တစ်သက်မှာတစ်ခါတော့ လုပ်ဖူးသင့်တဲ့ ခရီးထွက်ခြင်း (၉) မျိုး

တစ်သက်မှာတစ်ခါတော့ လုပ်ဖူးသင့်တဲ့ ခရီးထွက်ခြင်း (၉) မျိုး

မိုးတွင်းက ခရီးသွားလို့ ကောင်းတဲ့ရာသီတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခရီးသွားရာသီကို ရှောင်ပြီး အေးအေးဆေးဆေးခရီးထွက်ချင်တယ်ဆိုရင်တော့ အောက်မှာ ပြောပြပေးထားတဲ့ အမျိုးအစားတွေထဲက ကိုယ်နဲ့ အဆင်ပြေမယ့်ဟာကို ရွေးပြီး ပျော်ရွှင်မှုကို ရှာဖွေလိုက်ရအောင်ပါ။

တစ်ကိုယ်တော်ရွက်လွှင့်ခြင်း
တစ်ကိုယ်တော်ခရီးထွက်မယ်ဆိုရင်တော့ ဘာတွေဘယ်လိုလုပ်မယ်ဆိုတဲ့ Plan တွေကို ဘယ်သူ့နဲ့မှ တိုင်ပင်စရာမလိုပါဘူး။ တခြားခရီးထွက်တာတွေနဲ့မတူတဲ့ အားသာချက်ကြီးတစ်ခုကတော့ ကိုယ်အလိုရှိတဲ့နေရာကို လွတ်လွတ်လပ်လပ်သွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာတစ်ယောက်တည်း ခရီးမထွက်ဖူးဘူးဆိုရင်တော့ ပထမဆုံးအတွေ့အကြုံရရှိစေဖို့ တစ်ခေါက်လောက် ကြိုးစားကြည့်သင့်ပါတယ်။

မိသားစုနဲ့ ခရီးထွက်ခြင်း
ကိုယ့်စိတ်ကြိုက်လုပ်ချင်တိုင်း လုပ်လို့မရတဲ့ ခရီးစဉ်တစ်ခုလို့ပြောရင် မှားမယ်မထင်ပါဘူး။ သေချာတာကတော့ ပျင်းနေရမှာမဟုတ်ပါဘူး။ မောင်နှမတွေနဲ့ ရန်တွေဖြစ်ရင်း နောင်တစ်ချိန်မှာ ပြန်ပြောလို့ရတဲ့ အမှတ်တရတွေဖြစ်လာဦးမှာပါ။ တစ်သက်မှာတစ်ခါတော့ လုပ်ဖူးသင့်တဲ့အရာထဲမှာ မိသားစုနဲ့ခရီးထွက်ဖို့ကလည်း တစ်ခုအပါအဝင်ပါပဲ။

Group Tour
ကျောင်းကစီစဉ်တဲ့ လေ့လာရေးခရီးတွေရှိရင် မဖြစ်မနေ လိုက်သွားသင့်ပါတယ်။ ဒီလိုမျိုး အုပ်စုလိုက် ခရီးထွက်တာက Team Work ရှိဖို့ လေ့ကျင့်ပြီးသား ဖြစ်တာနဲ့ အတူတူပါပဲ။ ဒီလိုခရီးက မိသားစုနဲ့အတူ ခရီးထွက်သလို သက်သောင့်သက်သာရှိမှာမဟုတ်ပါဘူး။ ဒီခရီးကိုဦးဆောင်စီစဉ်သူရဲ့ စီမံမှုအောက်မှာ အဆင်ပြေအောင်နေရမှာဆိုတော့ ကိုယ့်အတွက်အများနဲ့ လိုက်ညှိပြီး ဘယ်လိုနေရမလဲဆိုတာကို သင်ယူပြီးသား ဖြစ်သွားပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ခြင်း
သူငယ်ချင်းတွေကြား ခင်မင်မှုတွေ ပိုခိုင်မြဲချင်တယ်ဆိုရင် အတူခရီးထွက်သင့်ပါတယ်။ ဒါပေမယ့် တစ်နှစ်တန်သည် နှစ်နှစ်တန်ထိသည်အထိ သွားမယ်၊ သွားမယ်နဲ့ Plan တွေဆွဲပြီး အပြောနဲ့ပဲ ခဏခဏခရီးသွားနေရတာ ဒီသူငယ်ချင်းတွေနဲ့ပဲ မဟုတ်လား။ အပြောနဲ့ပဲ သွားနေတာကို ရပ်ပြီး အကောင်အထည်ပေါ်အောင် လုပ်သင့်နေပါပြီနော်။ ဘာကြည့်နေတာလဲ ခုပဲစပြီး ပြင်ဆင်လိုက်တော့လေ။

Package Trip
မြန်မာနိုင်ငံမှာ အဓိကအလုပ်ဖြစ်နေတဲ့ ခရီးစဉ်တွေက Package ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ပုဒ်ပြတ်သတ်မှတ်ထားတဲ့ ငွေကြေးပမာဏကို ပေးလိုက်ပြီဆိုရင်ပဲ တခြားခေါင်းရှုပ်စရာကိစ္စတွေ မရှိတာက အားသာချက်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ ကိုယ်မသိတဲ့တခြားလူတွေပါ ပါတဲ့အတွက်ကြောင့် ဒီလိုခရီးစဉ်က ကိုယ့်စိတ်ကြိုက် လုပ်ချင်တိုင်း လုပ်လို့ရမှာမဟုတ်ပါဘူး။ မထင်မှတ်ထားတဲ့ကိစ္စတွေ၊ ပြဿနာတွေကလည်း ပေါ်လာတတ်ပါတယ်။ ဒီအချက်တွေကို ထည့်စဉ်းစားပြီးမှသာ ဒီခရီးစဉ်ကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်လူတွေအများကြီးစုသွားမယ်ဆိုရင်တော့ ဒီလိုခရီးစဉ်မျိုးကို ရွေးချယ်သင့်ပါတယ်။

Weekend Break
ခရီးရှည်ထွက်ဖို့ကလည်း အဆင်မပြေလို့ ရုံးပိတ်ရက်တွေမှာ တစ်ရက်ကျော်လောက်ပဲ ကြာတဲ့ အနားယူမှုမျိုးကို ရန်ကုန်လို မြို့ပြလူတွေက ရွေးချယ်လာကြပါပြီ။ အနားယူလို့ကောင်းမယ့်နေရာမျိုး၊ ကိုယ့်နဲ့ သိပ်အလှမ်းမဝေးတဲ့နေရာတစ်ခုမှာ တစ်ရက်လောက်ပဲ အချိန်ပေးရတဲ့ Staycation မျိုးက ရုံးဝန်ထမ်းတွေအတွက် အဆင်ပြေလွန်းပါတယ်။ ဒီလိုမျိုး Staycation အတွက် Promotion တွေကို အခုနောက်ပိုင်း ဟိုတယ်တော်တော်များများမှာ လုပ်လာကြပါပြီ။

နေရာအသစ်မှာ လပိုင်းကြာအောင် နေခြင်း
အသစ်တစ်ဖန်မွေးဖွားချင်တယ်ဆိုရင်တော့ ဒီလိုခရီးမျိုးက အကူအညီပေးပါလိမ့်မယ်။ နေရာအသစ်မှာ ကိုယ်မလုပ်ဖူးတာတွေလုပ်ရင်း အတွေ့အကြုံသစ်တွေကို ခံစားရမယ့် အရသာက စိတ်သစ်၊ လူသစ်၊ အတွေးသစ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုလုပ်ဖို့တွေးထားတယ်ဆိုရင်တော့ ပိုက်ဆံစုထားဖို့လည်း မမေ့သင့်ပါဘူးနော်။

ရထား ဒါမှမဟုတ် သင်္ဘောနဲ့ ခရီးသွားခြင်း
ရထားတို့ သင်္ဘောတို့ဆိုတာ ရွေးချယ်မှုနည်းတဲ့ ခရီးသွားလမ်းကြောင်းတစ်ခုပါ။ ရထားရဲ့ စရိတ်စကကတော့ အဝေးပြေးကားတွေနဲ့ မတိမ်းမယိမ်းရှိပေမယ့် သင်္ဘောနဲ့ဆိုရင်တော့ ဈေးနည်းနည်းကြီးပါလိမ့်မယ်။ မြစ်ကိုဖြတ်တိုက်လာတဲ့ လေကိုရှူချင်ရှူ ဒါမှမဟုတ် စပါးကွင်းတွေ စိုက်ခင်းတွေဆီကလာတဲ့ လေကိုရှူရင်း သွားရတဲ့ ခရီးက အလုံပိတ်ကားကို စီးရင်း ခရီးသွားရတဲ့ အရသာနဲ့ တူကိုမတူပါဘူး။ တစ်သက်မှာ တစ်ခါလောက်တော့ ရထားတို့ သင်္ဘောတို့နဲ့ ခရီးသွားပြီး သဘာဝကြီးကို ခံစားကြည့်ပါ။

Backpacking
ဒီခရီးစဉ်ကတော့ ကြမ်းတမ်းပါတယ်။ ကျောပိုးအိတ်တစ်လုံးထဲမှာပဲ ခရီးသွားရင် လိုအပ်မယ့် ပစ္စည်းတွေ ထည့်ပြီး ဟိုဟိုဒီဒီ ဒိုးရမယ့်အလုပ်က လွယ်တော့မလွယ်ပါဘူး။ ဇိမ်ခံခရီးစဉ်တွေလိုမျိုးမဟုတ်ဘဲ Adventure တွေကို ထိပ်တိုက်တွေ့ပြီး ကိုယ့်မှာရှိသလောက်နဲ့ အဆင်ပြေအောင် ကြည့်စီစဉ်ရတဲ့ Backpacker တွေဟာ ချီးကျူးဖို့ကောင်းပါတယ်။ ဒီခရီးကိုသွားပြီးရင်တော့ သေချာတာက ဘာတွေပဲကြုံလာကြုံလာ အဆင်ပြေအောင် နေတတ်သွားပါလိမ့်မယ်။

ပရိသတ်ကြီးကိုယ်တိုင်ကရော ဘယ်လိုခရီးအမျိုးအစားကို ရွေးချယ်တတ်သူပါလဲ။

Photo Credit: freepik

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle