ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပိုမိုထိရောက်မြန်ဆန်ရန်နှင့် ဘဏ်ခွဲများတွင် လူစုမိနေခြင်းကို လျှော့ချနိုင်ရန် AGD ဘဏ်မှ ထူးခြားဆန်းသစ်သော “AGD GO” Application ကို စတင်မိတ်ဆက်

ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပိုမိုထိရောက်မြန်ဆန်ရန်နှင့် ဘဏ်ခွဲများတွင် လူစုမိနေခြင်းကို လျှော့ချနိုင်ရန် AGD ဘဏ်မှ ထူးခြားဆန်းသစ်သော “AGD GO” Application ကို စတင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အထင်ကရ ဘဏ်ကြီးများထဲမှ တစ်ခုဖြစ်သော AGD ဘဏ်သည် ယနေ့တွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူချောမွေ့စေမည့် တက်ဘလက်အခြေပြု ဘဏ်ဝန်ဆောင်မှုဖြစ်သည့် “AGD GO” Application သစ်ကို စတင်မိတ်ဆက် လိုက်ကြောင်း ကြေညာလိုက်သည်။ AGD ဘဏ်၏ ဝန်ဆောင်မှု (customer service) ဝန်ထမ်းများအား ထူးခြားဆန်းသစ်သည့် App အသစ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြင့် ဘဏ်ခွဲများအားလုံးရှိ ဝန်ဆောင်မှု လုပ်ငန်းစဉ်များကို ဒစ်ဂျစ်တယ်လ်အသွင်ပြောင်းလိုက်နိုင်ပြီး ယခင်ထက် များစွာ အဆင်ပြေလွယ်ကူသွားစေမည် ဖြစ်ပါတယ်။

AGD ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်မှ “ကျွန်တော်တို့ဟာ အမြဲတမ်း အကောင်းဆုံးသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကိုပဲ ပေးစွမ်းခဲ့တာ ဖြစ်သလို ကျွန်တော်တို့ရဲ့ “မြန်မာပြည်သူ ပြည်သားများအတွက် အကောင်းမွန်ဆုံး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပေးနိုင်ရန်” ဆိုတဲ့ ရပ်တည်ချက်နဲ့ အညီ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ Customer တွေအတွက် ပိုပြီး အဆင်ပြေ၊ချောမွေ့ လွယ်ကူသွားစေဖို့ ရိုးပေမဲ့ ဆန်းတဲ့ “AGD GO” App လေးကို မိတ်ဆက်ပေးနိုင်ခဲ့ပါပြီ။ ဒီ Application စပြီး အသက်ဝင်ချိန်ကနေစလို့ ဘဏ်တွေမှာ စာရွက်အသုံးပြုမှုတွေကို လျှော့ချသွားနိုင်မှာဖြစ်ပြီး လူတန်းအရှည်ကြီးကို စောင့်ဆိုင်းနေရတဲ့ ကိစ္စတွေ လျော့သွားမှာ ဖြစ်ပါတယ်။ ဒါဟာ COVID-19 ကာလအတွင်း အရေးအကြီးဆုံးဖြစ်တဲ့ ခပ်ခွာခွာနေခြင်းကို လက်တွေ့ ကျင့်သုံးရာလည်း ကျသလို အချင်းချင်း ထိတွေ့မှု အတတ်နိုင်ဆုံး နည်းအောင် နေရမယ်ဆိုတာကို လိုက်နာနိုင်ဖို့လည်း အလေးပေး စဉ်းစားထားတာဖြစ်ပါတယ်။” ဟု ဆိုသည်။

“AGD GO ဟာ Customer Service တွေအတွက် ပိုပြီး ကောင်းမွန်လာစေလိမ့်မယ်၊ အများကြီးပိုပြီး ထိရောက်မှု ရှိစေလိမ့်မယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ၇၇ ခုသော ဘဏ်ခွဲတွေကို လာရောက်ပြီး ဝန်ဆောင်မှု ရယူနေသူတွေအတွက် အချိန်ကုန်၊ လူပင်ပန်း သက်သာစေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။” ဟု ၎င်းက ဆိုသည်။

Application အသစ်သည် ဘဏ်လုပ်ငန်းအခြေခံအဆောက်အဦးများ၏ ရေရှည်တည်တံ့မှုကို မြင့်တက်စေပြီး ထိရောက်သော လုပ်ငန်းစဉ်များမှ ယခင်ကကဲ့သို့ Desktop ကွန်ပျူတာများကို အဓိက အားကိုးနေရခြင်းကြောင့် ဘဏ်ခွဲများတွင် လူစုမိခြင်းကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်မည်ဖြစ်သည်။ ငွေသားထည့်သွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ ငွေလက်ကျန် စစ်ဆေးခြင်း နှင့် အသေးစား ထုတ်ပြန်ချက်များ၊ အစီရင်ခံစာများကို ကြည့်ရှုခြင်းများ စသည့် ဝန်ဆောင်မှုများအားလုံးကို “AGD GO” မှတစ်ဆင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အဆိုပါ Application ကို မကြာတော့သော အနာဂတ်တွင် AGD ငွေစာရင်းများကြား ငွေလွှဲပြောင်းခြင်း၊ စာရင်းဖွင့်ခြင်း၊ ဘဏ်အချင်းချင်းငွေလွှဲခြင်း စသည်တို့တွင်လည်း အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။

ဘဏ်ခွဲတစ်ခုသို့ Customer တစ်ဦး ရောက်ရှိလျှင် ဝန်ထမ်းမှ “AGD GO” Application ကို အသုံးပြုပြီး ငွေလွှဲခြင်း (သို့) ရယူလိုသည့် ဝန်ဆောင်မှုများအတွက် လိုအပ်သည့် အချက်အလက်များကို ဖြည့်သွင်းမည်ဖြစ်သည်။ မကြာခင် အချိန်တွင် Customer ၏ မှတ်ပုံတင်ထားသော ဖုန်းထဲသို့ တစ်ခါသုံး Password (OTP) ဝင်ရောက်လာမည်ဖြစ်ပြီး လုံခြုံရေးစနစ်အရ ဝန်ထမ်းမှလည်း ၎င်း၏ လျှို့ဝှက်နံပါတ်ကို ပေးအပ်လိမ့်မည် ဖြစ်သည်။ ငွေလွှဲ၊ ငွေယူပြီးသည့်နောက် လက်ခံဖြတ်ပိုင်းကို Bluetooth Printer ဖြင့် ထုတ်ပေးမည်ဖြစ်သည်။ Customer သည် လက်ခံဖြတ်ပိုင်းကို ရရှိပြီးသည့်နောက် ရှည်လျားသော ပုံစံများကို ဖြည့်သွင်းစရာ မလိုအပ်ဘဲ ရိုးရှင်းပြီး အချိန်ကုန်သက်သာစေသည့် ဤလုပ်ငန်းစဉ်ဖြင့်သာ ငွေလွှဲခြင်း၊ ငွေယူခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။

A picture containing person, indoor, table, child

Description automatically generated

မြန်မာနိုင်ငံ၏ ထူးခြားဆန်းသစ်ပြီး အစဉ်မပြတ် တိုးတက်လျက်ရှိသော ဒစ်ဂျစ်တယ်လ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ၏ ထိပ်တန်းတွင်ရှိနေသည်ဟု လူသိများသော AGD ဘဏ်သည် ယနေ့ မြန်မာနိုင်ငံတွင်း ရင်ဆိုင်နေရသော အခြေခံ ငွေကြေးပြဿနာအများစုကို ဖြေရှင်းရန် မြန်မာနိုင်ငံတလွှားရှိ e-commerce နှင့်ဆက်စပ်နေသော ပလက်ဖောင်းများ၊ e-wallet ငွေကြေးဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ခြင်းအားဖြင့် AGD Pay နှင့် OnePay ဝန်ဆောင်မှုများကိုလည်း မြန်မာနိုင်ငံသို့ ယူဆောင်လာပေးခဲ့ပြီး ဖြစ်ပါတယ်။

“AGD GO” နှင့် အခြား ဝန်ဆောင်မှုများအကြောင်း သိရှိလိုပါက AGD ဘဏ်၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.agdbank.com/ သို့မဟုတ် တရားဝင် Facebook စာမျက်နှာ https://www.facebook.com/AGDBank/ တို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ