ့ လေ့ကျင့်ရေးမှာ ရုန်းကန်မာန်တင်းတဲ့ ဇာတ်ကောင်ကို Demi Moore ရဲ့ သရုပ်ဆောင်မှုနဲ့အတူ တွေ့ရမှာလည်း ဖြစ်ပါတယ်။

၅။ The Heat (2013)
The Heat ကို ဘာကြောင့် ကြည့်သင့်လဲဆိုရင် Sandra Bullock နဲ့ Melissa McCarthy တို့ရဲ့ အပေးအယူမျှတဲ့ သရုပ်ဆောင်မှုမျိုးကြောင့် ကြည့်သင့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘတ်ဂျတ် ဒေါ်လာ ၄၃ သန်းသုံးခဲ့ပြီး Box Office မှာ ဒေါ်လာ ၂၂၉.၉ သန်းပြန်ရခဲ့တဲ့အတွက် ဝင်ငွေလည်း ကောင်းခဲ့တယ်ဆိုရပါမယ်။ Sandra Bullock ရဲ့ ပရိသတ်မှန်ရင်တော့ အခုပဲ ဒီဇာတ်ကားလေးကို ရှာကြည့်သင့်ပါပြီ။

၆။ Charlie’s Angles (2000)
ဒါကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကား ဖြစ်ပြီး Lucy Liu ၊ Drew Barrymore နဲ့ Cameron Diaz တို့ရဲ့ ဟာသနဲ့ အက်ရှင်ရောစပ်တဲ့ သရုပ်ဆောင်မှုတွေကို ချာလီရဲ့ နတ်မိမယ်များမှာ တဝကြီး တွေ့ရမှာ ဖြစ်ပါတယ်။ Box Office မှာလည်း ဝင်ငွေကောင်းပြီး သောကြာညမှာ စိတ်အပန်းပြေဖို့ဆိုရင် ဒီဇာတ်ကားလေးလည်း ရွေးချယ်သင့်ပါတယ်။

၇။ Crouching Tiger, Hidden Dragon (2000)
ကဲ! ဒီတစ်ခါတော့ အာရှဘက် လှည့်ပါရစေဦး။ Zhang Ziyi နဲ့ Michelle Yeoh တို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဒီဇာတ်ကားဟာ ရွှေကမ္ဘာလုံးဆု ၂ ဆုရခဲ့သလို သိုင်းရုပ်ရှင်တွေမှာ အကြီးကျယ်ဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်တွေထဲက တစ်ကားအဖြစ်သတ်မှတ်ခံထားရတာမို့ Zhang Ziyi ရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ကြပါစို့။

၈။ Kill Bill (2003)
ဒီလို ဇာတ်လမ်းအမျိုးအစားထဲမှာတော့ Kill Bill ကို မပါမဖြစ်ထည့်သွင်းရမယ့်လို့ ထင်ပါတယ်။ Uma Thurman (မြန်မာဇာတ်ကားပိုစတာက လေသံနဲ့ဆိုရင်တော့) အထူးသရုပ်ဆောင်ထားပြီး Lucy Liu ၊ Michael Madsen ၊ Daryl Hannah နဲ့ Vivica A.Fox တို့နဲ့ အသေအကြေတိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၉။ Resident Evil (2002)
Mila Jovovich က Alice အနေနဲ့ Michelle Rodriguez ကတော့ Rain Ocampo အနေနဲ့ သရုပ်ဆောင်တဲ့ Resident Evil ဇာတ်ကားတွေကနေပြီး Mila Jovovich ရဲ့အမာခံပရိသတ်ဖြစ်ခဲ့တော့တာပါပဲ။ ဒါကြောင့် အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းကောင်းကောင်းကြည့်ချင်ပြီဆိုရင်တော့ Resident Evil တွေကို ပြန်ကြည့်ပါလို့ပဲ ညွှန်းပါရစေတော့။

၁၀။ Edge of Tomorrow (2014)
Sci-fi ဇာတ်ကား ကြိုက်တဲ့သူတွေအတွက် ဒီဇာတ်ကားကို ကြည့်ပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာ အမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Tom Cruise နဲ့ အတူ တန်းတူ သရုပ်ဆောင်ခဲ့တာက မင်းသမီး Emily Blunt ပါပဲ။ ဒီဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်ရေးဆရာတွေဆီကနေ ချီးကျူးမှုတွေရခဲ့သလို Box Office မှာလည်း ဝင်ငွေကောင်းခဲ့ပါတယ်။

ဒါကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေရဲ့ သရုပ်ဆောင်မှု၊ စတန့်နဲ့ တိုက်ရည်ခိုက်ရည်အစွမ်းတွေကို အသိအမှတ်ပြုဖို့ ဒီဇာတ်ကားလေးတွေ တစ်ခေါက်ပြန်ရှာကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

Yoe Lu (Akhayar)

Source : https://www.marieclaire.com/

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle