WeSave! Charity Play မှာ TNC Dota2 အသင်းဘက် ဝင်‌‌ရောက် ကစားပေးခဲ့တဲ့ TI ချန်ပီယံ Ana

WeSave! Charity Play မှာ TNC Dota2 အသင်းဘက် ဝင်‌‌ရောက် ကစားပေးခဲ့တဲ့ TI ချန်ပီယံ Ana

TI နှစ်ထပ်ကွမ်း ချန်ပီယံ Anathan “ana” Pham အနေနဲ့ 2019-2020 DPC ရာသီ ကုန်ဆုံးသွားတဲ့ အချိန်ထိ အနားယူသွားမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပေမယ့်လည်း WeSave! Charity Play ပြိုင်ပွဲမှာတော့ TNC Dota2 အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးခဲ့ပါတယ်။

ANA

TNC Dota2 အသင်း အနေနဲ့ COIVD-19 ကပ်ဘေးသင့် ဒေသတွေကို လှူဒါန်းသွားမယ့် WeSave! Charity Play SEA Region ပရဟိတ Dota 2 ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားဖို့ စာရင်းပေးခဲ့ပေမယ့်လည်း အသင်းရဲ့ Carry ကစားသမားဖြစ်သူ Gabbi အနေနဲ့ ဝင်ရောက် ကစားပေးနိုင်ခြင်း မရှိတာကြောင့် Ana အနေနဲ့ အခုလို TNC Dota2 အသင်းဘက်က ဝင်ရောက် ကစားပေးခဲ့ရတာ ဖြစ်ပါတယ်။

Gabbi

Ana ပါဝင်လာခဲ့တဲ့ TNC Dota2 အသင်း အနေနဲ့ WeSave! Charity Play SEA Region ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဥ်မှာ ဖိလစ်ပိုင် အခြေစိုက် Dota2 အသင်းတစ်သင်းဖြစ်တဲ့ Adroit Dota2 အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ Adroit Dota2 အသင်းနဲ့ TNC Dota2 အသင်းတို့ရဲ့ ပွဲစဥ်ဟာ မထင်မှတ်ဘဲ အကြိတ်အနယ်ဖြစ်သွားခဲ့ပြီး တကယ်ကို ကြည့်လို့ကောင်းတဲ့ ပွဲစဥ်တစ်ခု ဖြစ်ခဲ့ပါတယ်။

TNC Dota2 အသင်းနဲ့ Adroit Dota2 အသင်းတို့ ယှဥ်ပြိုင်ခဲ့တဲ့ ပထမပွဲစဥ်မှာ Ana တစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သလို TNC Dota2 အသင်း အနေနဲ့လည်း Adroit ကို အလွယ်တကူပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။

ANA

ပထမပွဲစဥ်ကို ရှုံးနိမ့်ခဲ့ရတာကြောင့် Adroit Dota2 အသင်း အနေနဲ့ ဒုတိယမြောက် ပွဲစဥ်မှာ အမှားအယွင်း အတိမ်းအစောင်းမရှိ ကစားသွားခဲ့ပြီး ပွဲချိန် (၃၂) မိနစ်ခန့်မှာ TNC Doa2 အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ တတိယမြောက် ပွဲစဥ်မှာတော့ နှစ်သင်းလုံး ပြိုင်ပွဲကနေ ထွက်ခွာရခြင်း မရှိစေဖို့ အစွမ်းကုန် ကြိုးစား ယှဥ်ပြိုင်ခဲ့ကြပြီး ပွဲချိန် (၆၃) မိနစ်မှာ Adroit Dota2 အသင်း အနေနဲ့ TNC Dota2 အသင်းကို အနိုင်ရယူနိုင်ခဲ့ပါတယ်။

ADROIT

TNC Dota2 အသင်း အနေနဲ့ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့်လည်း အစားထိုး ကစားသမားဖြစ်သူ Ana ကတော့ ပွဲစဥ် သုံးပွဲလုံးမှာ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့သလို TI နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ယောက်ရဲ့ အရည်အချင်းကောင်းတွေ ဆက်လက် ရှိနေသေးကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle