Esports လောကကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်တဲ့ Adroit Esports

Esports လောကကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်တဲ့ Adroit Esports

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ငွေရေးကြေးရေး အပိုင်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း Adroit Esports ကတော့ တစ်ခန်းရပ်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Adroit Esports ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလကမှ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း SEA Dota2 လောကမှာ အချိန်တို အတွင်း နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့သလို 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ESL One LA Major ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Ex-Adroit Rosters

ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းပြိုင်ပွဲများ အဖြစ် ပြောင်းလဲကျင်းပတဲ့ အချိန်မှာလည်း Adroit Esports အနေနဲ့ ဆက်လက် ပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့သလို SEA Dota2 ပြိုင်ပွဲတွေ အတွက် ဆုကြေးငွေ ပေးအပ်မှုဟာ အခြားသော EU/ CIS ပြိုင်ပွဲတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အတော်လေး နည်းပါးတာကြောင့် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ အခုလို ဖျက်သိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Adroit Esports အနေနဲ့ အဖွဲ့အစည်း ကိုယ်စားပြု Dota2 အသင်း အပြင် VALORANT အသင်းကိုပါ ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို Adroit Esports ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရခြင်းနဲ့ ပက်သက်ပြီး အဖွဲ့အစည်းဘက်ကတော့ အောက်ပါအတိုင်း ကြေညာသွားခဲ့ပါတယ်။

“Adroit Esports ရဲ့ လုပ်ငန်းဆောင်တာများ အားလုံးကို ရပ်နားသွားမှာဖြစ်ကြောင်း စိတ်မကောင်းခြင်း များစွာနဲ့ ကြေညာလိုက်ရပါတယ်။ ကျွန်တော်တို့တွေ Adroit Esports ကို အဖွဲ့အစည်း အငယ်စား အဖြစ် စတင် တည်ထောင်ခဲ့တာ ဖြစ်ပေမယ့်လည်း နောင်တစ်ချိန်မှာ အောင်မြင်တဲ့ Esports အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ မျှော်မှန်းခဲ့ကြပါတယ်။

Adroit Esports ကို တည်ထောင်ပြီး အချိန်ခဏလေး အတွင်းမှာ အောင်မြင်တဲ့ Dota2 အသင်း တစ်သင်းကို ဖွဲ့စည်းနိုင်ခဲ့သလို VALORANT နယ်ပယ်ကိုပါ ထပ်မံ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ဆက်လက် ရပ်တည်ဖို့ ဖြစ်နိုင်ခြင်း မရှိတော့တာကြောင့် အခုလို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ Adroit Esports အတွက် အနစ်နာခံ ကြိုးစားပေးခဲ့ကြတဲ့ မိသားစုဝင်တွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။”

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပျက်သုန်းသွားတဲ့ Dota2 အသင်းများ အဖြစ် Geek Fam, Reality Rift, Chaos Esports, CR4ZY, Team Unique တို့ အပြင် Adroit Esports လည်း ပါဝင်လာခဲ့ပြီ ဖြစ်တာကြောင့် တကယ်လို့ Valve ဘက်ကတော့ DPC ရာသီ ပြန်လည် စတင်မယ့် နေ့ရက်၊ ဆုကြေးငွေ ဖောဖောသီသီ ပေးအပ်သွားမယ့် ပြိုင်ပွဲတွေ ကျင်းပမယ့် နေ့ရက်ကို မကြာခင် အချိန်အတွင်း အတိအကျ ကြေညာခြင်း မရှိခဲ့ဘူးဆိုရင် နောက်ထပ် Dota2 အသင်းတွေ ပျက်သုန်းခြင်းကို ထပ်မံ မြင်တွေ့သွားရဖွယ် ရှိပါတယ်။

ဖျက်သိမ်းသွားတဲ့ Adroit Esports Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Tino – Pos 1
  • Mac – Pos 2
  • Nikko – Pos 3
  • Boombacs – Pos 4
  • Cml – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle