အသက်တွေကြီးသွားလည်းအမြဲနုပျိုနေစေဖို့ဒါတွေကိုလုပ်ပါ

အသက်တွေကြီးသွားလည်းအမြဲနုပျိုနေစေဖို့ဒါတွေကိုလုပ်ပါ

လူတိုင်းကတဖြည်းဖြည်းနဲ့ငယ်သွားတဲ့လူဆိုတာမရှိပါဘူးနော်။အသက်တွေကြီးလာပြီး ကိုယ်ရဲ့ငယ်ရွယ်မှုကလည်း အသက်အရွယ်အလိုက်ပြောင်းလဲတတ်ကြပါတယ်။ဒါပေမယ့်အသက်တွေကြီးသွားလည်းကိုယ့်ရဲ့ငယ်ရွယ်မှုကိုထိန်းထားချင်တယ်ဆိုရင်တော့ဒီအချက်တွေကိုပြုလုပ်ပေးပါနော်။
လေ့ကျင့်ခန်းလုပ်ပါ
အသက်ကြီးပိုင်းတော်တော်များများက လေ့ကျင့်ခန်းလုပ်ဖို့ဝန်လေးတတ်ကြပါတယ်။ဘာလို့လည်းဆိုရင်  သူတို့ရဲ့ခန္ဓာကိုယ်ကိုနာမှာကြောက်နေတာရယ်၊ လေ့ကျင့်ခန်းအပြင်းစားတွေလုပ်ဖို့တွေဝေနေတာမျိုးလည်းဖြစ်တတ်ပါတယ်။တကယ်တော့လေ့ကျင့်ခန်းအပြင်းစားတွေလျော့လုပ်သင့်ပါတယ်။ဒါမှလည်းကိုယ့်ရဲ့အရိုးအဆစ်တွေကအသက်တွေကြီးသွားလည်းသန်မာနေမှာဖြစ်ပါတယ်နော်။


အဆီတွေလျော့စားပါ
အဆီ၊အဆိတ်တွေကအသက်ကြီးပိုင်းလူတွေကအရမ်းကို ကြိုက်ကြပါတယ်။ဆီးချိုတွေဖြစ်နေတဲ့သူတွေမှ   အဆီ၊အဆိတ်တွေလျော့  စားကြပါတယ်။ ဒါတွေက အသက်ကြီးပိုင်းတွေအတွက်ဆိုလုံးဝရှောင်သင့်တဲ့ အရာတစ်ခုလို့တောင်ပြောလို့ရပါတယ်။ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေစားပေးသင့်ပါတယ်နော်။


စိတ်ကျန်းမာအောင်နေပါ
အသက်ကြီးပိုင်းတော်တော်များများက တွေးပူတွေနဲ့သူတို့ရဲ့ဘဝတွေကိုတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးတတ်ကြပါတယ်။သားသမီးအရေး၊လှုမှုရေး၊စီးပွါးရေး၊တွေနဲ့ အပူတွေများပြီးစိတ်သောကရောက်နေတတ်ကြပါတယ်။ဒီလိုမျိုးက စိတ်ကျန်းမာရေးကိုမကျန်းမာရေးကိုမကျန်းမာစေသလို ကိုယ်ခန္ဓာတဲ့အင်အားတွေကိုလည်းကုန်ခန်းစေပါတယ်။

Kelly - Akhayar Lifestyle

Photo  Credit  - Pinterest